Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဒိန်းမတ်ရဲ့ သမိုင်းဝင် ရှေးလက်ရာ စတော့အိတ်ချိန်း အဆောက်အအုံ မီးလောင်ပျက်စီး

ဘော်ဆန် အဆောက်အအုံကို ၁၆၂၅ ခုနှစ်တုန်းက ဒိန်းမတ်လွှတ်တော်၊ ခရစ္စရှန်ဘော့ဂ် တော်ဝင်နန်းတော်တို့နဲ့ သိပ်မဝေးတဲ့ နေရာမှာ တည်ဆောက်ခဲ့တာပါ။ မီးလောင်မှု ဖြစ်နေချိန်အတွင်း အနားမှာရှိတဲ့ ရင်ပြင်က လူစုလူဝေးကိုလည်း ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

ဒိန်းမတ်ရဲ့ သမိုင်းဝင် ရှေးလက်ရာ စတော့အိတ်ချိန်း အဆောက်အအုံ မီးလောင်ပျက်စီး
ဒိန်းမတ်ရဲ့ သမိုင်းဝင် ရှေးလက်ရာ စတော့အိတ်ချိန်း အဆောက်အအုံ မီးလောင်ပျက်စီး

ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင် မြို့တော်ရဲ့ သမိုင်းဝင် စတော့အိတ်ချိန်း အဆောက်အအုံဟာ မီးလောင် ပျက်စီးသွားခဲ့ကြောင်း သိရပါတယ်။

၁၇ ရာစု လက်ရာ ဘော်ဆန် အဆောက်အအုံဟာ မြို့ထဲမှာ သက်တမ်း အရင့်ဆုံး ရှေးဗိသုကာ လက်ရာတစ်ခုလည်း ဖြစ်ပါတယ်။ ဧပြီ ၁၆ ရက်နေ့ မနက်ပိုင်းက အဆောက်အအုံရဲ့ ထိပ်ဖက် စုလစ်မွန်းချွန်မှာ မီးတွေ စွဲလောင်နေတာကို ဒေသခံတွေက အသည်းနာနာနဲ့ တွေ့မြင်နေခဲ့ရပါတယ်။

ကံအားလျော်စွာနဲ့ပဲ အဆောက်အအုံထဲမှာ ရှိနေသူ အားလုံးကိုတော့ ဘေးလွတ်ရာ အချိန်မီ ရွှေ့ပြောင်းပေးနိုင်ခဲ့ပါတယ်။ တချို့ကလည်း အဆောက်အအုံထဲက သမိုင်းဝင် သက်တမ်းရင့် ပန်းချီကားချပ်တွေကို တစ်ပါတည်း ဆွဲထုတ်ယူလာခဲ့ကြပါတယ်။

ယဉ်ကျေးမှုဝန်ကြီး ဂျက်ကော့ဘ် အီးဂဲလ် ရှမစ်ဒ်က နှစ်ပေါင်း ၄၀၀ လောက် သက်တမ်းရှိပြီး ဒိန်းမတ်ရဲ့ ယဉ်ကျေးမှု အမွေအနှစ်ဖြစ်တဲ့ အဆောက်အအုံကြီးဟာ မီးလျံတွေနဲ့အတူ ပျောက်ဆုံး ပျက်စီးသွားခဲ့ပြီလို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဘော်ဆန် အဆောက်အအုံကို ၁၆၂၅ ခုနှစ်တုန်းက ဒိန်းမတ်လွှတ်တော်၊ ခရစ္စရှန်ဘော့ဂ် တော်ဝင်နန်းတော်တို့နဲ့ သိပ်မဝေးတဲ့ နေရာမှာ တည်ဆောက်ခဲ့တာပါ။ မီးလောင်မှု ဖြစ်နေချိန်အတွင်း အနားမှာရှိတဲ့ ရင်ပြင်က လူစုလူဝေးကိုလည်း ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

ဒိန်းမတ်ရဲ့ စတော့အိတ်ချိန်း အဆောက်အအုံဟောင်းကို အကြီးစား မွမ်းမံပြင်ဆင်မှုတွေ လုပ်ဆောင်နေပြီး ငြမ်းတွေ ဆင်ထားခဲ့သလို ပလတ်စတစ် အကာအကွယ်တွေနဲ့ ဖုံးလွှမ်းထားခဲ့ပါတယ်။ မီးလောင်မှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးဘဲ ပျက်စီးနေတဲ့ ငြမ်းအစိတ်အပိုင်းတွေကြောင့် ချဉ်းကပ်စုံစမ်းမှုတွေမှာ ပိုပြီး အခက်တွေ့နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒိန်းမတ် မီဒီယာ တချို့ကတော့ အခုမီးလောင်မှုဟာ နိုင်ငံရဲ့ နော့ထရီဒမ်လို့ တင်စား သုံးနှုန်းခဲ့ကြပါတယ်။ ၂၀၁၉ ခုနှစ်၊ ဧပြီ ၁၅ ရက်နေ့ကလည်း ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်ရဲ့ ကမ္ဘာ့အထင်ကရ ရှေးဟောင်း အဆောက်အအုံ တစ်ခုဖြစ်တဲ့ နော့ထရီဒမ် ဘုရားကျောင်း မီးလောင်ခဲ့ပြီး အမိုးအစိတ်အပိုင်းတွေ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ပါတယ်။ အဲဒီ ဘုရားကျောင်း မီးလောင်မှုကလည်း အကြီးစား ပြင်ဆင် မွမ်းမံမှုတွေအတွက် ငြမ်းတွေ ဆင်ထားတဲ့ အချိန်မှာပဲ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ဆီ ပေါင်းစည်းဖို့ထက် ဒိန်းမတ် အစိုးရရဲ့ လက်အောက်မှာပဲ ဆက်ရှိနေချင်ကြောင်း ဂရင်းလန် ဝန်ကြီးချုပ်က အတည်ပြု ပြောကြားလိုက်ပါတယ်။

သတင်း

ကမ္ဘာ့မြောက်ပိုင်း၊ အာတိတ်ဒေသမှာ ရှိနေတဲ့ ဂရင်းလန်ကျွန်းကို သိမ်းယူနိုင်ရေးဟာ နိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွားအတွက် အထူးအရေးကြီးတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားထားတဲ့နောက် ဂရင်းလန်က အခုလို သဘောထား တုံ့ပြန်လာတာ ဖြစ်ပါတယ်။ အမေရိကန်ဆီ ပေါင်းစည်းဖို့ထက် ဒိန်းမတ် အစိုးရရဲ့ လက်အောက်မှာပဲ ဆက်ရှိနေချင်ကြောင်း...

နိုင်ငံတကာ

ဂရင်းလန်ကျွန်း အရေးဟာ တကယ့် အဆုံးအဖြတ် ကာလတစ်ခုကို ရောက်နေပြီလို့ ဒိန်းမတ် ဝန်ကြီးချုပ်က ဝန်ခံ ပြောကြားသွားပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ အကြီးမားဆုံး စစ်စခန်း အပါအဝင် စစ်ဖက်ဆိုင်ရာ အဆောက်အအုံတွေ တဝိုက်မှာ ပိုင်ရှင် ဘယ်သူဘယ်ဝါမှန်း မသိရတဲ့ ဒရုန်းတွေကို တွေ့နေရခြင်းက ဒိန်းမတ်အတွက် အကြီးအကျယ် ခေါင်းခြောက်စရာ ဖြစ်နေပါတယ်။