Connect with us

Hi, what are you looking for?

ဗီဒီယို

လေပိုင်နက် ကျူးကျော်ပြီး သူလျှိုလေယာဉ် ပျံသန်းစေခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်ကို ဒိန်းမတ်နဲ့ ဆွီဒင် ရှုတ်ချ

ယူကရိန်းကို ကျူးကျော် တိုက်ခိုက်မှုအတွက် ရုရှားနဲ့ အနောက်အုပ်စု နိုင်ငံတွေကြား ဆက်ဆံရေး အတင်းမာဆုံး ဖြစ်နေချိန်မှာ ရုရှားလေယာဉ်က အခုလို လေပိုင်နက် ကျူးကျော် ပျံသန်းတာမျိုး ဖြစ်ခဲ့တာပါ။ ဒိန်းမတ်ဟာ NATO အဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်ပြီး ဆွီဒင်ကတော့ ဖင်လန်နဲ့အတူ NATO အဖွဲ့ဝင်အဖြစ် လျှောက်ထားဖို့ စီစဉ်နေပါတယ်။

သူလျှိုလေယာဉ် ဖြတ်ပျံခဲ့တဲ့ လုပ်ရပ်အတွက် ဒိန်းမတ်နဲ့ ဆွီဒင်တို့က ရုရှား သံအမတ်တွေကို အသီးသီး ဆင့်ခေါ်ပြီး တရားဝင် ကန့်ကွက် ရှုတ်ချသွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ရုရှားရဲ့ သူလျှိုလေယာဉ် တစ်စီးဟာ ဒိန်းမတ်နိုင်ငံ အရှေ့ဖျားက ဘွန်ဟွမ်းလ်ကျွန်း လေပိုင်နက်ထဲ ဝင်ရောက်ခဲ့ပြီး အဲဒီကတဆင့် ဆွီဒင် လေပိုင်နက်ကိုပါ ကျူးကျော်ခဲ့တယ်လို့ စကန်ဒီနေးဗီးယား ဒေသတွင်း နှစ်နိုင်ငံ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

ယူကရိန်းကို ကျူးကျော် တိုက်ခိုက်မှုအတွက် ရုရှားနဲ့ အနောက်အုပ်စု နိုင်ငံတွေကြား ဆက်ဆံရေး အတင်းမာဆုံး ဖြစ်နေချိန်မှာ ရုရှားလေယာဉ်က အခုလို လေပိုင်နက် ကျူးကျော် ပျံသန်းတာမျိုး ဖြစ်ခဲ့တာပါ။ ဒိန်းမတ်ဟာ NATO အဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်ပြီး ဆွီဒင်ကတော့ ဖင်လန်နဲ့အတူ NATO အဖွဲ့ဝင်အဖြစ် လျှောက်ထားဖို့ စီစဉ်နေပါတယ်။

ဒိန်းမတ် နိုင်ငံခြားရေးဝန်ကြီး ဂျပ်ပီ ကိုဖော့ဒ်က သူဟာ သူလျှိုလေယာဉ် ပျံသန်းစေမှုအတွက် မေလ ၂ ရက်မှာ ရုရှား သံအမတ်ကြီးကို ဆင့်ခေါ်ပြီး ကန့်ကွက်သွားမယ်လို့ ပြောပါတယ်။ ဆွီဒင် အစိုးရကလည်း စတော့ခ်ဟုမ်းမြို့မှာ ရှိနေတဲ့ ရုရှား သံအမတ်ကို ဒီကိစ္စနဲ့ ပတ်သက်လို့ တရားဝင် အရေးဆိုမယ်လို့ ကြေညာထားပါတယ်။

Public Service Announcement

Public Service Announcement

ကိုဖော့ဒ်က ရုရှားရဲ့ လုပ်ရပ်ဟာ လက်ခံနိုင်စရာ မရှိသလို မလိုလားအပ်တဲ့ တင်းမာမှုတွေကို ဖိတ်ခေါ်ရာ ရောက်နေကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ ဆွီဒင် ကာကွယ်ရေးဝန်ကြီး ပီတာ ဟူးလ်ကွစ်ဗ်ကလည်း ပေါ်ပေါ်ထင်ထင် လေပိုင်နက် ကျူးကျော်ပြခဲ့တဲ့ လုပ်ရပ်ဟာ မနှစ်မြို့စရာ ကိစ္စ၊ ပရော်ဖက်ရှင်နယ် မပီသတဲ့ ကိစ္စမျိုးလို့ သတင်းထောက်တွေကို ပြောသွားပါတယ်။

မတ်လဆန်းတုန်းကလည်း ရုရှား တိုက်လေယာဉ် လေးစီးဟာ ဆွီဒင် လေပိုင်နက်ထဲ ကျူးကျော် ဝင်ရောက်ခဲ့ဖူးပါသေးတယ်။ ဖေဖော်ဝါရီ ၂၄ ရက်မှာ ရုရှားက ယူကရိန်းကို ကျူးကျော် စစ်ပြုခဲ့တဲ့နောက် စကန်ဒီနေးဗီးယား ဒေသတွင်းက နိုင်ငံတွေမှာ စိုးရိမ်မှုတွေ မြင့်တက်လာပြီး NATOနဲ့ ပူးပေါင်းဖို့ ပိုပြီး အားထည့် ကြိုးစားလာနေကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒိန်းမတ် ရဟတ်ယာဉ်ကို ရုရှားစစ်သင်္ဘောက မီးကျည်နဲ့ လှမ်းပစ်ခဲ့တဲ့ လုပ်ရပ်အပေါ် ဥရောပ သမဂ္ဂ (EU)က အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။