Connect with us

Hi, what are you looking for?

ဗီဒီယို

လောင်စာဆီကို ခွဲတမ်းစနစ်နဲ့ပဲ ရောင်းချနိုင်တော့မယ်လို့ သီရိလင်္ကာ အစိုးရ ဝန်ခံ

သီရိလင်္ကာ အစိုးရဟာ ဧပြီလကတည်းက ကားတွေ၊ ဆိုင်ကယ်တွေကို တစ်ကြိမ်ဆီဖြည့်ရင် ပမာဏ ဘယ်လောက်ပဲ အကန့်အသတ်နဲ့ ရနိုင်မယ် ဆိုတာမျိုး ကြေညာထားပြီးသားပါ။ အခုတော့ အခြေအနေတွေက ဆိုးသထက် ဆိုးလာမယ့် သဘောပါပဲ။

စီးပွားရေး အကြီးအကျယ် အကျပ်ရိုက်နေတဲ့ သီရိလင်္ကာ နိုင်ငံမှာ လောင်စာဆီကို အပတ်စဉ် ခွဲတမ်း စနစ်နဲ့သာ ဝယ်ယူခွင့် ပေးတော့မယ်လို့ သိရပါတယ်။

သီရိလင်္ကာ အစိုးရရဲ့ စွမ်းအင်ဝန်ကြီး ကန်ချာနား ဝီဂျီဆက်ကီရာက အစိုးရပိုင် Ceylon လောင်စာ ကော်ပိုရေးရှင်းဟာ ပြည်ပက လောင်စာဆီတွေ တင်သွင်း ဝယ်ယူဖို့ ငွေရေးကြေးရေး အကျပ်အတည်းတွေ ရင်ဆိုင်နေရကြောင်း ပြောပါတယ်။ ဒီအခြေအနေကြောင့် သီရိလင်္ကာမှာ လောင်စာဆီနဲ့ လျှပ်စစ်ဓာတ်အား ဖြန့်ဝေမှုတွေ ပိုကျပ်တည်းလာမယ့် သဘော ရှိနေပါတယ်။

သီရိလင်္ကာ အစိုးရဟာ ကြွေးမြီတွေ အကြီးအကျယ် ဖိစီးနေသလို နိုင်ငံခြားငွေ အပိုဆောင်း သိုလှောင်နိုင်မှုကလည်း သုညမှတ် နီးပါးလောက်ထိ ကျဆင်းနေပါတယ်။ ဒါကြောင့် လောင်စာဆီ အပါအဝင် အရေးကြီးတဲ့ ကုန်စည်တွေကို လုံလုံလောက်လောက် မတင်သွင်းနိုင်ဘဲ ရုန်းကန်နေရပါတယ်။

လက်ရှိ အခြေအနေတွေအရ ဆီဆိုင်တွေမှာ ဓာတ်ဆီ၊ ဒီဇယ်ဆီတွေကို အပတ်စဉ် ခွဲတမ်းနဲ့ ရောင်းချပေးဖို့အပြင် တခြား ရွေးချယ်စရာ နည်းလမ်း မရှိတော့ကြောင်း၊ Ceylonရဲ့ ဘဏ္ဍာရေး အခြေအနေ ပြန်အားကောင်းမလာမချင်း ဒီနည်းလမ်းကိုပဲ ကျင့်သုံးနေရမှာဖြစ်ကြောင်း ဝန်ကြီးက ဆိုပါတယ်။ ဒါပေမဲ့ တစ်ပတ်ကို လောင်စာဆီ ခွဲတမ်း ဘယ်လောက်ထိ ရောင်းချပေးမလဲ ဆိုတာကိုတော့ ဝီဂျီဆက်ကီရာက အတိအကျ ပြောမသွားပါဘူး။ ခွဲတမ်းနဲ့ ဆီရောင်းတဲ့ ကိစ္စဟာ နောက်လဆန်းလောက်မှာ အစပြုလာဖို့ မျှော်လင့်ကြောင်း ဝန်ကြီးက မှတ်ချက် ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သီရိလင်္ကာ အစိုးရဟာ ဧပြီလကတည်းက ကားတွေ၊ ဆိုင်ကယ်တွေကို တစ်ကြိမ်ဆီဖြည့်ရင် ပမာဏ ဘယ်လောက်ပဲ အကန့်အသတ်နဲ့ ရနိုင်မယ် ဆိုတာမျိုး ကြေညာထားပြီးသားပါ။ အခုတော့ အခြေအနေတွေက ဆိုးသထက် ဆိုးလာမယ့် သဘောပါပဲ။

