◉ ထောင်ကလွတ်လာပြီး ၁ နာရီမပြည့်ခင် ပြန်လည်ဖမ်းဆီးခံရသူ ကိုသက်ပိုင်ထွေးရဲ့ဇနီး ပြောပြချက်
အာဆီယံရဲ့ဖိအားကြုံပြီးတဲ့နောက် စစ်ကောင်စီဟာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတာတွေလုပ်နေပါတယ်။
ဒီလို လွှတ်ပေးပြီးတော့ နာရီပိုင်းအတွင်းမှာတင် ပြန်ဖမ်းတာကိုလည်း တပြိုင်တည်းလုပ်နေတာတွေရှိနေပါတယ်။ဒီထဲမှာ ကိုသက်ပိုင်ထွေးလည်းပါဝင်ပါတယ်။
ကိုသက်ပိုင်ထွေးဟာ အာဏာသိမ်းတာကိုဆန့်ကျင်ဆန္ဒပြလို့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ မေလကဖမ်းဆီးခံရပြီး အောက်တိုဘာလ ၁၉ ရက်မှာ ပြန်လွတ်လာပါတယ်။
ဒါပေမ်ယ့ အိမ်ကိုရောက်ပြီးပြီးချင်းမှာတင် ရဲတပ်ဖွဲ့က လာဖမ်းပြီးသွားပြီး ရဲစခန်းမှာ ချုပ်ထားကာ အင်းစိန်ထောင်ကို ပို့လိုက်တယ်လို့ ကိုသက်ပိုင်ထွေးရဲ့ အမျိုးသမီး မယမုံဦးက ပြောပြပါတယ်။
ဒါပေမယ့် ထောင်ကို ဆက်သွယ်စုံစမ်းကြည့်ရာမှာလည်း တိတိကျကျ မသိရဘူးလို့ ဆိုပါတယ်။
ကိုသက်ပိုင်ထွေး ပြန်လည်ဖမ်းဆီးခံရပုံကို People’s Spring က မယမုံဦးထံ ဆက်သွယ်မေးမြန်းထားပါတယ်။
