Connect with us

Hi, what are you looking for?

ဗီဒီယို

ရှေ့တန်း စစ်မြေပြင် ဖြစ်နေတဲ့ ခါကစ်ဗ်မြို့ထိ သွားရောက်ခဲ့တဲ့ ယူကရိန်း သမ္မတ

ရုရှားနဲ့ စစ်ပွဲ စတင်ချိန် ကတည်းက ကိယက်ဗ် မြို့တော်ကနေ စစ်ရေး အခြေအနေတွေကို ကွပ်ကဲနေခဲ့တဲ့ သမ္မတဟာ ၃ လလောက် အကြာမှာ ခါကစ်ဗ်မြို့၊ ရှေ့တန်းနေရာထိ ပထမဆုံးအကြိမ် ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ခါကစ်ဗ်မှာ ယူကရိန်း ကာကွယ်ရေး တပ်ဖွဲ့တွေက ရုရှား ကျူးကျော်သူတွေကို တွန်းလှန်နိုင်ခဲ့ပြီ ဖြစ်ပေမယ့် မြို့တစ်ခုလုံးနီးပါး ပျက်စီးပြီး ကျန်နေခဲ့ပါတယ်။

စစ်မြေပြင် ဖြစ်ခဲ့ရာ ခါကစ်ဗ်မြို့ရဲ့ ရှေ့တန်း စစ်မျက်နှာကို ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကိုယ်တိုင် သွားရောက် စစ်ဆေးခဲ့ပါတယ်။

ရုရှားနဲ့ စစ်ပွဲ စတင်ချိန် ကတည်းက ကိယက်ဗ် မြို့တော်ကနေ စစ်ရေး အခြေအနေတွေကို ကွပ်ကဲနေခဲ့တဲ့ သမ္မတဟာ ၃ လလောက် အကြာမှာ ခါကစ်ဗ်မြို့၊ ရှေ့တန်းနေရာထိ ပထမဆုံးအကြိမ် ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ခါကစ်ဗ်မှာ ယူကရိန်း ကာကွယ်ရေး တပ်ဖွဲ့တွေက ရုရှား ကျူးကျော်သူတွေကို တွန်းလှန်နိုင်ခဲ့ပြီ ဖြစ်ပေမယ့် မြို့တစ်ခုလုံးနီးပါး ပျက်စီးပြီး ကျန်နေခဲ့ပါတယ်။

ကျည်ကာ အင်္ကျီ ဝတ်ဆင်ပြီး စစ်သားတွေ ခြံရံထားတဲ့ ဇီလန်စကီးရဲ့ ဓာတ်ပုံတွေကို ယူကရိန်း သမ္မတရုံးက ထုတ်ပြန်ခဲ့ပါတယ်။ စစ်ဒဏ် ခံထားရတဲ့ အဆောက်အအုံပျက်တွေကြားမှာ သွားလာ စစ်ဆေးရင်း ဇီလန်စကီးက ရှေ့တန်းရောက် စစ်သားတွေကို သူတို့ အားထုတ်ခဲ့သမျှအတွက် ကျေးဇူးတင်ကြောင်း တလေးတစား ပြောဆိုသွားခဲ့ပါတယ်။

