Connect with us

Hi, what are you looking for?

ဗီဒီယို

ရန်ကုန်မြို့လယ်က လူငယ်များရဲ့စစ်အာဏာရှင်ဖြုတ်ချရေး

မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်ကောင်စီက မတရားသဖြင့် အာဏာသိမ်းပိုက်ထားသည်မှာ ယနေ့ ၁၄၆ ရက် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးမှုများ ရှိနေသော် လည်း ရန်ကုန်မြို့လယ်ရှိ အနော်ရထာလမ်းမကြီးပေါ်တွင် ယနေ့ (ဇွန်လ ၂၆ ရက်) ညနေပိုင်း၌ လူငယ်များက စစ်အာဏာရှင် ဖြုတ်ချရေး ချီတက်ဆန္ဒပြကြခဲ့သည်။

ယင်းသပိတ်တွင် မြို့နယ်အသီးသီးမှ လူငယ်များနှင့် ပြည်သူများ ၂၀၀ခန့် ပူးပေါင်းပါဝင်ခဲ့ပြီး “စစ်ဖိနပ်အောက် ငါတို့ဘယ်တော့မှ ဒူးမထောက်ဘူး” ဆိုသည့် စာတန်းကိုင်ဆောင်ကာ ဖမ်းဆီးခံခေါင်းဆောင်များ လွှတ်ပေးရေးနှင့် ဒီမ်ိုကရေစီ ရရှိစေရေး ကြွေးကြော်ကာ ချီတက်ဆန္ဒပြခဲ့ကြသည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်ကောင်စီက မတရားသဖြင့် အာဏာသိမ်းပိုက်ထားသည်မှာ ယနေ့ ၁၄၆ ရက် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများကို အကြမ်းဖက်နှိမ်နင်းမှုများ ရှိနေသော်လည်း လူငယ်များက နေ့စဉ်ရက်ဆက် ပုံစံမျိုးစုံဖြင့် ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာ စားအုန်းဆီဈေးတွေ သတ်မှတ်ဈေးထက် ၂ဆလောက် မြင့်တက်နေပြီး ရပ်ကွက်တွေမှာလည်း စာအုန်းဆီ ခွဲတမ်းဝယ်ယူရတာ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

အတွေးအမြင်

ကလေးတွေကို ကြီးလာရင် ဘာဖြစ်ချင်လဲ၊ လူငယ်တွေကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ။ ဘာလုပ်ဖို့ရည်ရွယ်ထားလဲ ဆိုတာမျိုး မေးတတ်ကြပါတယ်။ ဆရာဝန်ဖြစ်ချင်သလား။ အင်ဂျင်နီယာဖြစ်ချင်သလား။ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်သလား။ နိုင်ငံခြားမှာ ပညာသင်ချင် သလား။ တစ်ခါတလေမှာတော့ လူငယ်တစ်ယောက်ကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ လို့ မေးလိုက်တာဟာ လွယ်ပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။