Connect with us

Hi, what are you looking for?

ဗီဒီယို

ထန်တလန်က မြို့ပျက်လိုဖြစ်နေပြီပြောလို့ရတယ်

လက်ရှိ ထန်တလန်မြို့ ရဲ့အခြေအနေ ၊ ထွက်ပြေးတိမ်းရှောင်ရသူပြည်သူတွေကြုံနေရတဲ့ဒုက္ခ၊ ကူညီပေးနေသူတွေရဲ့အခက်အခဲတွေကို People’s Spring က ဆက်သွယ်မေးမြန်းထားပါတယ်။

မချမ်းသာသော်လည်း ပျော်ပါသည် ဆိုတဲ့ ဆိုင်းဘုတ်နဲ့အတူ အေးချမ်းသာယာတဲ့ ချင်းပြည်နယ် ၊ထန်တလန်မြို့ ဟာ အခုတော့ လူသူကင်းမဲ့ကာ မြို့ပျက်ကြီးလိုဖြစ်နေပါတယ်။

စစ်ကောင်စီတပ်နဲ့ ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) တို့ မြို့တွင်းတိုက်ပွဲ ဖြစ်ပွားပြီး နှစ်ရက်အကြာမှာ မြို့လုံးကျွတ်နီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်သွားကြတာပါ။

အနီးအနားက ရွာတွေကို တိမ်းရှောင်ကြသူတွေရှိသလို အိန္ဒိယဘက်ခြမ်း မီဇိုရမ်ပြည်နယ် ကို ခိုလှုံသွားရ သူတွေလည်းရှိတယ်လို့ ကူညီပေးနေတဲ့ Thantlang Placement Affairs Committee ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းလျှန်က ပြောပါတယ်။

လက်ရှိ ထန်တလန်မြို့ ရဲ့အခြေအနေ ၊ ထွက်ပြေးတိမ်းရှောင်ရသူပြည်သူတွေကြုံနေရတဲ့ဒုက္ခ၊ ကူညီပေးနေသူတွေရဲ့အခက်အခဲတွေကို People’s Spring က ဆက်သွယ်မေးမြန်းထားပါတယ်။

Public Service Announcement

Public Service Announcement

ဓါတ်ပုံ – The Hakha Times, Thantland Placement Affair Comitee
ဗီဒီယို – The Hakha Times

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့အပါအဝင် ချင်းပြည်တဝန်းလုံး၌ စစ်ကောင်စီတပ်ကင်းစင်ရေး မိတ်ဖက်တော်လှန်ရေးအဖွဲ့များနှင့် ရှေ့ဆက်လက်တွဲ ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ ချင်းတမျိုးသားလုံး စုစည်းညီညွတ်နိုင်ရေး အစွမ်းကုန်ကြိုးပမ်းသွားမည်ဟု ချင်းဒေသကာကွယ်ရေးတပ်-ထန်တလန်(CDF-Thantlang)က ဧပြီ ၆ရက်တွင် ထုတ်ပြန်သည်။

သတင်း

ဟားခါး - ထန်တလန်မြို့နယ်ကြားရှိ တပ်စခန်းများကို ချင်းပြည်ကောင်စီပူးပေါင်းတပ်က ယခုနှစ် ဇူလိုင်တတိယပတ်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တပ်စခန်း ၈ခုထက်မနည်းသိမ်းရခဲ့သည်။

သတင်း

စီသရီးတောင်စခန်း(ပွိုင့် -၃ စခန်း)သိမ်းတိုက်ပွဲဖြစ်ပွားချိန် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ဟု ဆိုသည်။