Connect with us

Hi, what are you looking for?

ဗီဒီယို

နျူကလီးယား စစ်ပွဲ ဖြစ်ခဲ့ရင် အငတ်ဘေးပါ ကြုံပြီး ဘီလီယံနဲ့ချီ သေမယ်လို့ စစ်တမ်းတစ်ရပ် ဖော်ပြ

ဒါတွေဟာ ခန့်မှန်းချက်တွေသာ ရှိသေးပြီး လက်တွေ့သာ နျူကလီးယား စစ်ပွဲတစ်ခု ဖြစ်လာရင် မျှော်လင့်မထားတဲ့ ဘယ်လို ဆိုးကျိုးတွေ ရိုက်ခတ်လာဦးမလဲ ဆိုတာကို မတွေးရဲကြောင်း သုတေသန စစ်တမ်းကို ပါဝင်ပြုစုခဲ့သူ တစ်ဦးဖြစ်တဲ့ လီလီရှားက ဆိုပါတယ်။

နျူကလီးယား စစ်ပွဲတစ်ခုဟာ အကန့်အသတ်နဲ့ ဖြစ်ပွားခဲ့ရင်တောင် လူပေါင်း ဘီလီယံနဲ့ချီ သေဆုံးရနိုင်တယ်လို့ သုတေသန စစ်တမ်းတစ်ရပ်က ဖော်ပြခဲ့ပါတယ်။

တကယ်လို့ ကမ္ဘာပေါ်မှာ နျူကလီးယား လက်နက် အများဆုံး ပိုင်ဆိုင်တဲ့ အမေရိကန်နဲ့ ရုရှား နှစ်နိုင်ငံသာ တကယ်တမ်း နျူကလီးယား စစ်ပွဲတစ်ခု အင်တိုက်အားတိုက် ဆင်နွှဲခဲ့ရင်တော့ လူပေါင်း ၅ ဘီလီယံလောက် အသက်ဆုံးရှုံးသွားလိမ့်မယ်လို့ အမေရိကန်နိုင်ငံ၊ နယူးဂျာစီ ပြည်နယ်က ရူဂါးစ်တက္ကသိုလ်ရဲ့ သုတေသီတွေက ပြောပါတယ်။

ဒီလေ့လာမှု စစ်တမ်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို Nature Food စာစောင်မှာ ဖော်ပြထားပါတယ်။ နျူကလီးယား စစ်ပွဲတစ်ခု ဖြစ်ပွားရင် မြို့ကြီးတွေ မီးလောင်ပြာကျပြီး ဒေသခံတွေ သေဆုံးကုန်တာမျိုးအပြင် သစ်တောတွေနဲ့ ရေအရင်းအမြစ်တွေ ဆုံးရှုံးလို့ နောက်ဆက်တွဲ ငတ်ပြတ်သေဆုံးတာတွေပါ ဖြစ်လာမယ်လို့ သုတေသီတွေက သတိပေးပါတယ်။

ပညာရှင်တွေက တကယ်လို့ နျူကလီးယား စစ်ပွဲ ဖြစ်ပွားလာရင် ဘယ်လောက် အတိုင်းအတာထိ ကျယ်ပြန့်မလဲ ဆိုတာကို အမျိုးမျိုး သရုပ်ခွဲပြီး ထိခိုက် ပျက်စီးမှု အတိုင်းအတာကို ခန့်မှန်း တွက်ချက်ကြပါတယ်။ အိန္ဒိယ၊ ပါကစ္စတန်၊ အမေရိကန်နဲ့ ရုရှားတို့လို နျူကလီးယား လက်နက်ပိုင် နိုင်ငံတွေက အဓိက မြို့ကြီးတွေ ဘယ်လောက် ထိခိုက် သက်ရောက်သွားမလဲ၊ နျူကလီးယား လက်နက်တွေ အသုံးပြုအပြီး ကပ်ဘေးသင့် နယ်မြေတွေနဲ့ အနီးတဝိုက် ဒေသတွေက စားနပ်ရိက္ခာ ထုတ်လုပ်မှု ကွင်းဆက်တွေကို ဘယ်လို သက်ရောက်နိုင်သလဲ ဆိုတာတွေကိုပါ ဆန်းစစ်ကြပါတယ်။

