Connect with us

Hi, what are you looking for?

ဗီဒီယို

“ရဲတွေက ကျွန်တော်တို့လက်ထဲကို ဆင့်စာတစ်ခုလာထည့်တယ် ဒေါ်အောင်ဆန်းစုကြည်ကို ပေးပေးပါဆိုပြီး”

အဲဒီဆင့်ခေါ်စာမှာ လေယာဉ်အသုံးပြုတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အမှုတွဲထားတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ဆီကသိရပါတယ်။

– တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်​ဖြေကြားချက်အပြည့်အစုံ

နှစ်ရှည်ထောင်ဒဏ် ချနိုင်တဲ့အမှုပေါင်း ၁၁ မှုနဲ့ စွပ်စွဲခံထားရတဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပုဒ်မ ထပ်တိုးဖို့စီစဉ်နေပါတယ်။

ဒီနေ့ နေပြည်တော်မှာ အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေနဲ့ အဂတိဥပဒေတွေနဲ့ စွဲထားတဲ့ အမှု ရုံးချိန်းအပြီးမှာ ရဲတပ်ဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေဆီကို ဆင့်ခေါ်စာ လာပေးခဲ့တယ်လို့ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်ကပြောပါတယ်။

အဲဒီဆင့်ခေါ်စာမှာ လေယာဉ်အသုံးပြုတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အမှုတွဲထားတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ဆီကသိရပါတယ်။

Public Service Announcement

Public Service Announcement

“ရုံးချိန်းဆင်းတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်လည်း ပြန်ခါနီးမှာ ရဲတွေက ကျွန်တော်တို့လက်ထဲကို ဆင့်စာတစ်ခုလာထည့်တယ် ဒေါ်အောင်ဆန်းစုကြည်ကို ပေးပေးပါဆိုပြီး ၊အဲတော့ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော်ပေးလိုက်ပါတယ် ၊ဆင့်စာကို ကျွန်တော်အကြမ်းဖျင်းကြည့်လိုက်တော့ လေယာဉ်အသုံးပြုတဲ့ကိစ္စဗျ အတိအကျတော့ကျွန်တော်မသိသေးဘူး၊ အမှုတွဲထားတယ် ” လို့ တရားလွှတ်တော်ရှေ့နေဦးခင်မောင်ဇော်က ပြောတယ်။

ဒီအမှုတွဲထားတာဟာ အဂတိပုဒ်မ နဲ့ စွဲဆိုတာမျိုးဖြစ်နိုင်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ခန့်မှန်းထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက NLD အစိုးရ ရဲ့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို ရဟတ်ယာဉ် ဌားရမ်းရာမှာ ဌားထားတဲ့အချိန်ပြည့်မီအောင် မစီးတဲ့အတွက် ဌားရမ်းခ နစ်နာတာ ၊ ရဟတ်ယာဉ် ဝယ်ယူရာမှာ နစ်နာတာတွေရှိတယ်ဆိုကာ အဂတိပုဒ်မ နဲ့စွပ်စွဲပြီး စစ်ကောင်စီက တရားစွဲဆိုထားတာတွေရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

သတင်း

​ဒေါ်​အောင်ဆန်းစုကြည် နဲ့ ICRC ​တွေ့ဆုံမှုဟာသူမအသက်ရှင်လျက်ရှိ​ကြောင်းအတည်ပြုနိုင်တဲ့သက်​သေအ​ထောက်အထား​ဖြစ်​ပေမယ့် ထိုလုပ်ရပ်တစ်ခုတည်းဖြင့်မလုံ​လောက်ဘဲ ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီးခံထားရသူ​တွေအားလုံးကို ချက်ချင်းပြန်လွှတ်​ပေးရန် ဗြိတိန် အစိုးရကဒီက​​နေ့ ထပ်မံ​တောင်းဆိုလိုက်ပါတယ် ။