Connect with us

Hi, what are you looking for?

ဗီဒီယို

တရားခွင်မှာ ဒေါ်အောင်ဆန်းစုကြည်ကိုလန်းလန်းဆန်းဆန်းတွေ့ရတယ်

စက်တင်ဘာ ၁၄ ရက် ကနေ့ရုံးချိန်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ရွှင်ရွှင်လန်းလန်းနဲ့တက်ရောက်ခဲ့သလို ပြည်သူတွေကို မေတ္တာပို့ပေးနေတယ်လို့ သူမရဲ့ရှေ့နေကိုသတင်းစကားပါးခဲ့ပါတယ်။

ဒီကနေ့တရားခွင်နဲ့ပတ်သက်လို့ ရှေ့နေပြောကြားချက် အပြည့်အစုံ

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ပြီး ဒီကနေ့ တရားခွင်တက်ရောက်ခဲ့ပါတယ်။

မနေ့ကရုံးချိန်းမှာတော့ ကားမူးတာကြောင့် တရားခွင်တက်ရောက်နိုင်ခြင်းမရှိဘဲ ခွင့်ယူခဲ့ရတာဖြစ်ပါတယ်။

စက်တင်ဘာ ၁၄ ရက် ကနေ့ရုံးချိန်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ရွှင်ရွှင်လန်းလန်းနဲ့တက်ရောက်ခဲ့သလို ပြည်သူတွေကို မေတ္တာပို့ပေးနေတယ်လို့ သူမရဲ့ရှေ့နေကိုသတင်းစကားပါးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

“အမေကတော့ မနေ့ကကားမူးတာပဲဖြစ်တယ် ။ဒီနေ့တော့ဆေးသောက်လာတော့ အဆင်ပြေပါတယ်။ ဒီနေ့တော့ အမေ့မြင်ရတာလန်းလန်းဆန်းဆန်းရှိပါတယ်။ ထွေထွေထူးထူးမှာတာတော့မှာမရှိပါဘူး ။ ပြည်သူတွေအကုန်လုံးနဲ့ ကျွန်မတို့ရှေ့နေအဖွဲ့ကို မေတ္တာပို့ပေးနေတယ်လို့ပြောပါတယ်” လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးကပြောပါတယ်။

ဒီကနေ့ရုံးချိန်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ ၅၀၅(ခ) အမှုအတွက် စွဲချက်လျှောက်လဲချက်ပေးပြီးစက်တင်ဘာ ၂၁ ရက်ရုံးချိန်းမှာ စွဲချက်အမိန့်ချဖို့ ရုံးချိန်းပေးထားတယ်လို့သိရပါတယ်။

နောက်ထပ်တစ်မှုဖြစ်တဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုပုဒ်မနဲ့ပတ်သတ်ပြီးတရားလိုသက်သေ ၂ ဦးရဲ့ ဆင့်စာအတည်မဖြစ်တဲ့အတွက် ရုံးချိန်းပေးထားပါတယ်။

ဒါ့အပြင် မန္တလေးတိုင်းတရားလွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိပုဒ်မ ၄ ခု နဲ့ ရန်ကုန်တိုင်းတရားလွှတ်တော်မှာ ၁ မှု စုစုပေါင်း အဂတိမှု ၅ မှုနဲ့ တရားစွဲဆိုထားတယ်လို့ ရှေ့နေတွေဆီကနေသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

သတင်း

​ဒေါ်​အောင်ဆန်းစုကြည် နဲ့ ICRC ​တွေ့ဆုံမှုဟာသူမအသက်ရှင်လျက်ရှိ​ကြောင်းအတည်ပြုနိုင်တဲ့သက်​သေအ​ထောက်အထား​ဖြစ်​ပေမယ့် ထိုလုပ်ရပ်တစ်ခုတည်းဖြင့်မလုံ​လောက်ဘဲ ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီးခံထားရသူ​တွေအားလုံးကို ချက်ချင်းပြန်လွှတ်​ပေးရန် ဗြိတိန် အစိုးရကဒီက​​နေ့ ထပ်မံ​တောင်းဆိုလိုက်ပါတယ် ။