Public Service Announcement

Public Service Announcement

ကမ္ဘာ့အစိတ်အပိုင်း တစ်ခုခုမှာ နျူကလီးယား လက်နက်တွေ အသုံးပြုပြီး တိုက်ခိုက်လိုက်ပြီဆိုရင် ထွက်ပေါ်လာမယ့် ရေဒီယို သတ္တိကြွ ပြာမှုန်တွေဟာ မိုင်ထောင်ပေါင်းများစွာ ကွာဝေးတဲ့ နေရာတွေထိ လေစီးကြောင်းနဲ့ ပါသွားနိုင်ပါတယ်။ အဲဒီ ပြာမှုန်တွေ ကျရောက်ရာ မြေပြင်တွေမှာလည်း စိုက်ပျိုးရေး လုပ်ငန်း ပျက်စီးစေမယ့် နောက်ဆက်တွဲ ဆိုးကျိုးတွေ ရိုက်ခတ်လာနိုင်ကြောင်း စစ်တမ်းမှာ ဖော်ပြထားပါတယ်။

မြေဆီတွေ အဆိပ်သင့်တဲ့အခါ ကောက်ပဲသီးနှံ စိုက်ပျိုးမှုတွေ ရပ်ဆိုင်းကုန်ပြီး ကမ္ဘာ့ စားနပ်ရိက္ခာ ကွင်းဆက်ကို အကြီးအကျယ် ထိခိုက်စေမှာဖြစ်ကြောင်း၊ နျူကလီးယား စစ်ပွဲနဲ့ တိုက်ရိုက် မပတ်သတ်တဲ့ နိုင်ငံတွေမှာပါ အငတ်ဘေး ဆိုက်ပြီး အစုလိုက် အပြုံလိုက် သေကြေမှုတွေ ပေါ်ပေါက်လာနိုင်ကြောင်း ပညာရှင်တွေက ရှင်းပြပါတယ်။

ဒါတွေဟာ ခန့်မှန်းချက်တွေသာ ရှိသေးပြီး လက်တွေ့သာ နျူကလီးယား စစ်ပွဲတစ်ခု ဖြစ်လာရင် မျှော်လင့်မထားတဲ့ ဘယ်လို ဆိုးကျိုးတွေ ရိုက်ခတ်လာဦးမလဲ ဆိုတာကို မတွေးရဲကြောင်း သုတေသန စစ်တမ်းကို ပါဝင်ပြုစုခဲ့သူ တစ်ဦးဖြစ်တဲ့ လီလီရှားက ဆိုပါတယ်။

ချက်ချင်းလက်ငင်း အကျိုးဆက်အဖြစ် နျူကလီးယား ပေါက်ကွဲမှုရဲ့ အပူချိန်ကြောင့် ကမ္ဘာလေထုကို ကာကွယ်ထားတဲ့ အိုဇုန်လွှာ ပျက်စီးသွားပြီး ကမ္ဘာမြေပေါ် ခရမ်းလွန်ရောင်ခြည်တွေ လွန်လွန်ကဲကဲ ကျရောက်လာတာမျိုးတွေပါ ဖြစ်လာနိုင်ကြောင်း၊ နျူကလီးယား စစ်ပွဲဖြစ်ရင် နောက်ဆက်တွဲ ငတ်သေကြမယ် ဆိုတဲ့ သက်ရောက်မှုကိုပါ ခေါင်းထဲ ထည့်ထားဖို့လိုကြောင်း သူက ပြောပါတယ်။

လေ့လာမှုတွေအရ အိန္ဒိယနဲ့ ပါကစ္စတန်တို့လို အိမ်နီးချင်း နှစ်နိုင်ငံကြားမှာ ကန့်သတ် နျူကလီးယား စစ်ပွဲတစ်ခု ဖြစ်ပွားရင်တောင် ပြာမှုန်တွေ ပျံ့နှံ့တဲ့ဒဏ်ကြောင့် ကမ္ဘာ့စားနပ်ရိက္ခာ ထုတ်လုပ်မှု ပမာဏ ၇ ရာခိုင်နှုန်းလောက် ကျဆင်းသွားနိုင်တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကုလသမဂ္ဂရဲ့ နျူကလီးယား ထိန်းချုပ်ရေး အေဂျင်စီဟာ စည်းမျဉ်းတွေကို လိုတစ်လို၊ မလိုတစ်မျိုး ကျင့်သုံးနေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲခဲ့ပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တွေ စွန့်လွှတ်ဖို့ အလားအလာကို အရူးတွေပဲ ယုံလိမ့်မယ်လို့ နိုင်ငံ အဓိပတိ ကင်မ်ဂျုံအွန်းရဲ့ ညီမဖြစ်သူက ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နျူကလီးယား ခြိမ်းခြောက်မှုကို ထိထိရောက်ရောက် တုံ့ပြန် ကိုင်တွယ်ဖို့ ရည်ရွယ်ထားတဲ့ သုံးနိုင်ငံ စစ်ရေးလေ့ကျင့်မှုကို အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ဟာ စီစဉ်ထားတဲ့အတိုင်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။