Connect with us

Hi, what are you looking for?

ဗီဒီယို

ကင်းထောက်လေယာဉ်ကို တရုတ်စစ်သင်္ဘောက လေဆာနဲ့ လှမ်းထိုးတယ်လို့ ဩစတြေးလျ စွပ်စွဲ

လေဆာရောင်ခြည်ရဲ့ ရင်းမြစ်ကို စုံစမ်းကြည့်တဲ့အခါ တရုတ် ပြည်သူ့ လွတ်မြောက်ရေးတပ်ရဲ့ ရေတပ် သင်္ဘော တစ်စီးဆီက ဖြစ်တယ်လို့ အတည်ပြုနိုင်ခဲ့ကြောင်း ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တရုတ်ရေတပ် စစ်သင်္ဘော တစ်စီးက ဩစတြေးလျ ကင်းထောက် လေယာဉ် တစ်စီးကို လေဆာရောင်ခြည်နဲ့ လှမ်းထိုးခဲ့ကြောင်း ဩစတြေးလျက စွပ်စွဲခဲ့ပါတယ်။

အခု သီတင်းပတ်ထဲမှာ ကြုံတွေ့ခဲ့တဲ့ ဖြစ်စဉ်ကြောင့် လေယာဉ်မှူးတွေ အထိအခိုက် ဖြစ်သွားနိုင်တယ်လို့ ဩစတြေးလျ ကာကွယ်ရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၀ မှာ ပြောကြားခဲ့ပါတယ်။ ဩစတြေးလျ မြောက်ပိုင်း ရေပြင်မှာ ပျံသန်းနေတဲ့ P-8A ကင်းထောက် လေယာဉ်ဟာ လေဆာရောင်ခြည်နဲ့ လှမ်းထိုးတာ ခံခဲ့ရကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုပါတယ်။

လေဆာရောင်ခြည်ရဲ့ ရင်းမြစ်ကို စုံစမ်းကြည့်တဲ့အခါ တရုတ် ပြည်သူ့ လွတ်မြောက်ရေးတပ်ရဲ့ ရေတပ် သင်္ဘော တစ်စီးဆီက ဖြစ်တယ်လို့ အတည်ပြုနိုင်ခဲ့ကြောင်း ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီ ရေတပ် သင်္ဘောဟာ တခြား ရေယာဉ် တစ်စီးကို လုံခြုံရေး လိုက်ပါ စောင့်ရှောက်ရင်း တောရက်စ် ရေလက်ကြားကို ဖြတ်သန်းနေစဉ်မှာ ဩစတြေးလျ ကင်းထောက် လေယာဉ်ကို လေဆာနဲ့ လှမ်းထိုးခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒီလုပ်ရပ်ဟာ ပရော်ဖက်ရှင်နယ် လုံးဝ မပီသသလို လေယာဉ်မှူးတွေကို မတော်တဆ ဒုက္ခရောက်သွားစေနိုင်တဲ့ ဘေးမကင်းတဲ့ အပြုအမူမျိုးလို့ ဩစတြေးလျ ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။ ပြီးတော့ တရုတ်ရေတပ်ရဲ့ တာဝန်မဲ့တဲ့ လုပ်ရပ်အတွက် အပြင်းအထန် ရှုတ်ချကြောင်းလည်း ဆိုပါတယ်။

ပစိဖိတ် သမုဒ္ဒရာနဲ့ ဆက်စပ် ရေပြင်မှာ ဩစတြေးလျ အပါအဝင် အမေရိကန်ရဲ့ မဟာမိတ်တွေနဲ့ တရုတ်ကြားမှာ အခုလို ပြဿနာတွေ ဖြစ်နေတာ သိပ်မဆန်းတော့ပါဘူး။ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကလည်း တရုတ်ရေတပ်ဟာ အမေရိကန်ရဲ့ Poseidon လေယာဉ်တွေကို လေဆာနဲ့ လှမ်းထိုးကြောင်း စွပ်စွဲဖူးပါတယ်။ ဒါပေမဲ့ တရုတ်ကတော့ ဒီကိစ္စဟာ သူတို့လက်ချက် မဟုတ်ဘူးလို့ ငြင်းပါတယ်။

၂၀၁၉ တုန်းကလည်း ဩစတြေးလျ ရေတပ် ရဟတ်ယာဉ် တစ်စီးဟာ တောင်တရုတ်ပင်လယ်မှာ လေဆာနဲ့ အထိုးခံရတဲ့နောက် လုံခြုံရေးကို ဦးစားပေးတဲ့ အနေနဲ့ အရေးပေါ် ဆင်းသက်ခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

BRICS ထိပ်သီးအစည်းအဝေးမှ ပေကျင်း အရေးပေါ်ဆေးရုံအထိ မေးခွန်းထုတ်စရာ သတင်းများ

နိုင်ငံတကာ

ကုန်းပိတ် ဒေသတွေကို ပင်လယ်နဲ့ ရေလမ်းကြောင်း တိုက်ရိုက် ဆက်စပ်ပေးမယ့် တူးမြောင်းကြီး တစ်ခုကို တရုတ်က စတင်ဖွင့်လှစ်လိုက်ပါတယ်။

သတင်း

စစ်သင်္ဘော ၈စီး ထိခိုက်အောင် တိုက်ခိုက်ထားပြီး တချို့နစ်မြုပ်၊ သင်္ဘော ၂စီး ရွှေကူဘက် ပြန်လှည့်သွား

သတင်း

ပျက်ကျတယ်လို့ယူဆရတဲ့နေရာကို KIA ပူးပေါင်းတပ် လိုက်လံရှာ​ဖွေ