Connect with us

Hi, what are you looking for?

ဗီဒီယို

တိုက်နယ်ဆေးရုံကိုဝင်စီးထားတာနဲ့ပတ်သက်လို့ စစ်ကောင်စီလက်အောက်ခံ BGF က ဘယ်လိုတုန့်ပြန်သလဲ

ဒါ့အပြင် ကေအဲန်ယူ တပ်မဟာ ၁ ထိန်းချုပ်ဒေသထဲကို နယ်ခြားစောင့်တပ် BGF တပ်တွေက အင်အားတိုးချဲ့လာပြီး စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုပြုလုပ်လာတာနဲ့ ဘားအံမြို့နယ်အတွင်းက ဒေသခံရွာသား ၂၀ ကျော်ကိုလည်း BGF တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့မှုတွေ ရှိနေတယ်လို့ ကေအဲန်ယူ ဒူးသထူခရိုင်က သတင်းထုတ်ပြန်ထားတာပါ။

ကေအဲန်ယူ ဒူးသထူ(သထုံ)ခရိုင် ဘားအံမြို့နယ်ထဲက ဖလံတောင်တိုက်နယ်ဆေးရုံကို စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF)တပ်ဖွဲ့က ဝင်ရောက်စီးနင်းထားတဲ့ အခြေအနေနဲ့ပတ်သက်ပြီး BGF ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစောတင်ဝင်းကို ဆက်သွယ်မေးမြန်းထားပါတယ်။

နိုဝင်ဘာ ၁၆ ရက် ညနေပိုင်းက နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့တွေဟာ ကေအဲန်ယူ တပ်မဟာ ၁ ထိန်းချုပ်ဒေသဖြစ်တဲ့ ဘားအံမြို့နယ်ထဲက ဖလံတောင်တိုက်နယ်ဆေးရုံးကို ဝင်ရောက်စီနင်းထိန်းချုပ်ခဲ့ပြီး ဆေးရုံက ဆေးဝါးပစ္စည်းတွေနဲ့ လူနာအသုံးအဆောင် ပစ္စည်းတွေကို အဓမ္မသိမ်းယူခဲ့တဲ့အပြင် ဆေးရုံအတွင်းမှာပါ တပ်စွဲထားတယ်လို့ ကေအဲန်ယူက ထုတ်ပြန်ထားတာပါ။

ဒါ့အပြင် ကေအဲန်ယူ တပ်မဟာ ၁ ထိန်းချုပ်ဒေသထဲကို နယ်ခြားစောင့်တပ် BGF တပ်တွေက အင်အားတိုးချဲ့လာပြီး စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုပြုလုပ်လာတာနဲ့ ဘားအံမြို့နယ်အတွင်းက ဒေသခံရွာသား ၂၀ ကျော်ကိုလည်း BGF တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့မှုတွေ ရှိနေတယ်လို့ ကေအဲန်ယူ ဒူးသထူခရိုင်က သတင်းထုတ်ပြန်ထားတာပါ။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး BGF ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစောတင်ဝင်းက အခုလိုပဲပြောပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ထိုင်းတရားရုံးကဖမ်းဝရမ်းထုတ်ထားတဲ့အာဏာသိမ်းစစ်တပ်လက် အောက်ခံ ကရင့်နယ်ခြားစောင့်တပ် (BGF) အမှတ် (၄) ရဲ့တပ်န​ယ်မှုး ဗိုလ်မှုးချုပ်စောမုတ်သုန် လူမြင်ကွင်းကနေ ပျောက်သွားတာ တစ်လနီးပါးရှိလာပြီလို့ သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။