Connect with us

Hi, what are you looking for?

ဗီဒီယို

ဘားအံမှာ လိုင်စင်မဲ့ကားတွေဖမ်းဖို့ မြို့ပေါ်က တိုင်းရင်းသားအဖွဲ့တွေကို စကစ ခေါ်အသိပေး

ဒီလို တံတားတွေမှာ လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးနေတဲ့အဖွဲ့ထဲမှာ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့သာပါဝင်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက မပါဝင်ဘူးလို့ သိရပါတယ်။

ဘားအံမြို့က တံတားတွေမှာ စစ်ကောင်စီက လိုင်စင်မဲ့ယာဉ်တွေကို စတင်ဖမ်းဆီးသိမ်းဆည်းနေပြီး ဒီလိုဖမ်းဆီးသိမ်းဆည်းသွားမယ့်အကြောင်းကို မြို့ပေါ်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ဆက်ဆံရေးရုံးကတာဝန်ခံတွေကို ခေါ်ယူအသိပေးခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဒီကနေ့ နိုဝင်ဘာ ၂၂ ရက် မနက်ပိုင်းက အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဖြစ်သူက ဘားအံမြို့မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ဆက်ဆံရေးရုံးက တာဝန်ခံတွေကို ခေါ်ယူတွေ့ဆုံခဲ့ပြီး လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးသိမ်းဆည်းသွားမယ့်အကြောင်း အသိပေးအကြောင်းကြားခဲ့တာပါ။

ဒီလို လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီသွားရာမှာ ပထမအဆင့်အနေနဲ့ စစ်ကောင်စီက ဘားအံမြို့က သံလွင်တံတား ဇာသပြင်တံတားတွေမှာ ဖမ်းဆီးသိမ်းဆည်းသွားမှာဖြစ်ပြီး ဒုတိယအဆင့်အနေနဲ့ မြို့တွင်းထဲမှာ ဖမ်းဆီးသွားမှာဖြစ်တယ်လို့ ဘားအံမြို့က ဒီကေဘီအေဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူးစိုးမိုးက ပြောပါတယ်။

“အပေါ်ကနေဖိအားပေးတာဆိုတော့ သူတို့ကတင်းကြပ်ပြီးတော့လုပ်တာပေါ့နော်။ စပြီစပြီ။ လောလောဆယ် ပထမတစ်အချက်ကတော့ ဒီနေ့ထဲကနေ စနေပြီ။ အရေးယူမှုပိုင်းကတော့ ကားသိမ်းမှာပေါ့” လို့ ဗိုလ်မှူးစိုးမိုးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိ ဘားအံမြို့ သံလွင်တံတားနဲ့ ဇာသပြင်တံတားတွေမှာ ဒီကနေ့ နိုဝင်ဘာ ၂၂ ရက်ကစတင်ပြီး စစ်ကောင်စီက လိုင်စင်မဲ့ယာဉ်တွေကို ဖြတ်သန်းသွားလာခွင့်မပြုတော့ပဲ ဖမ်းဆီးစစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။

အရင်က လက်နက်ကိုင်အဖွဲ့အစည်းလက်မှတ်ပါတဲ့ လိုင်စင်မဲ့ယာဉ်တွေကို ဖြတ်သန်းသွားလာခွင့်ရှိခဲ့ပြီး ဖမ်းဆီးမှုတွေ မရှိခဲ့ပေမယ့် အခုအခါမှာတော့ စစ်ကောင်စီက အဖွဲ့အစည်းလက်မှတ်ပါတဲ့ လိုင်စင်မဲ့ယာဉ်တွေကိုပါ ဖမ်းဆီးသိမ်းဆည်းသွားမှာဖြစ်တယ်လို့ ဗိုလ်မှူးစိုးမိုးက ဆိုပါတယ်။

ဒီလို တံတားတွေမှာ လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးနေတဲ့အဖွဲ့ထဲမှာ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့သာပါဝင်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက မပါဝင်ဘူးလို့ သိရပါတယ်။

စစ်ကောင်စီက လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးသိမ်းဆည်းသွားမယ်ဆိုတဲ့သတင်းတွေကြောင့် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာက လူတချို့က လိုင်စင်မဲ့ယာဉ်တွေကို မောင်းနှင်စီးနင်းမှုတွေ မပြုလုပ်ရဲကြတော့ပဲ လိုက်လံရောင်းချမှုတွေ ရှိနေတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ထိုင်း-မြန်မာ၊ နယ်စပ်လမ်းကြောင်းတွေကနေတဆင့် မှောင်ခိုဝင်ရောက်လာတဲ့ ထိုင်းကုန်စည်ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်က ဘားအံနဲ့ မော်လမြိုင်မြို့တွေမှာ ကြားဖြတ်ဖမ်းဆီးသိမ်းဆည်းတာတွေပိုမိုလုပ်ဆောင်လာနေပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ကရင်ပြည်နယ်မှာထိုင်းဘက်ကကုန်စည်သယ်လာတဲ့ကုန်ကားတွေကို အာဏာသိမ်းစစ်တပ်ကအဖမ်းအဆီးတင်းကျပ်နေပြီးလက်ရှိသြဂုတ်လ တတိယပတ်အတွင်းကားအစီးရေ ၈၀ ခန့်ကိုဖမ်းဆီးထားတယ်လို့ ကုန် သည်တွေနဲ့ နီးစပ်သူတွေထံကသိရပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်