Connect with us

Hi, what are you looking for?

ဗီဒီယို

ပြည့်သူရင်ပြင်ရှေ့ဖြတ်မောင်းတဲ့ကားတွေကို မဏ္ဍပ်ရှေ့ရေပက်ခံဖို့ဖိအားပေး

ပြည်သူ့ရင်ပြင်ထဲမှာဆောက်လုပ်ထားတဲ့ ရေကစားမဏ္ဍပ်ရှိတဲ့နေရာမှာတော့ ပြည်လမ်းပေါ်ကနေလုံခြုံရေးစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာကြောင့် ယာဉ်ကြောပိတ်ဆို့တာတွေလည်းရှိခဲ့ပါတယ်။

စစ်ကောင်စီက သင်္ကြန်ကို စည်ကား‌အောင်ပြင်ခဲ့ပေမယ့် ဒီကနေ့အကြိုနေ့မှာ ရန်ကုန်မြို့မှာ ရေကစားသူမရှိသလောက်နည်းပါးခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေ လုံခြံရေးအပြည့်ယူထားတဲ့ ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်မှာတော့ စစ်တပ်ထောက်ခံတဲ့ အနုပညာရှင်တွေရဲ့ ဖျော်‌ဖြေမှုတွေ ပြုလုပ်ခဲ့ပေမယ့် စည်ကားခြင်းမရှိခဲ့ပါဘူး။

မြို့တော်ဝန်မဏ္ဍပ်ရှိတဲ့နေရာပတ်ပတ်လည်ကို လုံခြုံရေးအပြည့်ယူထားပြီး ဆူးလေလမ်းမဘက်မှာတော့ ကားအချို့ကိုဝင်ခွင့်ပြုနေတာတွေ့ရပါတယ်။

စစ်ကောင်စီ ပြုလုပ်တဲ့ သင်္ကြန်မှာ မပျော်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တောင်းဆိုထားတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အရင်က သင်္ကြန်ဆိုရင် မြူးမြူးကြွကြွ သင်္ကြန်သီချင်းတွေ နေရာတိုင်းမှာ ညံနေတတ်ပေမယ့် ဒီနေ့မှာတော့ ရန်ကုန်မြို့ရဲ့နေရာတော်တော်များများမှာ သင်္ကြန်သီချင်းသံမကြားရသလောက်ပါပဲ။

စစ်ကောင်စီကတော့ သူတို့ဆောက်လုပ်ထားတဲ့ မဏ္ဍပ်တွေတိုင်းမှာ လုံခြုံရေးအပြည့် ယူထားတာယူထားတာတွေ ရှိသလို အချို့လမ်းတွေမှာလည်း စစ်ကားတွေ ရပ်ထားတာကိုတွေ့ခဲ့ရပါတယ်။

ပြည်သူ့ရင်ပြင်ထဲမှာဆောက်လုပ်ထားတဲ့ ရေကစားမဏ္ဍပ်ရှိတဲ့နေရာမှာတော့ ပြည်လမ်းပေါ်ကနေလုံခြုံရေးစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာကြောင့် ယာဉ်ကြောပိတ်ဆို့တာတွေလည်းရှိခဲ့ပါတယ်။

ဒါ့အပြင် ပြည့်သူရင်ပြင်နားဖြတ်မောင်းတဲ့ကားတွေကို မဏ္ဍပ်ရှေ့အတင်းဖြတ်ခိုင်းနေတယ်လို့ အဲဒီနေရာကို ရောက်ခဲ့တဲ့ပြည်သူတစ်ဦးက လမ်းရှောင်မောင်းကြဖို့ သတိပေးထားပါတယ်။

သင်္ကြန်ကာလမှာ ရပ်နားမယ်လို့ ကြေညာထားတဲ့ YBS အချို့လည်းပြေးဆွဲခဲ့ပြီး အချို့ကားတွေကတော့ ယာဉ်စီးခ ၅၀၀ အထိတိုးမြှင့်ကောက်ခံနေပါတယ်။

ပုံမှန်သွားလာနေသူတွေရှိပေမယ့်သင်္ကြန်ကာလ ရုံးပိတ်ရက်ရှည်ကြောင့် ရန်ကုန်မြို့ကြီးသည် ယခင်ထက်ပိုမိုတိတ်ဆိတ်နေတာတော့ အမှန်ပါပဲ။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။