Connect with us

Hi, what are you looking for?

ဗီဒီယို

ကပ်ရောဂါဒဏ် ခံနေရတဲ့ မြောက်ကိုရီးယားကို ကူညီဖို့ တောင်ကိုရီးယား သမ္မတ ကမ်းလှမ်း

မြောက်ကိုရီးယား အစိုးရဟာ ပြည်တွင်းမှာ ကပ်ရောဂါ ကူးစက်မှုတွေ ရှိနေပြီး လူပေါင်း သိန်းနဲ့ချီ ဖျားနာနေကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပထမဆုံးအကြိမ် အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။ မြောက်ကိုရီးယား အစိုးရ မီဒီယာတွေရဲ့ ဖော်ပြချက်အရ နေ့တိုင်း ကူးစက်လူနာရော၊ အသေအပျောက်ပါ တရိပ်ရိပ် တိုးနေတယ်လို့လည်း သိရပါတယ်။

ကပ်ရောဂါ ကူးစက်မှုတွေနဲ့ ဆိုးဆိုးရွားရွား ရင်ဆိုင် တွေ့ကြုံနေရတဲ့ မြောက်ကိုရီးယားကို အကူအညီပေးဖို့ အသင့်ရှိနေကြောင်း တောင်ကိုရီးယား သမ္မတသစ် ယွန်ဆွတ်ခ်ယိုလ်က ပြောကြားသွားပါတယ်။

ယွန်ဟာ ပြိုင်ဘက် မြောက်ကိုရီးယား နိုင်ငံနဲ့ ပတ်သက်ရင် သဘောထား တင်းမာသူအဖြစ် လူသိများပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားမှာ ကိုဗစ် ကပ်ရောဂါဒဏ် အလူးအလဲ ခံစားနေရတဲ့ အချိန်မှာတော့ တောင်ကိုရီးယားဖက်က လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေပေးဖို့ ယွန်က လက်ကမ်းလိုက်တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယား အစိုးရဟာ ပြည်တွင်းမှာ ကပ်ရောဂါ ကူးစက်မှုတွေ ရှိနေပြီး လူပေါင်း သိန်းနဲ့ချီ ဖျားနာနေကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပထမဆုံးအကြိမ် အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။ မြောက်ကိုရီးယား အစိုးရ မီဒီယာတွေရဲ့ ဖော်ပြချက်အရ နေ့တိုင်း ကူးစက်လူနာရော၊ အသေအပျောက်ပါ တရိပ်ရိပ် တိုးနေတယ်လို့လည်း သိရပါတယ်။

အထီးကျန် ကွန်မြူနစ် နိုင်ငံ တစ်ခုဖြစ်တဲ့ မြောက်ကိုရီးယားမှာ ကျန်းမာရေး စောင့်ရှောက်မှု အခြေခံ အဆောက်အအုံတွေ အားနည်းလွန်းပြီး ကာကွယ်ဆေးတွေ တရားဝင် လမ်းကြောင်းက တင်သွင်းထားမှုလည်း မရှိပါဘူး။ လေ့လာသူတွေက ပြည်တွင်း အခြေအနေတွေဟာ အစိုးရ မီဒီယာတွေ ထုတ်ပြန်ထားတာထက် အများကြီး ပိုဆိုးရွားနေနိုင်တယ်လို့ သုံးသပ်ကြပါတယ်။

Public Service Announcement

Public Service Announcement

တောင်ကိုရီးယား သမ္မတ ယွန်က တကယ်လို့ မြောက်ကိုရီးယားဖက်ကသာ အကူအညီ တောင်းခံလာမယ် ဆိုရင်တော့ တောင်ကိုရီးယားဟာ ကိုဗစ် ကာကွယ်ဆေးတွေ၊ ဆေးဝါး အထောက်အပံ့ ပစ္စည်းတွေ၊ ကျန်းမာရေး ဝန်ထမ်းတွေ ဘာမှ ချန်လှပ်မထားဘဲ အစွမ်းကုန် ပို့ဆောင်ပြီး အကူအညီ ပေးသွားမယ်လို့ ပြောကြားသွားပါတယ်။

လောလောဆယ် အထိတော့ မြောက်ကိုရီးယား အစိုးရဟာ ကပ်ရောဂါ ထိန်းချုပ်ရေးနဲ့ ပတ်သက်လို့ ပြည်ပ အကူအညီ မယူသေးသလို ကာကွယ်ဆေးတွေ တင်ပို့ပေးဖို့ အဆိုပြု ကမ်းလှမ်းမှုတွေကိုလည်း ငြင်းပယ်ထားပါတယ်။ လက်ရှိ အချိန်ထိ ကမ္ဘာပေါ်မှာ ကာကွယ်ဆေး တရားဝင် တင်သွင်းမှုကို ခွင့်မပြုတဲ့ နိုင်ငံဆိုလို့ မြောက်ကိုရီးယားနဲ့ အီရီထရီးယားတို့ပဲ ကျန်တော့ကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

သတင်း

ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မွေးနေ့ဆုတောင်းပွဲကို ဒီကနေ့ (ဇွန် ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

နျူကလီးယား လက်နက်နိုင်ငံအဖြစ် ရပ်တည်မှုကို ဘယ်တော့မှ ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယားက ပြိုင်ဘက် နိုင်ငံတွေကို ရည်ရွယ်ပြီး သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။