Connect with us

Hi, what are you looking for?

ဗီဒီယို

Delta ကို ဟန့်တားနိုင်စွမ်း အားကောင်းဆဲ ကာကွယ်ဆေး ၃ မျိုးက ဘာတွေလဲ

အမေရိကန် ကုမ္ပဏီ Pfizerနဲ့ ဂျာမန် ဇီဝသိပ္ပံဌာန BioNTech တို့ ပူးပေါင်း ဖန်တီးထားတဲ့ ကာကွယ်ဆေးဟာ နှစ်ကြိမ်အပြည့် ထိုးထားပြီးပြီဆိုရင် Deltaမျိုးကွဲ ဗိုင်းရပ်စ်ကို အတော်ကြီး ထိထိရောက်ရောက် တားဆီးထားနိုင်တယ်လို့ ဆိုပါတယ်။

ဗြိတိန်မှာ သုတေသနပြု လေ့လာမှု တစ်ခုအရ အနောက်နိုင်ငံတွေက ထုတ်လုပ်တဲ့ Covid-19 ကာကွယ်ဆေး ၃ မျိုးဟာ Delta မျိုးကွဲ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်နိုင်ခြေကို ရာခိုင်နှုန်း မြင့်မြင့်မားမား ဟန့်တားနိုင်စွမ်း ရှိနေဆဲလို့ ဖော်ထုတ် တွေ့ရှိခဲ့ပါတယ်။

အမေရိကန် ကုမ္ပဏီ Pfizerနဲ့ ဂျာမန် ဇီဝသိပ္ပံဌာန BioNTech တို့ ပူးပေါင်း ဖန်တီးထားတဲ့ ကာကွယ်ဆေးဟာ နှစ်ကြိမ်အပြည့် ထိုးထားပြီးပြီဆိုရင် Deltaမျိုးကွဲ ဗိုင်းရပ်စ်ကို အတော်ကြီး ထိထိရောက်ရောက် တားဆီးထားနိုင်တယ်လို့ ဆိုပါတယ်။

အောက်စ်ဖို့ဒ် တက္ကသိုလ်နဲ့ AstraZeneca တို့ ပူးပေါင်း ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးဟာ မူလက Pfizerရဲ့ ဆေးလောက် Delta မျိုးကွဲ ဗိုင်းရပ်စ် ကူးစက်မှုကို တားဆီးနိုင်စွမ်း မရှိဘူးလို့ ယူဆထားပေမယ့် ထိရောက်တဲ့ အာနိသင်မျိုး ရှိနေဆဲလို့ သုတေသီတွေက ပြောပါတယ်။ ဒီဆေးကို အိန္ဒိယ ကုမ္ပဏီ Serum Institute ကလည်း လိုင်စင်ယူပြီး Covishield ဆိုတဲ့ နာမည်နဲ့ ထုတ်လုပ်နေပါတယ်။

ဒီဆေး နှစ်မျိုးစလုံးရဲ့ Delta မျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ဟန့်တားနိုင်စွမ်းဟာ Alpha မျိုးကွဲကို တားဆီးနိုင်တဲ့ အချိုးအစားနဲ့ ယှဉ်ရင်တော့ လျော့ကျသွားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဆောင်းရာသီက ဗြိတိန်ဟာ Alpha မျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် Covid-19 ကပ်ရောဂါ တကျော့ပြန် ခေါင်းထောင်မှုနဲ့ ရင်ဆိုင်ခဲ့ရဖူးပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် ကုမ္ပဏီ Moderna က ထုတ်လုပ်တဲ့ ကာကွယ်ဆေးရဲ့ Delta မျိုးကွဲ ဗိုင်းရပ်စ်ကို ဟန့်တားနိုင်စွမ်းကို မထုတ်ပြန်သေးပေမယ့် တခြားဆေးနှစ်ခုနည်းတူ အာနိသင် ထက်မြက်မှု မြင့်မြင့်မားမား ရှိနေလိမ့်မယ်လို့ ဗြိတိန် သုတေသီတွေက ယူဆနေပါတယ်။

