Connect with us

Hi, what are you looking for?

ဗီဒီယို

စစ်​ကောင်စီအ​ပြောကို ရုပ်သံဖိုင်ဖြင့်တုံ့ပြန်လိုက်​သော VENOM

“ဥကရစ်ထတိုက်ပွဲဖြစ်စဉ်အတွင်း စခတို့၏အသက်ပေါင်းများစွာပေးဆပ်လိုက်ရသည်။ဒလန်သည်အလွန်ကြောက်ဖို့ကောင်းသည်။စစ်တပ်၏လေယာဉ်မှကျဲချသော ဗုံးများသည် ၎င်းတို့၏တပ်သားများကိုသေစေခဲ့သည်” ဟုလည်း ​ဖော်ပြထားသည်။

ဥကရစ်ထစခန်းတိုက်ပွဲမှာ ပူး​ပေါင်းတပ်​တွေက ​သေဆုံးဒဏ်ရာရသူ​များ​နေ​ကြောင်း စစ်​ကောင်စီ​သတင်းထုတ်ပြန်​ရေး​ခေါင်း​ဆောင်ဗိုလ်ချုပ်​ဇော်မင်းထွန်းက ​ပြောကြားပြီး နာရီပိုင်းအကြာတွင် VENOM ကွန်မန်ဒိုစစ်​ကြောင်းက ရုပ်သံဖိုင်တစ်ဖိုင်ကို ထုတ်ပြန်လိုက်သည်။

၄မိနစ် ၁၈ စက္ကန့်ရှိ​​သော ရုပ်သံဖိုင်တွင် ဥကရစ်ထ စခန်းတိုက်ပွဲတွင်စစ်​ကောင်စီတပ်သားအ​လောင်းအချို့၏ရုပ်အ​လောင်းများကို​တွေ့ရပြီး စစ်သားအ​လောင်းအချို့ကြားမှ ပူး​ပေါင်းတပ်ဖွဲ့ဝင်များက စစ်​ကောင်စီကို အပြင်းအထန်ပစ်ခတ်တိုက်ခိုက်​နေသည်ကို​ တွေ့ရသည်။

“ဥကရစ်ထတိုက်ပွဲဖြစ်စဉ်အတွင်း စခတို့၏အသက်ပေါင်းများစွာပေးဆပ်လိုက်ရသည်။ဒလန်သည်အလွန်ကြောက်ဖို့ကောင်းသည်။စစ်တပ်၏လေယာဉ်မှကျဲချသော ဗုံးများသည် ၎င်းတို့၏တပ်သားများကိုသေစေခဲ့သည်” ဟုလည်း ​ဖော်ပြထားသည်။

ထိုအပြင် ‘မှတ်ချက်။ “ရှိုးလိုက်အုန်း ရှိုးလိုက်အုန်း ခွေးသေတွေတဲ့” ပြောမှားဆိုမှားရှိရင် ဗွေမယူပါနဲ့ခင်ဗျာ (ခွေးဆိုသည်မှာတစ်နိုင်ငံလုံးမှ ခေါ်သော ၎င်းတို့၏Nickname ဖြစ်ပါသည်။)’ ဟု​ရေးသားထားသည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီ၏ဥကရစ်ထစခန်းကို ဗိုလ်စလုံးဦး​ဆောင်​သော KNDO၊ VENOM ကွန်မန်ဒိုတပ်တို့ကတိုက်ခိုက်လျှက်ရှိပြီး ​ကော်ဘရာစစ်​ကြောင်းကလည်း ထပ်မံပူး​ပေါင်းတိုက်ခိုက်​နေသည်။ ဇွန်လ ၂၆ မှစ၍ ပူး​ပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ ၆ ရက်​မြောက်အထိ့တိုက်ပွဲများပြင်းထန်စွာဖြစ်ပွား​နေသည်။

စစ်​ကောင်စီတပ်က​ သေဆုံးဒဏ်ရာရရှိမှုများပြားသဖြင့် တိုက်​လေယာဥ်များ၊ လက်နက်ကြီးများ အများအပြားအသုံးပြု၍ စခန်းမကျ​​စေရန် ခုခံကာကွယ်​နေပြီး ပူး​ပေါင်းတပ်များက စခန်းပတ်ပတ်လည်ကို ပိတ်ဆို့ကာအပြီးသတ် စခန်းသိမ်းနိုင်ရန် ကြိုးစား​နေခြင်းဖြစ်သည်။ ထို​ကြောင့်စစ်​ကောင်စီက စခန်းနှင့်​မြေပြင်အဆက်အသွယ်ပြန်ရရန်စစ်ကူလွှတ်ရာ စစ်ကူစစ်​ကြောင်းမှာ အားလုံးနီးပါး​သေသွားသည်အထိ့ပူး​ပေါင်းတပ်၏ကြားဖြတ်တိုက်ခိုက်ခံရ၍ ယ​​နေ့(ဇူလိုင် ၁)တွင် စစ်ကူများကို ​လေယာဥ်​ပေါ်မှ ​လေထီးဖြင့် ချ​သောနည်းလမ်းအသုံးပြုလာပြီး တိုက်ပွဲများအပြင်းအထန်ဆက်လက်ဖြစ်ပွား​နေသည်။

စစ်​ကောင်စီက ဥကရစ်ထတိုက်ပွဲတွင် ၎င်းတို့က​သေဆုံးထိခိုက်မှုများစွာဖြင့်အထိနာ​နေ​သော်လည်း သတင်းကို လိမ်လည်ဖြန်ချီ​နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။