သရုပ်ဆောင်ချစ်သုဝေ ကိုယ်တိုင်ဖန်တီးထားတဲ့ Our Land Macrame ကံစမ်းပွဲကနေ မြေပြင်ကိုထောက်ပံ့ဖို့ ငွေကျပ်သိန်းသုံးရာနီးပါး ရရှိခဲ့ပါတယ်။
Our Land ဆိုတဲ့အတိုင်း Macrame လေးကို မြန်မာပြည်မြေပုံထိုးထားတာဖြစ်ပြီး ကံစမ်းမဲလက်မှတ်တွေရောင်းချပေးခဲ့တာပါ။
ကံစမ်းမဲလက်မှတ် ၂၇၀၀ ကျော်ရောင်းချခဲ့ရပြီး မြန်မာပြည်တွင်းက လက်မှတ် ၂၀၀၀ ကျော်အားပေးခဲ့တယ်လို့ ချစ်သုဝေကပြောပါတယ်။
စင်ကာပူနဲ့ထိုင်းကလည်း ကံစမ်းမဲလက်မှတ်တွေအားပေးခဲ့ပြီး စုစုပေါင်း ငွေကျပ် သိန်း ၂၉၀ ကျော်ရရှိခဲ့တယ်လို့ ၎င်းကဆိုပါတယ်။

Public Service Announcement
ကံထူးရှင်ကို ဒီနေ့ ချစ်သုဝေကိုယ်တိုင်ရွေးချယ်ပေးခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံတွင်းက ကံစမ်းမဲလက်မှတ်အားပေးခဲ့သူက ကံထူးခဲ့ပါတယ်။
ကံထူးရှင်ရဲ့ နာမည်ကိုတော့ လုံခြုံရေးအရ မကြေညာခဲ့ပါဘူး။
ချစ်သုဝေ က Macrame လုပ်ရတာကို သဘောကျပေမယ့် အရင်က မလုပ်ဖြစ်ခဲ့ဘဲ တော်လှန်ရေးကာလမှာမှ ရန်ပုံငွေရှာဖို့ရည်ရွယ်ချက်နဲ့ Youtube ကနေ လေ့လာပြီး ဖန်တီးခဲ့တယ်လို့ဆိုပါတယ်။
ချစ်သုဝေက Macrame လေးတွေလုပ်ပြီး ရန်ပုံငွေရှာတဲ့အစီအစဥ်ကို လစဥ်ပြုလုပ်သွားမယ်လို့လည်း သတင်းပေးခဲ့ပါတယ်။
နောက်လအတွက် ကျောပိုးအိတ်လေးတွေ မဲဖောက်ပေးဖို့ စီစဥ်ထားပြီး အခုကတည်းက လုပ်နေပြီလို့ ချစ်သုဝေကပြောပါတယ်။


















































