Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ယူကရိန်း နာမည်ကျော် လေသူရဲ ကိယက်ဗ်တစ္ဆေ ကျဆုံးသွားပြီလို့ အတည်ပြု

ဧပြီ ၂၉ ရက်မှာတော့ Times of London သတင်းဌာနက ကိယက်ဗ်တစ္ဆေဟာ တိုက်ပွဲမှာ ကျဆုံးသွားခဲ့ပြီလို့ ဖော်ပြလာခဲ့ပါတယ်။ ပြီးတော့ အရင်က လူမသိတဲ့ လေယာဉ်မှူးရဲ့ အကြောင်းအရာ တချို့ကိုလည်း ထုတ်ဖော် ရေးသားလာပါတယ်။

စစ်ပွဲ အစောပိုင်း နေ့ရက်တွေမှာ အထူးတလည် နာမည်ကြီးခဲ့တဲ့ ယူကရိန်း လေသူရဲ ကိယက်ဗ်တစ္ဆေဟာ တိုက်ပွဲမှာ ကျဆုံးသွားပြီလို့ ဗြိတိန် မီဒီယာ တစ်ခုက ထုတ်ဖော် ရေးသားလာခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်မှာ ရုရှားက ယူကရိန်းကို အင်အား အလုံးအရင်းနဲ့ စတင် ကျူးကျော်ခဲ့ပြီး ယူကရိန်း ကာကွယ်ရေး တပ်ဖွဲ့တွေကလည်း ရွပ်ရွပ်ချွံချွံ ခုခံခဲ့ကြပါတယ်။ အဲဒီအတောအတွင်း လျှို့ဝှက်ပြီး ပဟေဠိဆန်တဲ့ ယူကရိန်း လေသူရဲ တစ်ဦးရဲ့ အကြောင်းဟာ ပြည်သူတွေကြားမှာ ဒဏ္ဍာရီဆန်ဆန် ထွက်ပေါ်လာပါတယ်။

ကိယက်ဗ်တစ္ဆေလို့ မီဒီယာတွေက ညွှန်းဆိုကြတဲ့ တိုက်လေယာဉ်မှူးဟာ ရန်သူ့လေယာဉ် တော်တော်များများကို ပစ်ချပြခဲ့တဲ့နောက် လျင်လျင်မြန်မြန် သတင်းကြီးလာခဲ့ပါတယ်။ သူမောင်းနှင်တယ်ဆိုတဲ့ MiG-29 တိုက်လေယာဉ် တစ်စီးရဲ့ ဓာတ်ပုံကလည်း လူမှုကွန်ရက် မီဒီယာတွေမှာ ပျံ့နှံ့လာပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ကိယက်ဗ် တစ္ဆေရဲ့ အကြောင်းက တခြား စစ်သတင်းတွေအောက်မှာ ဖုံးလွှမ်း ပျောက်ကွယ်နေခဲ့ပါတယ်။

ဧပြီ ၂၉ ရက်မှာတော့ Times of London သတင်းဌာနက ကိယက်ဗ်တစ္ဆေဟာ တိုက်ပွဲမှာ ကျဆုံးသွားခဲ့ပြီလို့ ဖော်ပြလာခဲ့ပါတယ်။ ပြီးတော့ အရင်က လူမသိတဲ့ လေယာဉ်မှူးရဲ့ အကြောင်းအရာ တချို့ကိုလည်း ထုတ်ဖော် ရေးသားလာပါတယ်။

Public Service Announcement

Public Service Announcement

ကိယက်ဗ် တစ္ဆေဟာ ယူကရိန်း လေတပ်ရဲ့ ဗိုလ်မှူး စတီပန် တာရာဘော်လ်ကာဆိုသူ ဖြစ်ပြီး ကလေးတစ်ယောက်ရဲ့ ဖခင်လို့ သိရပါတယ်။ သူဟာ အရင်ကတည်းက လေတပ်ရဲ့ အရည်အချင်း အပြည့်ဝဆုံး လေသူရဲ တစ်ဦးအဖြစ် သတ်မှတ် ခံထားရပါတယ်။

တာရာဘော်လ်ကာဟာ စစ်ပွဲစပြီး တစ်လမပြည့်ခင်မှာတင် ရုရှား လေယာဉ်ပေါင်း ၄၀ လောက်ကို ပစ်ချခဲ့တယ်လို့ ယုံကြည်ရပါတယ်။ ဒါပေမဲ့ မတ်လ ၁၃ ရက်မှာတော့ အင်အား အလုံးအရင်း သာလွန်တဲ့ ရန်သူ လေတပ်ဖွဲ့ကို တွန်းလှန်ရင်း တာရာဘော်လ်ကာ အသက်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ ယူကရိန်း အစိုးရဟာ နိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာ အမြင့်ဆုံး သူရဲကောင်း တံဆိပ်ကို တာရာဘော်လ်ကာအတွက် ချီးမြှင့်ခဲ့ကြောင်း သူ့မိသားစုက ပြောပါတယ်။