အောက်စ်ဖို့ဒ် တက္ကသိုလ်နဲ့ အမျိုးသား အချက်အလက် ဦးစီးဌာနတို့က ဦးဆောင်တဲ့ ပညာရှင်တွေ ပူးပေါင်းပြီး ဗြိတိန် ပြည်သူ ၇ သိန်း ၄ သောင်းကျော်ဆီက ကာကွယ် ဆေးထိုးနှံမှုနဲ့ ရောဂါ ကူးစက်မှု မှတ်တမ်းတွေကို လေ့လာ ဆန်းစစ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို သုတေသနပြု လေ့လာမှုမျိုးဟာ ဗြိတိန်မှာတော့ အတိုင်းအတာ ပမာဏ အကြီးမားဆုံး ဖြစ်လာပါတယ်။

Pfizerရဲ့ ကာကွယ်ဆေးဟာ နှစ်ကြိမ် ထိုးနှံပြီး အနည်းဆုံး ၅ လအတွင်း Deltaမျိုးကွဲ ဗိုင်းရပ်စ် ကူးစက်မှုကြောင့် Covid-19 ရောဂါ လက္ခဏာတွေ ပြသမလာအောင် ဟန့်တားနိုင်စွမ်း ၉၃ ရာခိုင်နှုန်းလောက်ထိ မြင့်မားနေဆဲလို့ ဆိုပါတယ်။ AstraZenecaရဲ့ ဆေးက နှစ်ကြိမ် ထိုးထားရင် Deltaမျိုးကွဲကြောင့် ရောဂါ ဖြစ်နိုင်ခြေကနေ ၇၁ ရာခိုင်နှုန်းလောက် လျော့ကျသွားစေနိုင်တယ်လို့ အချက်အလက်တွေက ညွှန်ပြနေပါတယ်။

လောလောဆယ်တော့ ဗြိတိန် သုတေသီတွေဟာ Delta မျိုးကွဲ ဗိုင်းရပ်စ်အပေါ် ကာကွယ်ဆေး ၃ မျိုးရဲ့ ဟန့်တားနိုင်စွမ်းကိုပဲ စမ်းသပ်နေတာပါ။ Deltaမျိုးကွဲဟာ တခြား မျိုးကွဲတွေလိုပဲ ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျက်နှာပြင်ပေါ်က ပရိုတိန်း အတက်အလက်တွေရဲ့ ပုံသဏ္ဍန်နဲ့ ဓာတု ဖွဲ့စည်းပုံ အပြောင်းအလဲတွေ ရှိလာတဲ့ သန္ဓေပြောင်း ဗိုင်းရပ်စ် ဖြစ်ပါတယ်။

Deltaမျိုးကွဲဟာ ကူးစက်နှုန်း ပိုမြန်ဆန်တာကြောင့် ဒီဗိုင်းရပ်စ် ပျံ့နှံ့လာပြီဆိုရင် နိုင်ငံအလိုက် အသေအပျောက် စာရင်းလည်း မြင့်တက်လာနိုင်ပါတယ်။

Delta မျိုးကွဲ ဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ သိပ္ပံနည်းကျ လေ့လာမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပြီး ကာကွယ်ဆေး ထိုးထားသူတွေပါ ရောဂါ ကူးစက်ခံရတဲ့ အခြေအနေအပေါ် စိုးရိမ်မှုတွေ ရှိနေကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်အမေရိကမှာ ထားရှိပြီး ဒေါ်လာ ဘီလီယံနဲ့ချီ တန်ဖိုးရှိတဲ့ ရွှေချောင်းတွေကို ဗြိတိန်ဆီ ပြောင်းရွှေ့ အပ်နှံခဲ့ကြောင်း နယ်သာလန် ဗဟိုဘဏ် (DNB)က အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

ဗြိတိန် ဝန်ကြီးချုပ် အဖြစ်ကနေ နုတ်ထွက်ပြီး မကြာခင်မှာပဲ လွှတ်တော်အမတ် နေရာကိုပါ စွန့်လွှတ်တော့မယ်လို့ ဆာကီရာ စတာမာက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားဆီက ခြိမ်းခြောက်မှုတွေ ရှိနေပေမယ့် ဗြိတိန်ဟာ ယူကရိန်းကို မယိမ်းမယိုင် ဆက်လက် အားပေး ကူညီသွားမယ်လို့ ဗြိတိန် ဝန်ကြီးချုပ် အန်ဒီ ဘန်ဟမ်က ပြောကြားခဲ့ပါတယ်။