Connect with us

Hi, what are you looking for?

ဗီဒီယို

ချစ်သုဝေလက်ရာ Macrame အိတ်သုံးလုံးကို ဘယ်လိုကံစမ်းမလဲ

ဇန်နဝါရီလတုန်းက ချစ်သုဝေက Our Land လို့ အမည်ပေးထားတဲ့ မြန်မာပြည်မြေပုံ Macrame ကို မဲဖောက်ပေးခဲ့တာဖြစ်ပြီး အလှူငွေ သိန်းသုံးရာကျော်လှူဒါန်းနိုင်ခဲ့ပါတယ်။

မြေပြင်ကရဲဘော်တွေကို ကူညီပေးဖို့ လစဥ်ရန်ပုံငွေရှာပေးနေတဲ့ သရုပ်ဆောင်အဆိုတော် ချစ်သုဝေက ဒီလမှာတော့ Hope ဆိုတဲ့ခေါင်းစဥ်နဲ့ Macrame အိတ်လေးတွေရောင်းချမှာပါ။

“တို့​တွေဟာ မျှော်လင့်ချက်​ တွေ ထမ်းပိုးရင်း အိပ်မက်​တွေ အပြည့်ထည့်လို့ခရီးဆက်​နေသူ​တွေ” လို့ ချစ်သုဝေက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာရေးသားထားပါတယ်။

ကံစမ်းမဲလက်မှတ်တစ်စောင်ကို မြန်မာငွေ (၁၀,၀၀၀) ကျပ်၊ အမေရိကန်ဒေါ်လာ (၁၀) ဒေါ်လာ၊ ကိုရီးယားဝမ် (၇,၀၀၀) ဝမ်၊ ဂျပန်ယမ်းငွေ (၁၀၀၀) ယမ်း၊ ထိုင်းဘတ်ငွေ (၂၀၀) Bath၊ စင်္ကာပူဒေါ်လာ (၁၀) နှုန်း နဲ့ ဒီနေ့ကစပြီး ဖေဖော်ဝါရီ ၂ ရက်အထိရောင်းချပေးမှာဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ ချစ်သုဝေကိုယ်တိုင်ထိုးထားတဲ့ Macrame အိတ်သုံးလုံး မဲဖောက်ပေးမှာဖြစ်ပြီး တတ်နိုင်သူတွေကို အားပေးကြဖို့ ချစ်သုဝေက ဖိတ်ခေါ်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီလတုန်းက ချစ်သုဝေက Our Land လို့ အမည်ပေးထားတဲ့ မြန်မာပြည်မြေပုံ Macrame ကို မဲဖောက်ပေးခဲ့တာဖြစ်ပြီး အလှူငွေ သိန်းသုံးရာကျော်လှူဒါန်းနိုင်ခဲ့ပါတယ်။

ခရစ်စမတ်ကာလကလည်း Macrame တွေရောင်းချပေးခဲ့ပြီး အလှူငွေ သိန်း ၁၈၀ ကျော်ရှာဖွေပေးနိုင်ခဲ့ပါတယ်။

ဒီတစ်ခေါက်ကံစမ်းမဲအတွက်လည်း ချစ်သုဝေ ကိုယ်တိုင်မဲဖောက်ပေးမှာဖြစ်ပြီး မဲဖောက်ပေးမယ့်ရက်ကိုတော့ ပြန်ကြေညာပေးမယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားသူတွေရဲ့ မိသားစုတွေကိုမမေ့လျော့ကြဖို့အဓိကရည်ရွယ်တဲ့ Theatre 21 (ပြဇာတ် ၂၁)ဖျော်ဖြေပွဲကို အောက်တိုဘာ ၁၀ရက်မှာ အမေရိကန်နိုင်ငံမေရီလန်းမှာ ပြုလုပ်မယ်လို့​​ကြေညာပါတယ်။

သတင်း

ဩဂုတ်လမွေးနေ့ရှင် တော်လှန်အနုပညာရှင် ချစ်သုဝေ က သူမရဲ့ မွေးနေ့မှာ သီချင်းသစ်တစ်ပုဒ်ဖြန့်ချိမယ်လို့ အသိပေးထားပါတယ်။

သတင်း

အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ ရောင်နီပွဲက အမေရိကန်ဒေါ်လာ တစ်သိန်းခွဲကျော်ရရှိခဲ့တာ‌ကြောင့် ရောင်နီ ၇ ပွဲကနေ အမေရိကန်ဒေါ်လာ ၅၆၉,၀၀၀ ကျော်ရှာဖွေနိုင်ခဲ့တာဖြစ်ပါတယ်။

သတင်း

အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ပြုလုပ်တဲ့ ရောင်နီ ဖျော်ဖြေပွဲမစတင်မီ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစေကြောင်း တစ်မိနစ် ငြိမ်သက်ဆုတောင်းပြီးမှ ပွဲစတင်ခဲ့တယ်လို့ သိရပါတယ်။