Connect with us

Hi, what are you looking for?

ဗီဒီယို

ကြားနေဝါဒကို လက်ခံ စဉ်းစားသွားဖွယ် ရှိတယ်လို့ ယူကရိန်း သမ္မတပြော

ဇီလန်စကီးက ကြားနေဝါဒကို လက်ခံဖို့ စဉ်းစားမှာဖြစ်ကြောင်း အရင်ကလည်း ပြောဖူးပေမယ့် အလေးအနက် သဘောမျိုးတော့ မဟုတ်ပါဘူး။ လွတ်လပ်တဲ့ ရုရှား ဂျာနယ်လစ်တွေနဲ့ ပြုလုပ်ခဲ့တဲ့ အခုတစ်ကြိမ် အင်တာဗျူးမှာတော့ ဇီလန်စကီးက ကြားနေဝါဒ လက်ကိုင်ထားရေးဟာ စစ်ပွဲကို အဆုံးသတ်မယ့် လမ်းကြောင်း တစ်ခုအဖြစ် ယူဆနိုင်ကြောင်း မှတ်ချက် ပေးသွားပါတယ်။

ရုရှားနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲကို ရပ်တန့်ဖို့ဆိုရင် ယူကရိန်း အနေနဲ့ ကြားနေရေး ဝါဒကို လက်ခံကျင့်သုံးဖို့လည်း ဆွေးနွေးရမှာ ဖြစ်တယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော် စစ်ပြုခဲ့ရာမှာ ယူကရိန်း အစိုးရက NATO မဟာမိတ် အဖွဲ့ထဲ ဝင်ရောက်ဖို့ ကြိုးစားခဲ့ခြင်းက အဓိက အကြောင်းရင်း တစ်ခု ဖြစ်ခဲ့တယ်လို့ နိုင်ငံတကာအရေး လေ့လာသူ အားလုံးလိုလိုက လက်ခံထားပါတယ်။ အိမ်နီးချင်း ယူကရိန်း နိုင်ငံမှာသာ NATOတပ်တွေ ဖြန့်ကျက်လာမယ်ဆိုရင် ရုရှားရဲ့ လုံခြုံရေးအတွက် အကြီးအကျယ် ခြိမ်းခြောက်ခံရတော့မယ့် အခြေအနေ ရှိနေပါတယ်။

ဇီလန်စကီးက ကြားနေဝါဒကို လက်ခံဖို့ စဉ်းစားမှာဖြစ်ကြောင်း အရင်ကလည်း ပြောဖူးပေမယ့် အလေးအနက် သဘောမျိုးတော့ မဟုတ်ပါဘူး။ လွတ်လပ်တဲ့ ရုရှား ဂျာနယ်လစ်တွေနဲ့ ပြုလုပ်ခဲ့တဲ့ အခုတစ်ကြိမ် အင်တာဗျူးမှာတော့ ဇီလန်စကီးက ကြားနေဝါဒ လက်ကိုင်ထားရေးဟာ စစ်ပွဲကို အဆုံးသတ်မယ့် လမ်းကြောင်း တစ်ခုအဖြစ် ယူဆနိုင်ကြောင်း မှတ်ချက် ပေးသွားပါတယ်။

ကြားနေဝါဒ လက်ကိုင်ထားကြောင်း ကြေညာထားတဲ့ နိုင်ငံတစ်ခုဟာ ဘယ်လို စစ်မဟာမိတ် အင်အားစုမျိုးမှာမှ မပါဝင်ဘဲ သီးခြား ရပ်တည်ဖို့ လိုပါတယ်။ တူရကီမှာ ယူကရိန်းနဲ့ ရုရှား ကိုယ်စားလှယ်တွေ ငြိမ်းချမ်းရေး ဆွေးနွေးမယ့် သတင်းတွေ အပြီးမှာ ဇီလန်စကီးက အခုလို ပြောဆိုလာတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်းက ကြားနေဝါဒကို လက်ခံပေးလိုက်ပြီဆိုရင် နိုင်ငံရဲ့ လုံခြုံရေးအတွက် အာမခံ ရှိဖို့လည်း လိုကြောင်း၊ ယူကရိန်းဟာ နျူကလီးယား လက်နက် ကင်းစင်တဲ့ ရပ်တည်မှုကို လက်ခံပြီး ရှေ့ဆက် ရပ်တည်ဖို့ အသင့်ရှိကြောင်း ဗီဒီယို အင်တာဗျူးမှာ ဇီလန်စကီးက ရုရှားဘာသာနဲ့ ပြောကြားသွားပါတယ်။

ရုရှားရဲ့ ကျူးကျော်မှုဟာ ယူကရိန်းမှာ ရှိနေတဲ့ ရုရှား စကားပြောတဲ့ အနွယ်တွေ နေထိုင်ရာ မြို့တွေကိုပါ ပျက်စီးစေခဲ့တယ်လို့လည်း ဇီလန်စကီးက ဆိုပါတယ်။ သူက ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ အရေးအကြီးဆုံး အဆင့်တစ်ခုက ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံဖို့ ဖြစ်ကြောင်း၊ ယူကရိန်းဟာ နောက်ထပ် ရန်ပြု တိုက်ခိုက်မှု မခံရတော့တာ သေချာပါတယ်ဆိုတဲ့ အာမခံချက်မျိုး ရရှိဖို့ သိပ်အရေးကြီးကြောင်းလည်း ထပ်လောင်း ပြောဆိုသွားပါတယ်။

ဒါ့အပြင် ယူကရိန်းဟာ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေအတွက် အနှောင့်အနှေးမရှိ လက်ခံ အဖြေရှာသွားမယ်လို့လည်း သူက ကတိပြုခဲ့ပါတယ်။ ရုရှား သမ္မတ ပူတင်ဟာ ယူကရိန်းကို ကြားနေ နိုင်ငံအဖြစ် ရပ်တည်ဖို့ ကာလရှည်ကြာ တောင်းဆိုခဲ့ပြီး NATO အဖွဲ့နဲ့ မပူးပေါင်းဖို့ ဖိအားပေးခဲ့ပါတယ်။ ဒါပေမဲ့ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲရာက ခွဲထွက်လာတဲ့နောက် ယူကရိန်းဟာ NATOနဲ့ ဥရောပ သမဂ္ဂတို့ဆီ ပိုမို နီးစပ် ယိမ်းယိုင်လာပြီး ရုရှားနဲ့ ဆက်ဆံရေး ဆုတ်ယုတ် ကျဆင်းလာခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတကာ

ယူကရိန်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှိလာရင်တောင်မှ တိုက်ခိုက်မှုတွေကိုတော့ ရုရှားက ရပ်တန့်ထားမှာ မဟုတ်ကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

Facebook