Connect with us

Hi, what are you looking for?

ဗီဒီယို

ခံတပ်ကြီးတစ်ခုအသွင် ပြောင်းလဲလာနေတဲ့ ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်

ကိယက်ဗ် မြို့ခံတွေဟာ အဓိက လမ်းမကြီးတွေမှာ အတားအဆီးတွေ ချထားပြီး ရုရှားတပ်တွေ ရှေ့တိုးလာဖို့ ခက်ခဲအောင် မျိုးစုံ ဟန့်တားနေကြပါတယ်။ တစ်ဖက်မှာလည်း ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီး ပစ်ခတ်မှုတွေ ဒဏ်ကြောင့် ကိယက်ဗ် ဆင်ခြေဖုံး ဧရိယာ တော်တော်များများဟာ ဆိုးဆိုးရွားရွား ပျက်စီးနေပါပြီ။

ရုရှားစစ်တပ်ရဲ့ ထိုးစစ်တွေကို ကြံ့ကြံ့ခံရင်း ယူကရိန်းနိုင်ငံရဲ့ မြို့တော် ကိယက်ဗ်ဟာ ခံတပ်ကြီးတစ်ခု အသွင်မျိုး တဖြည်းဖြည်း ပြောင်းလဲလာနေပြီ ဖြစ်ပါတယ်။

ရုရှားတပ်တွေဟာ ကျူးကျော်စစ် အစပြုခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက် ကတည်းက ကိယက်ဗ်ကို သိမ်းယူဖို့ ကြိုးစားခဲ့ပေမယ့် ယူကရိန်း စစ်တပ်နဲ့ ပြည်သူ့စစ်တွေရဲ့ ကျားကုတ်ကျားခဲ ခုခံမှုကြောင့် ရှေ့မတိုးနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကိယက်ဗ်မြို့ အစွန်အဖျားမှာ တိုက်ပွဲတွေက ပိုမို ပြင်းထန်လာနေပါတယ်။

ရုရှားဟာ တင့်ကားတွေ၊ သံချပ်ကာယာဉ်တွေ၊ ဒုံးကျည်စနစ်တွေ၊ ထရပ်ကားတွေ၊ ဆီတင်ယာဉ်တွေ တန်းစီပြီး မိုင် ၄၀ လောက် ရှည်လျားတဲ့ ယာဉ်တန်းကြီးနဲ့ ကိယက်ဗ်ကို ချဉ်းကပ်လာခဲ့ပါတယ်။ ဒါပေမဲ့ ကြားဖြတ် အလစ်အငိုက် တိုက်ခိုက်မှုတွေကြောင့် အခုဆိုရင် အဲဒီယာဉ်တန်းကြီးက စနစ်တကျ မချီတက်နိုင်တော့ဘဲ နေရာတွေ ကျဲပြန့်ကုန်တာကို ဂြိုဟ်တုက ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေမှာ တွေ့နိုင်ပါတယ်။

ကိယက်ဗ် မြို့ခံတွေဟာ အဓိက လမ်းမကြီးတွေမှာ အတားအဆီးတွေ ချထားပြီး ရုရှားတပ်တွေ ရှေ့တိုးလာဖို့ ခက်ခဲအောင် မျိုးစုံ ဟန့်တားနေကြပါတယ်။ တစ်ဖက်မှာလည်း ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီး ပစ်ခတ်မှုတွေ ဒဏ်ကြောင့် ကိယက်ဗ် ဆင်ခြေဖုံး ဧရိယာ တော်တော်များများဟာ ဆိုးဆိုးရွားရွား ပျက်စီးနေပါပြီ။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၂၄ ရက်က ကိယက်ဗ်မှာ လေကြောင်း အန္တရာယ် အချက်ပေး ဥဩသံတွေ ဆူညံသွားတဲ့နောက် ပြည်သူတွေက မကြာခင် ကိယက်ဗ်မြို့ကြီး ကျဆုံးသွားမလားလို့ စိုးရိမ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ယူကရိန်း စစ်တပ်ရဲ့ ခံစစ်က အရမ်းမာကျောခဲ့သလို အခုဆိုရင် စစ်သည်တွေရော၊ ပြည်သူ့စစ်တွေပါ စိတ်ဓာတ် ပိုမို တက်ကြွလာနေကြပါတယ်။

စစ်ရေး ကျွမ်းကျင်သူတွေက လေ့ကျင့်သား ပြည့်ဝပြီး စစ်လက်နက် သာလွန်တဲ့ ရုရှား စစ်တပ်ဟာ ယူကရိန်းအပေါ် သိသိသာသာ အသာစီး ယူနိုင်လိမ့်မယ်လို့ တွက်ချက်ခဲ့ပါတယ်။ ဒီခန့်မှန်းချက်တွေ မှားယွင်းကြောင်းကို စစ်ပွဲရဲ့ ပထမ သီတင်းနှစ်ပတ်တာ ဖြတ်သန်းခဲ့တဲ့ ကာလတွေက သက်သေ ခံနေခဲ့ပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကလည်း သူဟာ ကိယက်ဗ်ကို စွန့်ခွာမသွားဘဲ အစွမ်းကုန် ခုခံတိုက်ခိုက်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ပြည်သူတွေကို အသိပေးထားပါတယ်။ ရုရှားဟာ စစ်ပွဲ ကြာလာလေလေ၊ ပိုပြီး အထိနာလေလေမို့ ကိယက်ဗ်ကို သိမ်းယူဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေပေမယ့် အကြီးအကျယ် အခက်ကြုံနေရဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

သတင်း

အကြီးစား တိုက်ခိုက်မှု တစ်ခုအတွက် ရုရှားက ပြင်ဆင်နေကြောင်း ယူကရိန်း သမ္မတက သတိပေးခဲ့ပြီး နောက်တစ်နေ့မှာပဲ ရုရှားက ယူကရိန်းအနှံ့ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးတွေ အပါအဝင် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။