အစိုးရက ဆိုင်ကယ်တွေအတွက် တစ်ကြိမ် ဆီဖြည့်ရင် ၄ လီတာ၊ သုံးဘီးကားတွေအတွက် ၅ လီတာနဲ့ မော်တော်ကားတွေအတွက် ၁၉.၅ လီတာထက် ပိုမဖြည့်ပေးဖို့ ဆီဆိုင်တွေကို ညွှန်ကြားထားပါတယ်။ အဲဒီထက် ဆီပိုဖြည့်ချင်ရင် ကားတန်းရှည်ကြီးရဲ့ နောက်ဆုံးကနေ ပြန်တန်းစီရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကစလို့ ဆီဝယ်ဖို့ တန်းစီရတဲ့ ယာဉ်တန်းကြီးတွေက ပိုရှည်လာပြီး တချို့နေရာမှာ ရာနဲ့ချီတဲ့ ကားတွေ၊ ထောင်နဲ့ချီတဲ့ ဆိုင်ကယ်တွေ စောင့်ဆိုင်းနေတာ တွေ့ရပါတယ်။ ဆီရဖို့ တန်းစီတဲ့အခါ တချို့က နာရီပေါင်းများစွာတင် မကဘဲ ရက်နဲ့ချီ ကြာတာတွေထိ ရှိလာပါတယ်။

လွန်ခဲ့တဲ့ နှစ်ပတ်က သီရိလင်္ကာ အစိုးရဟာ ရုရှားဆီက ရေနံစိမ်းတွေ ရရှိခဲ့ပေမယ့်လည်း ကျွန်းနိုင်ငံငယ်မှာ ပြန်လည် သန့်စင် ချက်လုပ်နိုင်တဲ့ လောင်စာဆီ ပမာဏဟာ စုစုပေါင်း နေ့စဉ် လိုအပ်ချက်ရဲ့ ၁၀ ပုံ ၁ ပုံတောင် မပြည့်ဘူးလို့ ဝီဂျီဆက်ကီရာက ဝန်ခံခဲ့ပါတယ်။ လောလောဆယ် သီရိလင်္ကာ အစိုးရဟာ ရုရှား သံရုံးကို ချဉ်းကပ်ပြီး နောက်ထပ် ရုရှားရေနံတွေ ပိုမိုရရှိဖို့ အကူအညီ တောင်းခံထားတယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရေကြီးမှု၊ မြေပြိုမှုတွေကြောင့် သေဆုံး၊ ပျောက်ဆုံးစာရင်း ၅၀၀ ကျော်ထိ မြင့်တက်လာတဲ့နောက် သီရိလင်္ကာမှာ ရာသီဥတု ဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ် အခြေအနေ ထုတ်ပြန် ကြေညာခဲ့ရပါတယ်။

နိုင်ငံတကာ

အခုသီတင်းပတ်ထဲမှာ သည်းသည်းထန်ထန် ဆက်တိုက်ရွာသွန်းတဲ့ မိုးတွေကြောင့် သီရိလင်္ကာ နိုင်ငံမှာ လူ ၅၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်၊ ဘင်္ဂလားဒေ့ရှ်နဲ့ သီရိလင်္ကာ လေတပ်တွေ ပူးပေါင်း လေ့ကျင့်တဲ့ အစီအစဉ်တစ်ခု ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့မှာ စက်တင်ဘာ ၁၅ ရက်နေ့က စတင်ခဲ့ပါတယ်။

နိုင်ငံတကာ

လူသားတွေနဲ့ ဆင်တွေကြား ထိပ်တိုက် ပဋိပက္ခ အခြေအနေတွေ ထူပြောနေတာကို ကိုင်တွယ် ဖြေရှင်းဖို့ သံန္နိဋ္ဌာန် ချထားကြောင်း သီရိလင်္ကာ အစိုးရက ကြေညာခဲ့ပါတယ်။