Connect with us

Hi, what are you looking for?

ဗီဒီယို

အကြမ်းဖက်မှူ​တွေရပ်ပြီး မတရားဖမ်းထားသူ​တွေလွှတ်ဖို့ ကန်နိုင်ငံခြား​ရေးဝန်ကြီးဌာန ထပ်မံ​တောင်းဆို

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းကိုပြန်လည်ဖော်ဆောင်ရဖို့ စစ်အာဏာရှင်ကိုတောင်းဆိုကြောင်းအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ဒ်ပရိုက်စ်က​ပြောကြားလိုက်ပါတယ်။နိုဝင်ဘာ ၈ ရက် မြန်မာနိုင်ငံအထွေထွေ ရွေးကောက်ပွဲ တစ်နှစ်ပြည့်နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ​မစ္စတာနက်ဒ်ပရိုက်စ်ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

အကြမ်းဖက်မှု​တွေချက်ချင်းရပ်တန့်​ဖို့၊ မတရားဖမ်းဆီးထားသူအားလုံးကိုပြန်လွှတ်‌ပေးဖို့နဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းကိုပြန်လည်ဖော်ဆောင်ရဖို့ စစ်အာဏာရှင်ကိုတောင်းဆိုကြောင်းအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ဒ်ပရိုက်စ်က​ပြောကြားလိုက်ပါတယ်။နိုဝင်ဘာ ၈ ရက် မြန်မာနိုင်ငံအထွေထွေ ရွေးကောက်ပွဲ တစ်နှစ်ပြည့်နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ​မစ္စတာနက်ဒ်ပရိုက်စ်ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

မစ္စတာ နက်ဒ်ပရိုက်စ်က ​ပြောကြားရာမှာ “နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲသည် ရတက်ပွားစရာအချို့ရှိခဲ့သော်လည်း လွတ်လပ်၍အမှီအခိုကင်းသော လေ့လာစောင့်ကြည့်သူများ၏ အစီရင်ခံမှုများအရ အများကယုံကြည်လက်ခံခဲ့ပြီး ဒီမိုကရေစီလိုလားသည့် မြန်မာပြည်သူလူထုသန္နိဋ္ဌာန်ကို ထပ်လောင်းအတည်ပြုခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၁ ရက်စစ်တပ်အာဏာသိမ်းမှုနှင့် ဆက်လက်ဖြစ်ပွားလျက်ရှိသောအကြမ်းဖက်ဖြိုခွင်းမှုများက လူ့အခွင့်အရေးနှင့်အခြေခံလွတ်လပ်မှုများကို ထိပါးနှောက်ယှက်နေခဲ့ပြီး ပြည်သူလူထု၏ဆန္ဒကိုဖိနှိပ်ချုပ်ခြယ်ခဲ့ကာ မြန်မာပြည်သူလူထုက ရှင်းလင်းစွာတောင်းဆိုနေသည့် စစ်မှန်သောဒီမိုကရေစီစနစ်တစ်ရပ်ဆီသို့ ဆယ်စုနှစ်တစ်ခုစာတိုးတက်မှုများကို နောက်ကြောင်းပြန်လှည့်စေ​ကြောင်း” ​ထည့်သွင်း​ပြောကြားခဲ့ပါတယ်။

ဆက်ပြီး​တော့လည်း “ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရေး၊ လူ့အခွင့်အရေးကိုလေးစာလိုက်နာရေးနဲ့ နိုင်ငံတော်အတွင်း တရားဥပဒေစိုးမိုးမှုရှိစေရေးအတွက် ကြိုးပမ်းအားထုတ်နေကြသော၊ ယင်းသို့ကြိုးပမ်းအားထုတ်ရင်း အသက်ပေးခဲ့ကြရသော အပြစ်မဲ့ပြည်သူပေါင်း ၁၃၀၀ ကျော်အပါအဝင် မြန်မာပြည်သူလူထုကြီးကို နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ ယနေ့ ဂုဏ်ပြု​ကြောင်း၊ ဤကိစ္စရပ်များနှင့်အခြားသော ဖိနှိပ်ချိုးဖောက်မှုများအတွက် တရားမျှတမှုနှင့်တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးအတွက် တိုးမြှင့်လုပ်ဆောင်သွားရန် အမေရိကန်ပြည်ထောင်စုက ကတိကဝတ်ပြုထား​ကြောင်း” ​ပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကြိုတင် ကြေညာထားတဲ့အတိုင်း ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ တက်ရောက်ရင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဒိန်းမတ်၊ ဂရင်းလန် အစိုးရတွေနဲ့အတူ ဂရင်းလန် လုံခြုံရေး သဘောတူညီမှုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

မူးယစ်မှောင်ခိုသမားတွေ အသုံးပြုနေတာလို့ စွပ်စွဲပြီး ရေယာဉ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ (UN) အစီရင်ခံစာ တစ်စောင်က သုံးသပ်ထားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ ဂရင်းလန်ကျွန်းမှာ နောက်ထပ် စစ်စခန်းနှစ်ခု ထပ်မံဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

Facebook