နောက်တော့ ခါကစ်ဗ် လုံခြုံရေးဌာန အကြီးအကဲကို ဇီလန်စကီးက မြို့အတွက် ထိရောက်လုံခြုံတဲ့ အကာအကွယ်မျိုး မပေးခဲ့တဲ့အတွက် အရေးယူပြီး ထုတ်ပယ်ပစ်ခဲ့ပါတယ်။ ရုရှားတပ်တွေဟာ ယူကရိန်းရဲ့ ဒုတိယ အကြီးဆုံး မြို့ဖြစ်တဲ့ ခါကစ်ဗ်ကို ထိုးစစ်ဆင်မှု မအောင်မြင်လို့ ပြန်ဆုတ်ခွာသွားပေမယ့် လက်နက်ကြီးတွေနဲ့တော့ လှမ်းပစ်ခတ်နေဆဲပါ။ ခါကစ်ဗ်ဟာ စစ်ပွဲစတင်တဲ့ ဖေဖော်ဝါရီ လကတည်းက ရုရှား လက်နက်ကြီးဒဏ်ကို ကြံ့ကြံ့ခံနေခဲ့ရတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဇီလန်စကီး လှည့်လည် စစ်ဆေးနေတဲ့ အချိန်မှာတင် မြို့အနှံ့မှာ ပေါက်ကွဲသံ တချို့ကို ကြားနေရပါတယ်။ ဇီလန်စကီးက သူ့ရဲ့ ခရီးစဉ် ဗီဒီယို ဖြတ်ပိုင်းတစ်ခုကို Telegramမှာ တင်ထားခဲ့ပြီး ခါကစ်ဗ်က အဆောက်အအုံပေါင်း ၂၂၂၉ ခု ပျက်စီးထားကြောင်း၊ ယူကရိန်း ပြည်သူတွေဟာ ခါကစ်ဗ်ကို ပြန်လည် ထူထောင်ပြီး မြို့ပျက်ကြီး အဖြစ်ကနေ ပြန်လည် အသက်ဝင် နိုးကြားလာစေမယ်လို့ ရေးသားထားပါတယ်။

စစ်ပွဲကာလအတွင်း ကိယက်ဗ်ကနေ ပထမဆုံးအကြိမ် တရားဝင် ထွက်ခွာလာတဲ့ ခရီးစဉ်မှာ ခါကစ်ဗ်ဒေသ လုံခြုံရေးဌာန အကြီးအကဲ ရိုမန် ဒူဒင်ကို ထုတ်ပယ်လိုက်ကြောင်းကိုလည်း ဇီလန်စကီးက အတည်ပြုခဲ့ပါတယ်။ ဒူဒင်ဟာ စစ်ပွဲကြီး ပထမဆုံး စတင်လာတဲ့ နေ့ကတည်းက မြို့ကို ကာကွယ်ဖို့ထက် ကိုယ်ကျိုးကို ငဲ့ကွက်ဖို့ပဲ အားထုတ်ခဲ့ကြောင်း၊ အသေးစိတ် ကိစ္စတွေကိုတော့ တရားဥပဒေ စိုးမိုးရေး အရာရှိတွေက ဆက်လက် ကိုင်တွယ် အရေးယူ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဇီလန်စကီးက ဆိုပါတယ်။

ခါကစ်ဗ်က ယူကရိန်း ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဟာ ရုရှားတပ်တွေကို ခုခံရုံတင် မကဘဲ နှစ်နိုင်ငံ နယ်စပ်နား ပြန်ရောက်တဲ့ထိ တွန်းလှန်နိုင်ခဲ့ပါတယ်။ ဇီလန်စကီးရဲ့ ခါကစ်ဗ် ခရီးစဉ်ဟာ တပ်ဖွဲ့ဝင်တွေအတွက် စိတ်ဓာတ် မြှင့်တင်နိုင်ရုံတင် မကဘဲ ရုရှား တပ်တွေကိုလည်း စိတ်ဓာတ် စစ်ဆင်ရေးတစ်ရပ် ဆင်နွှဲလိုက်တာ ဖြစ်နိုင်ကြောင်း လေ့လာသူတွေက သုံးသပ်ခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြိုနယ်တွေမှာ ချင်းပြည်သူ့တပ်မတော် (CPU/CPA)၊ မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ အာဏာသိမ်းစစ်တပ်အကြား ထိတွေ့တိုက်ပွဲ ဆက်လက်ပြင်းထန်နေကြောင်း CPU/CPA အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်ကက အသိပေးပါတယ်။

နိုင်ငံတကာ

လောလောဆယ်တော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံဖို့ မဖြစ်နိုင်လောက်သေးကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က မှတ်ချက်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ မျက်နှာစုံညီ တွေ့ဆုံချင်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အတိအလင်း တောင်းဆိုလိုက်ပါတယ်။