Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ထိုင်းမှာ စစ်သားအချင်းချင်းပစ်လို့ တပ်ကြပ်ကြီး ၂ ဦးသေ

ထိုင်းအစိုးရ ယာယီဝန်ကြီးချုပ် ပရာဝစ် ဝန်ဆူဝမ်က ရဲတပ်ဖွဲ့ အနေနဲ့ စုံစမ်းမှုတွေ ဆက်လက် လုပ်ဆောင်နေပြီး လောလောဆယ်မှာတော့ ပစ်ခတ်မှု ကျူးလွန်သူရဲ့ ရည်ရွယ်ချက်ကို အတိအကျ မှတ်ချက်ပေးနိုင်ဖို့ စောလွန်းနေသေးကြောင်း သတင်းထောက်တွေကို ပြောပါတယ်။

ထိုင်းနိုင်ငံက စစ်ဘက်ဆိုင်ရာ ဌာနတစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး ထိုင်းစစ်သားနှစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

စက်တင်ဘာ ၁၄ ရက် မနက်ပိုင်းက ဘန်ကောက်မှာရှိတဲ့ စစ်ဘက်ဆိုင်ရာ ဌာနတစ်ခုမှာ အမှုထမ်း အချင်းချင်း ပစ်ခတ်မှု ဖြစ်ခဲ့ကြောင်း ထိုင်းစစ်တပ်က ထုတ်ပြန်ပါတယ်။ ထိုင်းစစ်တပ်ရဲ့ ကာကွယ်ရေး ကောလိပ်က စာရေးတစ်ဦးဖြစ်တဲ့ တပ်ကြပ် ယွန်ယွတ်သ် မွန်ကွန်ကင် ဆိုသူက တခြားစစ်သား ၃ ယောက်ကို သေနတ်နဲ့ ပစ်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၅၉ နှစ်အရွယ် ယွန်ယွတ်သ်ဟာ အခင်းဖြစ်ရာ နေရာက ထွက်ပြေးသွားပေမယ့် နာရီပိုင်းလောက် အကြာမှာ ဘန်ကောက် ရဲတပ်ဖွဲ့ဆီ လာရောက် အဖမ်းခံခဲ့ကြောင်း အမျိုးသားရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ကစ်ဆာနာ ဖာသန်နာချာရွန်က ပြောပါတယ်။

ထိုင်းစစ်တပ်က ထိခိုက်သေဆုံးသူတွေနဲ့ ဒဏ်ရာရသူရဲ့ မိသားစုတွေနဲ့ထပ်တူ ဝမ်းနည်းကြောင်း ကြေညာခဲ့ပြီး ဒီဖြစ်စဉ်ဟာ မိသားစုတွေ အတွက်ရော၊ စစ်တပ်အတွက်ပါ ကြီးမားတဲ့ ဆုံးရှုံးမှုမျိုးဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။ ပစ်ခတ်မှု ဖြစ်ပွားရတဲ့ နောက်ကွယ်က အကြောင်းရင်းကို စစ်တပ်က ဆက်လက် စုံစမ်းသွားမယ်လို့လည်း ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းစစ်တပ်က သေဆုံးသူ နှစ်ဦးဟာ တပ်ကြပ်ကြီးအဆင့် ရာထူးရှိသူတွေလို့ ပြောပါတယ်။ ကျည်ဆန်ထိမှန် ဒဏ်ရာရထားတဲ့ နောက်ထပ် တပ်ကြပ်ကြီး တစ်ယောက်ကိုတော့ ဆေးရုံတင်ပို့ထားပါတယ်။

ထိုင်းအစိုးရ ယာယီဝန်ကြီးချုပ် ပရာဝစ် ဝန်ဆူဝမ်က ရဲတပ်ဖွဲ့ အနေနဲ့ စုံစမ်းမှုတွေ ဆက်လက် လုပ်ဆောင်နေပြီး လောလောဆယ်မှာတော့ ပစ်ခတ်မှု ကျူးလွန်သူရဲ့ ရည်ရွယ်ချက်ကို အတိအကျ မှတ်ချက်ပေးနိုင်ဖို့ စောလွန်းနေသေးကြောင်း သတင်းထောက်တွေကို ပြောပါတယ်။

ထိုင်းနိုင်ငံမှာ သေနတ်ကိုင်ဆောင်သူ အရေအတွက် အတော်များပေမယ့် လူသေတဲ့ထိ ပစ်ခတ်မှု ဖြစ်ပွားတဲ့ အချိုးအစားကတော့ အရမ်းနည်းပါတယ်။ ဒါပေမဲ့ မနှစ်တုန်းကဆိုရင် စစ်မှုထမ်းတွေက ကျူးလွန်တဲ့ ပစ်ခတ်မှု ၂ ခု ရှိခဲ့ဖူးတယ်လို့ Bangkok Post သတင်းဌာနက ဖော်ပြပါတယ်။

လူသိများတဲ့ ဖြစ်စဉ်တစ်ခု အနေနဲ့ ၂၀၂၀ ပြည့်နှစ်တုန်းက စိတ်ရူးပေါက်သွားတဲ့ စစ်သားတစ်ယောက် ပစ်သတ်လို့ လူ ၂၉ ယောက်သေပြီး အများအပြား ထိခိုက်ဒဏ်ရာတွေ ရခဲ့ဖူးပါတယ်။ အဲဒီတုန်းက တရားခံကို ထိုင်းစစ်တပ်ရဲ့ ကွန်မန်ဒိုတွေက ၁၇ နာရီကြာ ခြေရာခံ ပိတ်ဆို့ပြီးမှ သုတ်သင် ရှင်းလင်းနိုင်ခဲ့ပါတယ်။ ဒီဖြစ်စဉ်ဟာ ခေတ်သစ် ထိုင်းနိုင်ငံ သမိုင်းမှာ အဆိုးရွားဆုံး ပစ်ခတ်မှု တစ်ခုအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

▪︎စောချစ်သူဟာ နယ်စပ်ဒေသမှာ တရုတ် ကျားဖြန့် ဒုစရိုက် ဂိုဏ်းခေါင်းဆောင်တွေကို ဧည့်ဝတ်ကျေကျေ လက်ခံထားတဲ့ ကရင်BGF ခေါင်းဆောင် သုံးဦးထဲမှာ အပါအဝင် ဖြစ်ပါတယ်။ People’s Spring တရုတ်နိုင်ငံက ဒုစရိုက်ဂိုဏ်းတွေ အရှေ့တောင်အာရှကို ခြေဆန့်လာတဲ့အခါ မြန်မာနိုင်ငံဟာ ဦးစားပေး ရွေးချယ်ခံရတဲ့ အခြေစိုက် နယ်မြေတစ်ခုလိုမျိုး...

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။