Connect with us

Hi, what are you looking for?

ဗီဒီယို

နှစ်နှစ်နီးပါးအကြာပိတ်ထားခဲ့ရုပ်ရှင်ရုံ​တွေ ယုန်လေးကားနဲ့ ပြန်ဖွင့်မှာလား

အကျဥ်းထောင်ထဲမှာ အကယ်ဒမီလူမင်း၊ အကယ်ဒမီပြေတီဦး၊ ဒါရိုက်တာမင်းထင်ကိုကိုကြီး၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ ပိုင်တံခွန်၊ ရဲတိုက်၊ ဆင်မစတဲ့ နာမည်ကြီး အနုပညာရှင် ၇ ဦး မတရားဖမ်းဆီးခံထားရတာပါ။

နွေဦးတော်လှန်ရေးမှာ ပြည်သူနဲ့အတူအာဏာရှင်ဆန့်ကျင်တော်လှန်ခဲ့တဲ့ အနုပညာရှင်တွေ မတရားဖမ်းဆီးခံ။ ဝရမ်းထုတ်ခံထားရချိန်မှာ စစ်ကောင်စီက ရုပ်ရှင်ရုံတွေ ပြန်ဖွင့်ဖို့ ပြင်နေပါတယ်။

ကိုဗစ်ကူးစက်မှုတွေကြောင့် ရုပ်ရှင်ရုံတွေ ပိတ်ထားခဲ့တာ ၂၀၂၀ မတ် လ ထဲက ဖြစ်လို့ ထဲက ဖြစ်လို့ ၂ နှစ်နီးပါး ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။

နောက်ဆုံးရုံတင်ပြသခဲ့တဲ့ အဆိုတော် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်ရဲ့ ပိတောက်ကတဲ့ဂီတ ရုပ်ရှင် ပိုစတာတွေကို အခုအချိန်အထိ မြင်နေရဆဲပါ။

အာဏာသိမ်းပြီး ၁၀ လအကြာ အခုလိုရုပ်ရှင်ရုံတွေပြန်ဖွင့်ဖို့ပြင်ချိန်မှာ အကယ်ဒမီဆုရှင်တွေလည်းဖြစ် ရုပ်ရှင်ကားတွေမှာ အများဆုံးရိုက်ကူးနေရတဲ့ အနုပညာရှင်တွေဟာ အကျဥ်းသားဘဝ၊ ဝရမ်းပြေးဘဝရောက်နေတာလည်း ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အကျဥ်းထောင်ထဲမှာ အကယ်ဒမီလူမင်း၊ အကယ်ဒမီပြေတီဦး၊ ဒါရိုက်တာမင်းထင်ကိုကိုကြီး၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ ပိုင်တံခွန်၊ ရဲတိုက်၊ ဆင်မစတဲ့ နာမည်ကြီး အနုပညာရှင် ၇ ဦး မတရားဖမ်းဆီးခံထားရတာပါ။

အကယ်ဒမီပိုင်ဖြိုးသု၊ အကယ်ဒမီ ဖွေးဖွေး၊ အကယ်ဒမီ မင်းမော်ကွန်း၊ ဒါရိုက်တာ ဏကြီး၊ ဒါရိုက်တာ ကိုပေါက်အပါအဝင် ရုပ်ရှင်သရုပ်ဆောင်များစွာလည်း တောထဲအပါအဝင် နေရာအသီးသီးမှာ တိမ်းရှောင်နေရတာဖြစ်ပါတယ်။

စစ်ကောင်စီက နိုင်ငံတကာဖိအားမျိုးစုံကြောင့်လွတ်ငြိမ်းခွင့် ၄ ကြိမ်ပေးခဲ့ပြီဖြစ်ပေမယ့် အနုပညာရှင်တွေကိုလွှတ်ပေးတာမရှိသေးပါဘူး။ ပုဒ်မ ၅၀၅ (က) နဲ့ ဝရမ်းထုတ်ထားတဲ့အနုပညာရှင်အချို့ကိုတော့ တရားစွဲဆိုထားတာတွေကို ပယ်ဖျက်ပေးတာအချို့ပဲ ရှိခဲ့တာပါ။

ဒီလိုအချိန်မျိုးမှာ ရုပ်ရှင်ရုံတွေပြန်ဖွင့်ခဲ့ရင်လည်း စိုင်းစိုင်းခမ်းလှိုင်ရဲ့ ပိတောက်ကတဲ့ဂီတရုပ်ရှင်ပြီးနောက် တန်းစီစနစ်အရ အဲဒီကားပြီးရင် မတ် ၁၉ ရက်မှာ ရုံတင်ဖို့ တန်းစီကြော်ငြာထားတဲ့ မြင့်မြတ်နဲ့ ယုန်လေးတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ အော်ရီဂျင်နယ် ဂန်းစတား ၃ ဇာတ်ကားကို ပြသရမှာဖြစ်ပါတယ်။

