Connect with us

Hi, what are you looking for?

ဗီဒီယို

နွေဦးရဲ့ ချည်လုံးလေးကနေ သိန်း ၁၅၀ ကျော်ရခဲ့တယ်

ဒီကံစမ်းမဲအစီအစဥ်ဖြစ်မြောက်ဖို့ ကူညီပေးသူတွေ လက်မှတ်ရောင်းချပေးသူတွေနဲ့ လက်မှတ်ဝယ်ယူအားပေးသူတွေအားလုံးကို ကျေးဇူးတင်ကြောင်းလည်း မဲဖောက်ပေးတဲ့ Live မှာပြောခဲ့ပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့ ရန်ပုံငွေရှာတဲ့ နွေဦးရဲ့ ချည်လုံးလေး အစီအစဥ်အတွက် လက်မှတ်စောင်ရေ သုံးထောင်ကျော် ရောင်းချခဲ့ရတယ်လို့ သရုပ်ဆောင်ပိုင်ဖြိုးသုကပြောပါတယ်။

” မှန်ရာဝန်ခံရရင် ဒီရန်ပုံငွေအတွက် ကံစမ်းမဲစရောင်းမယ်ဆိုတဲ့အချိန်မှာ သုသု နဂိုမှန်းထားတာက လက်မှတ်စောင်ရေ တစ်ထောင်​လောက်ရောင်းရရင်ကျေနပ်ပြီပေါ့။ အစည်းအဝေးမှာကျတော့ ကူပေးတဲ့ မောင်နှမတွေက သုံးထောင်မှန်းတယ်။ အဲဒီတော့ သုံးထောင်ရောင်းရပါ့မလားဆိုပြီး။ မရောင်းရရင် အားနာတာ။ ဒီ Campaign ဖြစ်ဖို့ သူတို့အားလုံး စိတ်ရောကိုယ်ရော နှစ်ပြီး ဝိုင်းကူပေးနေကြတာဆိုတော့။ Result ထွက်လာတဲ့အချိန်မှာ ၃၁၆၆ စောင်ဆိုတော့ Target တောင်ကျော်သွားတယ်” လို့ မဲနှုက်ပေးတဲ့ Live မှာ ပိုင်ဖြိုးသုကပြောပါတယ်။

ကံစမ်းမဲလက်မှတ်တစ်စောင်ကို မြန်မာငွေ ငါးထောင်ကျပ်နဲ့ ရောင်းချခဲ့တာကြောင့် အလှူငွေ သိန်း ၁၅၀ ကျော်ရှာနိုင်တယ်လို့ အကြမ်းဖျင်းတွက်ချက်လို့ရပါတယ်။

ဒီအစီအစဥ်မှာ ပိုင်ဖြိုးသု ကိုယ်တိုင် ထိုးထားတဲ့ ဈေးဝယ်အိတ်သုံးလုံးကို မဲဖောက်ပေးတာဖြစ်ပြီး
ကံထူးရှင်တွေကို ဇန်နဝါရီ ၂၉ ရက်ညက ပိုင်ဖြိုးသုကိုယ်တိုင်ရွေးချယ်ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကံစမ်းမဲပေါက်သူတွေကို ထပ်တိုးလက်ဆောင် အနေနဲ့ မဲပေါက်တဲ့ အိတ်မှာ ချိတ်ဖို့ Key Chain ထိုးပေးမှာဖြစ်ပြီး မဲပေါက်သူတွေက ကိုယ်လိုချင်တဲ့ အင်္ဂလိပ်စာလုံးလေးကို လက်မှတ်ဝယ်ခဲ့တဲ့ ပေ့ချ်မှာ သွားပြောထားဖို့လည်း ပိုင်ဖြိုးသုကပြောပါတယ်။

ဒီအစီအစဥ်ကနေ ရတဲ့ အလှူငွေတွေကို စစ်ဘေးရှောင်ပြည်သူတွေ ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့အတွက် NUG ရဲ့ ကျန်းမာရေးဌာနကို အားလုံးလှူဒါန်းမယ်လို့ ပိုင်ဖြိုးသုက ပြောပါတယ်။

ဒီကံစမ်းမဲအစီအစဥ်ဖြစ်မြောက်ဖို့ ကူညီပေးသူတွေ လက်မှတ်ရောင်းချပေးသူတွေနဲ့ လက်မှတ်ဝယ်ယူအားပေးသူတွေအားလုံးကို ကျေးဇူးတင်ကြောင်းလည်း မဲဖောက်ပေးတဲ့ Live မှာပြောခဲ့ပါတယ်။

နွေဦးရဲ့ခြည်လုံးလေး အစီအစဥ်ကို ဆက်လက်လုပ်ဆောင်မှာဖြစ်ပြီး နောက်ထပ်လည်း ပါဝင်ကူညီပေးကြပါဦးလို့ ပိုင်ဖြိုးသုကပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်းက စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ဘေးရှောင်နေရတဲ့ဒေသခံပြည်သူ ထောင်နဲ့ချီပြီး စား‌ဝတ်နေရေးခက်ခဲ နေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ကူညီသူတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာရဲ့ အနောက်ဘက် ရှေးဟောင်းသမိုင်းဝင်သစ္စာရဘုရားအနီး စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အသက် ၇၆နှစ်အရွယ် စစ်ဘေးရှောင်အဘိုးအိုတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

ထားဝယ်ဒေသအတွင်း လူသားချင်းစာနာထောက်ထားရေး၊ ပညာရေး လုပ်ငန်းများ ဆောင်ရွက်နေတဲ့ လူငယ် ၃ဦးကို စစ်တပ်က ဖမ်းဆီးပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့တာ ကြားသိရတဲ့အပေါ် ဝမ်းနည်းကြေကွဲကြောင်း ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ(ထားဝယ်ခရိုင်)က ဒီကနေ့ ထုတ်ပြန်ပါတယ်။