Connect with us

Hi, what are you looking for?

ဗီဒီယို

နျူကလီးယား ထိပ်ဖူး တပ်ဆင်နိုင်တဲ့ ဒုံးကျည်တွေကို ဖင်လန်နဲ့ နယ်စပ်ဆီ ရုရှားပို့ဆောင်

ယာဉ်တန်းဟာ ဖင်လန်နဲ့ နယ်စပ်နားက ရုရှားမြို့ဖြစ်တဲ့ ဗိုင်ဘော့ဂ်ဆီ ဦးတည်နေခဲ့တာပါ။ ဖင်လန် အစိုးရက သူတို့ဟာ NATOနဲ့ ပေါင်းစည်းသွားမယ်လို့ ပြောကြားခဲ့ပြီး မကြာခင်မှာပဲ ဒီယာဉ်တန်းကို တွေ့ရတာလို့ မျက်မြင်တွေက ဆိုပါတယ်။

ရုရှား စစ်တပ်ဟာ နျူကလီးယား ထိပ်ဖူး တပ်ဆင်နိုင်တဲ့ ဒုံးကျည်တွေကို ဖင်လန်နဲ့ နယ်စပ်နား ပြောင်းရွှေ့ နေရာချနေကြောင်း သိရပါတယ်။

စကန်ဒီနေးဗီးယား ဒေသတွင်း နှစ်နိုင်ငံဖြစ်တဲ့ ဆွီဒင်နဲ့ ဖင်လန်တို့ဟာ ရုရှားရဲ့ ခါးသီးပြိုင်ဘက် NATO စစ်မဟာမိတ် အဖွဲ့ထဲ ဝင်ရောက်ဖို့ စီစဉ်နေတဲ့နောက် ရုရှားက အခုလို တုံ့ပြန်လာတာ ဖြစ်ပါတယ်။ ဖင်လန်နဲ့ ဆွီဒင်တို့ဟာ ကြားနေ နိုင်ငံခြားရေး မူဝါဒကို ကာလရှည်ကြာ လက်ခံ ကျင့်သုံးခဲ့ပေမယ့် ယူကရိန်းကို ရုရှားက ဝင်ရောက် တိုက်ခိုက်တဲ့ ဖြစ်စဉ် အပြီးမှာတော့ NATOနဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

လူမှုကွန်ရက် မီဒီယာတွေပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယို တစ်ခုမှာတော့ ထရပ်ကား တစ်ဒါဇင်ကျော် ပါဝင်တဲ့ စစ်ယာဉ်တန်း တစ်ခုဟာ ဖင်လန်နဲ့ နယ်စပ်ဖက်ကို ဦးတည် မောင်းနှင်နေတာ တွေ့ရပါတယ်။ အဲဒီထဲမှာ ၇ စီးလောက်က နျူကလီးယား ထိပ်ဖူး တပ်ဆင်နိုင်တဲ့ Iskander ဒုံးကျည်တွေ တင်ဆောင်သွားတယ်လို့ ယုံကြည်ရပါတယ်။

ယာဉ်တန်းဟာ ဖင်လန်နဲ့ နယ်စပ်နားက ရုရှားမြို့ဖြစ်တဲ့ ဗိုင်ဘော့ဂ်ဆီ ဦးတည်နေခဲ့တာပါ။ ဖင်လန် အစိုးရက သူတို့ဟာ NATOနဲ့ ပေါင်းစည်းသွားမယ်လို့ ပြောကြားခဲ့ပြီး မကြာခင်မှာပဲ ဒီယာဉ်တန်းကို တွေ့ရတာလို့ မျက်မြင်တွေက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်ရေး လေ့လာသူတွေက ရုရှား စစ်တပ်ဟာ ဗိုင်ဘော့ဂ်မှာ အခြေစိုက်တဲ့ ကာကွယ်ရေး တပ်ဖွဲ့တစ်ခု အလျင်အမြန် ဖွဲ့စည်းလာဖွယ် ရှိနေကြောင်း သုံးသပ်ကြပါတယ်။ ရုရှားဟာ တာတိုပစ် Iskander ဒုံးကျည်တွေကို နျူကလီးယား ထိပ်ဖူး တပ်ဆင်မထားဘဲ စစ်ပွဲတွေမှာ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲခဲ့ဖူးပါတယ်။

နယ်စပ်နားမှာ Iskanderတွေ လာဖြန့်ထားတယ် ဆိုတာက ဖင်လန်အတွက် ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်လာနိုင်တယ်လို့ အမေရိကန် လေကြောင်း ကာကွယ်ရေး အရာရှိ တချို့က ပြောပါတယ်။ ရုရှား အစိုးရက ဖင်လန်နဲ့ ဆွီဒင်တို့ NATO အဖွဲ့ထဲ ဝင်ရောက်မယ့် ကိစ္စကို အပြင်းအထန် ကန့်ကွက်ခဲ့ပြီး ဒီကိစ္စကို အကောင်အထည် ဖော်မယ်ဆိုရင် ဘောလ်တစ် ဒေသရဲ့ နျူကလီးယား ကင်းစင်ရပ်ဝန်းဆိုတဲ့ သတ်မှတ်ချက်လည်း ပျက်ပြယ်သွားလိမ့်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်း-မြန်မာ နယ်စပ် အခြေစိုက်အွန်လိုင်ငွေလိမ်လုပ်ငန်း ကျားဖြန့်ဂိုဏ်းတွေဟာ မြန်မာပိုင်နက် အတွင်းပိုင်းကို စတင် ရွှေ့ပြောင်းနေပြီလို့ ထိုင်းစစ်တပ်က ပြောပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားနိုင်ငံ၊ မော်စကို မြို့တော်မှာ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။