Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ချားလ်စ်ဘုရင်မှာ ကင်ဆာစွဲကပ်နေတယ်လို့ ဆေးစစ်တွေ့ရှိကြောင်း ဗြိတိန်နန်းတော် ကြေညာ

ချားလ်စ်ဘုရင် ဆေးကုသမှု ခံယူနေတဲ့ ကာလတွေအတွင်း သူ့ရဲ့ လုပ်ငန်းတာဝန်တွေကို တခြားတစ်ဦးဦးဆီ လွှဲပြောင်းပေးထားမှာ မဟုတ်ဘူးလို့လည်း နန်းတော်က ဆိုပါတယ်။

ချားလ်စ်ဘုရင်မှာ ကင်ဆာစွဲကပ်နေတယ်လို့ ဆေးစစ်တွေ့ရှိကြောင်း ဗြိတိန်နန်းတော် ကြေညာ
ချားလ်စ်ဘုရင်မှာ ကင်ဆာစွဲကပ်နေတယ်လို့ ဆေးစစ်တွေ့ရှိကြောင်း ဗြိတိန်နန်းတော် ကြေညာ

ဗြိတိန်ဘုရင် တတိယ ချားလ်စ်ဟာ ကင်ဆာရောဂါ စွဲကပ်နေကြောင်း စစ်ဆေး တွေ့ရှိခဲ့တယ်လို့ တော်ဝင် မိသားစုက ကြေညာပြီး အခုရက်ပိုင်းအတွင်း အနားယူနေမှာဖြစ်သလို လူအများနဲ့ တွေ့ဆုံမှု ပွဲလမ်းသဘင်တွေကို တက်ရောက်ဖြစ်မှာ မဟုတ်ဘူးလို့လည်း ထုတ်ပြန်ခဲ့ပါတယ်။

တော်ဝင်မိသားစု အရေးကို စောင့်ကြည့် လေ့လာသူတွေကတော့ ပုံမှန်အားဖြင့် နန်းတော်ဟာ ဘုရင်နဲ့ အတွင်းစည်း မိသားစုဝင်တွေရဲ့ ကျန်းမာရေးကို လူသိရှင်ကြား ထုတ်ပြန်လေ့ မရှိတဲ့ အစဉ်အလာကနေ သိသိသာသာ ခွဲထွက်သွားတာ ဖြစ်တယ်လို့ သုံးသပ်ခဲ့ပါတယ်။ ဒါပေမဲ့ အသက် ၇၅ နှစ်အရွယ် ချားလ်စ်မှာ စွဲကပ်နေတဲ့ ကင်ဆာရောဂါ အမျိုးအစားနဲ့ ရောဂါရဲ့ ပြင်းထန်မှု အတိုင်းအတာတွေကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။

ချားလ်စ်ဘုရင်ဟာ မကြာသေးခင်က ဆီးကြိတ်ရောင်ရမ်းမှု တစ်ခုကြောင့် ကုသမှုတွေ ခံယူခဲ့ရပေမယ့် အခု ဆေးစစ်တွေ့ရှိခဲ့တာက ဆီးကြိတ်ကင်ဆာ မဟုတ်ဘူးလို့တော့ ဆိုပါတယ်။ ဆီးကြိတ်ပြဿနာက သာမန် ရောင်ရမ်းမှုသာ ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။

ဘက်ကင်ဟမ် နန်းတော်က အခုအခါ ချားလ်စ်ဘုရင်ဟာ ပြည်ပလူနာအဆင့်မှာ ဆေးဝါးကုသမှုတွေ စတင်ခံယူတော့မယ်လို့လည်း ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မကြာသေးခင်က ချားလ်စ်ဘုရင်အပြင် ချွေးမဖြစ်သူ အိမ်ရှေ့စံ ကြင်ရာတော် မင်းသမီး ကိတ်မစ်ဒယ်လ်တန်ပါ ဆေးရုံတက်ခဲ့ကြရပြီး ကိတ်ကလည်း အကြောင်းရင်း အတိကျ မဖော်ပြတဲ့ ဝမ်းဗိုက်ခွဲစိတ် ကုသမှုတစ်ခု ခံယူခဲ့ရတယ်လို့ ဆိုပါတယ်။

ချားလ်စ်ဘုရင် ဆေးကုသမှု ခံယူနေတဲ့ ကာလတွေအတွင်း သူ့ရဲ့ လုပ်ငန်းတာဝန်တွေကို တခြားတစ်ဦးဦးဆီ လွှဲပြောင်းပေးထားမှာ မဟုတ်ဘူးလို့လည်း နန်းတော်က ဆိုပါတယ်။

ဗြိတိန်မှာတော့ ကင်ဆာရောဂါ အမျိုးမျိုးကြောင့် သေဆုံးသူ အချိုးအစားဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အကျဖက်ကို ဆက်တိုက် ဦးတည်လာနေခဲ့ပြီး ကင်ဆာ ဖြစ်ပွားနေကြောင်း ဆေးစစ်တွေ့ရှိသူ အားလုံးရဲ့ သုံးပုံတစ်ပုံကျော်ဟာ အသက် ၇၅ နှစ်အထက် အရွယ်တွေလို့လည်း သိရပါတယ်။

ကိုးကား: NBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အသက် ၁၆ နှစ်အရွယ် ကလေးတွေကို လူမှုကွန်ရက် မီဒီယာ အသုံးပြုခွင့် ပိတ်ပင်မယ့်အကြောင်း ဗြိတိန် အစိုးရက တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။

သတင်း

လာမယ့် ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အတွက် ဗြိတိန်နဲ့ သြစ​တြေးလျမှာ ပြည်ပရောက် မြန်မာတွေက စုပေါင်းလမ်းလျှောက်ဆန္ဒပြခြင်းတွေ ဒီကနေ့ (ဇွန် ၁၅)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အိန္ဒိယ သမုဒ္ဒရာ အလယ်မှာ တည်ရှိပြီး ဗြိတိန် အစိုးရက လက်လွှတ်ဖို့ စီစဉ်နေတဲ့ ကျွန်းစုတစ်ခုကို အမေရိကန် အစိုးရက ဝယ်ယူဖို့ စဉ်းစားနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

လေ့ကျင့်ပျံသန်းရင်း ဗြိတိန် တော်ဝင်ရေတပ် ရဟတ်ယာဉ် ပျက်ကျခဲ့တာကြောင့် ၃ ဦး သေဆုံးခဲ့ပါတယ်။