သူ့ရဲ့ ဒဏ္ဍာရီဆန်တဲ့ သူရဲကောင်း ပုံပြင်ကို ယူကရိန်း အာဏာပိုင်တွေက ဝါဒဖြန့်ခဲ့ချိန်မှာ တွေ့ရတဲ့ သူ့ကိုယ်ပိုင် လေသူရဲ ဦးဆောင်းနဲ့ မျက်မှန်တွေကို လန်ဒန်မြို့မှာ လေလံတင် ရောင်းချဖို့ စီစဉ်နေကြောင်းလည်း သိရပါတယ်။ စစ်ပွဲ အစောပိုင်း ကာလတွေမှာတော့ တာရာဘယ်လ်ကာဟာ ဘယ်သူဘယ်ဝါ မသိရတဲ့ ပဟေဠိဆန်ဆန် အမျိုးသား သူရဲကောင်း တစ်ဦးအဖြစ် ယူကရိန်း ပြည်သူတွေကို စိတ်ဓာတ် တက်ကြွစေခဲ့ပါတယ်။ သူဟာ ရုရှားတပ်တွေ စတင်ကျူးကျော်လာတဲ့ ပထမဆုံး နေ့မှာတင် ရုရှားတိုက်လေယာဉ် ၆ စီးကို ပစ်ချခဲ့ကြောင်း သိရပါတယ်။

သူ့အကြောင်း လူပြောများလာတဲ့နောက် ယူကရိန်း စစ်တပ်က MiG-29 တိုက်လေယာဉ်နဲ့အတူ မျက်နှာကို ဖုံးကွယ်ထားတဲ့ လေသူရဲ တစ်ဦးရဲ့ ဓာတ်ပုံကို Twitterမှာ ဖော်ပြခဲ့ပါတယ်။ အဲဒီတုန်းက ကိယက်ဗ် တစ္ဆေဆိုတာ တကယ်ရှိတာလား၊ ယူကရိန်းဖက်က ဝါဒဖြန့်နေတဲ့ ပုံဖော် ဖန်တီးမှု တစ်ခုလား ဆိုတာကို ဒွိဟ မေးခွန်းတွေ မြင့်တက်နေခဲ့ပါတယ်။

တာရာဘော်လ်ကာ ကျဆုံးသွားတဲ့နောက် သူ့မိဘနှစ်ပါးက NPRကို အင်တာဗျူး ဖြေခဲ့ပေမယ့် သူတို့သား ဘယ်သူဘယ်ဝါ ဆိုတာကိုတော့ မဖော်ထုတ်ခဲ့ပါဘူး။ သူတို့သားဟာ မစ်ရှင်တစ်ခုအတွက် တာဝန်ပေး ခံခဲ့ရကြောင်း၊ အဲဒီ မစ်ရှင်ကို အောင်မြင် ပြီးမြောက်အောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် သူတို့သား အိမ်ပြန်မလာနိုင်ခဲ့ကြောင်း ဖခင်ဖြစ်တဲ့ အီဗွန် တာရာဘော်လ်ကာက ဆိုပါတယ်။

တာရာဘော်လ်ကာဟာ ငယ်ငယ်ကတည်းက စစ်လေယာဉ်ကွင်း တစ်ခုနားက ကိုရိုလစ်ဗ်ကာဆိုတဲ့ ရွာလေးမှာ နေထိုင်ကြီးပြင်းခဲ့ပြီး တိုက်လေယာဉ်မှူးတစ်ယောက် ဖြစ်လာဖို့ အမြဲတမ်း ရည်မှန်းနေခဲ့တယ်လို့ သိရပါတယ်။ ပြီးတော့ လေထီးဆင်း တပ်သားတွေ လေထီးခုန်တဲ့ အခါ မြေပြင်ပေါ် ကျလာတဲ့နားထိ ပြေးသွားပြီး စပ်စုလေ့ ရှိတယ်လို့လည်း ဆိုပါတယ်။ သူ့သားဟာ ငယ်ငယ်လေး ကတည်းက ကောင်းကင်မှာ ပျံဝဲဖို့ အိပ်မက်တစ်ခု ရှိခဲ့ပြီး လက်တွေ့ ဖြစ်မြောက်အောင် ကြိုးစားခဲ့ကြောင်း၊ သူအပျော်ရွှင်ဆုံး အလုပ်က တိမ်တွေရဲ့ အထက်မှာ ပျံသန်းနေဖို့ ဖြစ်ကြောင်း မိခင်ကြီး နာတာလီရာ တာရာဘော်လ်ကာကလည်း ပြောပြသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

IAEAဟာ အရင်ကတည်းက ဇာပေါ့ရစ်ဇီရာ ဓာတ်အားပေးစက်ရုံ တိုက်ခိုက်ခံရနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးကို အကြိမ်ကြိမ် သတိပေးခဲ့ဖူးပါတယ်။

နိုင်ငံတကာ

ရုရှားဖက်ကတော့ လေတပ်စခန်း တိုက်ခိုက်ခံရတယ် ဆိုတာကို ငြင်းဆိုပြီး ရော့စတော့ဗ်အပြင် အနီးတဝိုက် ဒေသတွေကို ကျူးကျော်လာတဲ့ ရန်သူဒရုန်း ၄၀ ကျော်ကို အကုန်အစင် ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း

ကိုမာန်ဇာမြေမွန်နှင့် ကိုအောင်ကျော်ဇင်တို့အား မြို့တော်ခန်းမအတွင်းရှိ စစ်သားများက ရိုက်နှက် နှိပ်စက်ခဲ့ရာ ကိုအောင်ကျော်ဇင်မှာ မတ်လ (၂၉) ရက်နေ့တွင် ကျဆုံးခဲ့ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောကြားသည်။