ယုန်လေးက စစ်ကောင်စီနဲ့ နီးစပ်သူ၊ အခုအချိန်ထိ စစ်ကောင်စီအခမ်းအနားတွေတက်နေသူအဖြစ် ပရိတ်သတ်တွေကရော အနုပညာရှင်တွေကြားမှာပါ ဖယ်ကျဥ်ခံထားရတဲ့ အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။

ပုံမှန်အတိုင်းဆို ဇာတ်ကားတန်းစီစာရင်းထဲမှာပါနေတဲ့ လရဲ့အောက်ဘက်မိုင်အဝေးမှာ ရုပ်ရှင်ကားကို ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်ဒေါင်းကတော့ အခုလိုအခြေအနေမှာ ရုပ်ရှင်ရုံတွေပြန်ဖွင့်ပြီးပြမှာနဲ့ ပတ်သက်လို့ အခုလိုပြောပါတယ်။

“ရုပ်ရှင်ရုံတွေပြန်ဖွင့်မှာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ သရုပ်ဆောင်တွေအနေနဲ့ ဘယ်လိုမှသဘောတူနိုင်စရာအကြောင်းမရှိဘူး၊ ကျွန်တော့်အထင်ပြောရရင် ဒီအချိန်မှာ ရုပ်ရှင်ရုံ ပြန်ဖွင့်ရမယ့်အချိန်မဟုတ်သလို ပြည်သူတွေအနေနဲ့လည်း ရုပ်ရှင်ကြည့်နေရမယ့် အချိန်မဟုတ်ဘူးလို့ယူဆတယ်။ ပြည်သူတွေအနေနဲ့လည်း ယုံကြည်မှာပါ သိမှာပါ။ အဲဒီ့အတွက် ဒီဟာကို ကန့်ကွက်ရုံကလွဲပြီး ဘာမှမရှိဘူး။ ကျွန်တော့်ကားတွေပြရင်လည်း ဒါက ကျွန်တော့်သဘောတူညီချက်မပါဘဲ ပြခြင်းသာဖြစ်တယ်လို့ ကြိုပြီးတော့ သတင်းစကားပါးချင်ပါတယ်” လို့ဆိုပါတယ်။

ဒီကားကို ရိုက်ကူးထားတဲ့ ဒါရိုက်တာထူးပိုင်ဇော်ဦးက ၅၀၅ (က) စာရင်းကနေမကြာသေးခင်ကမှ ပယ်ဖျက်ခံထားရသူဖြစ်ပြီး ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီး အိန္ဒြာကျော်ဇင်ကတော့ အကျဥ်းထောင်ထဲမှာရှိနေတာပါ။ မင်းသား ဒေါင်းကတော့ ၅၀၅ (က) နဲ့ အမှုဖွင့်ခံထားရပြီးတော့ ထိုင်းနိုင်ငံမှာ ရောက်ရှိနေတာဖြစ်ပါတယ်။

သူ့အနေနဲ့တော့ ရုပ်ရှင်ရုံပြန်ဖွင့်ရင်လည်း အပြည့်အဝကန့်ကွက်ပေးကြဖို့ ပရိတ်သတ်ကိုတောင်းဆိုချင်တယ်လို့ ပြောကြားထားပါတယ်။

သမ္မတရုပ်ရှင်ရုံကတော့ ဒီရက်ထဲ သန့်ရှင်းရေးလုပ်နေတာတွေတွေ့ရပေမယ့် ဘယ်တော့ ပြန်ဖွင့်မယ်ဆိုတာတော့ တိတိပပ ကြေညာထားတာမရှိသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

ယနေ့(ဒီဇင်ဘာ ၃၀ ရက်) နံနက် ၉ နာရီနှင့် နေ့လည် ၁၁ နာရီတို့တွင် ယုန်လေး နှင့်အပေါင်းအပါများအား ချိန်ကိုက်မိုင်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

၂၀၂၁ ဧပြီ ၁၈ရက်ကလည်း ယုန်လေး၏ကား စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းအလယ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သေးသည်။

သတင်း

ရုပ်ရှင်အထူးပွဲသို့လာရောက်မည့် မီဒီယာများအနေဖြင့် ကတ်များဆွဲကာ လုံခြုံရေးစစ်ဆေးမှုခံရမည်ဟု စစ်တပ်အမာခံထောက်ခံသူ ယုန်လေး ရိုက်ကူးထားသော အော်ရီဂျင်နယ်ဂန်းစတား ၃ အထူးပွဲမတိုင်မီ မင်္ဂလာရုပ်ရှင်ရုံအုပ်စုက အသိပေးလိုက်သည်။

သတင်း

စစ်တ်အမာခံ​ထောက်ခံသူ ယုန်လေး ရိုက်ကူးထားသော အော်ရီဂျင်နယ်ဂန်းစတား ၃ ရုပ်ရှင်ကို ယခုလ(အောက်တိုဘာ)အတွင်း ရုံတင်မည်ဖြစ်သည်။