Connect with us

Hi, what are you looking for?

ဗီဒီယို

ထိုင်းမှာ စစ်သားအချင်းချင်းပစ်လို့ တပ်ကြပ်ကြီး ၂ ဦးသေ

ထိုင်းအစိုးရ ယာယီဝန်ကြီးချုပ် ပရာဝစ် ဝန်ဆူဝမ်က ရဲတပ်ဖွဲ့ အနေနဲ့ စုံစမ်းမှုတွေ ဆက်လက် လုပ်ဆောင်နေပြီး လောလောဆယ်မှာတော့ ပစ်ခတ်မှု ကျူးလွန်သူရဲ့ ရည်ရွယ်ချက်ကို အတိအကျ မှတ်ချက်ပေးနိုင်ဖို့ စောလွန်းနေသေးကြောင်း သတင်းထောက်တွေကို ပြောပါတယ်။

ထိုင်းနိုင်ငံက စစ်ဘက်ဆိုင်ရာ ဌာနတစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး ထိုင်းစစ်သားနှစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

စက်တင်ဘာ ၁၄ ရက် မနက်ပိုင်းက ဘန်ကောက်မှာရှိတဲ့ စစ်ဘက်ဆိုင်ရာ ဌာနတစ်ခုမှာ အမှုထမ်း အချင်းချင်း ပစ်ခတ်မှု ဖြစ်ခဲ့ကြောင်း ထိုင်းစစ်တပ်က ထုတ်ပြန်ပါတယ်။ ထိုင်းစစ်တပ်ရဲ့ ကာကွယ်ရေး ကောလိပ်က စာရေးတစ်ဦးဖြစ်တဲ့ တပ်ကြပ် ယွန်ယွတ်သ် မွန်ကွန်ကင် ဆိုသူက တခြားစစ်သား ၃ ယောက်ကို သေနတ်နဲ့ ပစ်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၅၉ နှစ်အရွယ် ယွန်ယွတ်သ်ဟာ အခင်းဖြစ်ရာ နေရာက ထွက်ပြေးသွားပေမယ့် နာရီပိုင်းလောက် အကြာမှာ ဘန်ကောက် ရဲတပ်ဖွဲ့ဆီ လာရောက် အဖမ်းခံခဲ့ကြောင်း အမျိုးသားရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ကစ်ဆာနာ ဖာသန်နာချာရွန်က ပြောပါတယ်။

ထိုင်းစစ်တပ်က ထိခိုက်သေဆုံးသူတွေနဲ့ ဒဏ်ရာရသူရဲ့ မိသားစုတွေနဲ့ထပ်တူ ဝမ်းနည်းကြောင်း ကြေညာခဲ့ပြီး ဒီဖြစ်စဉ်ဟာ မိသားစုတွေ အတွက်ရော၊ စစ်တပ်အတွက်ပါ ကြီးမားတဲ့ ဆုံးရှုံးမှုမျိုးဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။ ပစ်ခတ်မှု ဖြစ်ပွားရတဲ့ နောက်ကွယ်က အကြောင်းရင်းကို စစ်တပ်က ဆက်လက် စုံစမ်းသွားမယ်လို့လည်း ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းစစ်တပ်က သေဆုံးသူ နှစ်ဦးဟာ တပ်ကြပ်ကြီးအဆင့် ရာထူးရှိသူတွေလို့ ပြောပါတယ်။ ကျည်ဆန်ထိမှန် ဒဏ်ရာရထားတဲ့ နောက်ထပ် တပ်ကြပ်ကြီး တစ်ယောက်ကိုတော့ ဆေးရုံတင်ပို့ထားပါတယ်။

ထိုင်းအစိုးရ ယာယီဝန်ကြီးချုပ် ပရာဝစ် ဝန်ဆူဝမ်က ရဲတပ်ဖွဲ့ အနေနဲ့ စုံစမ်းမှုတွေ ဆက်လက် လုပ်ဆောင်နေပြီး လောလောဆယ်မှာတော့ ပစ်ခတ်မှု ကျူးလွန်သူရဲ့ ရည်ရွယ်ချက်ကို အတိအကျ မှတ်ချက်ပေးနိုင်ဖို့ စောလွန်းနေသေးကြောင်း သတင်းထောက်တွေကို ပြောပါတယ်။

ထိုင်းနိုင်ငံမှာ သေနတ်ကိုင်ဆောင်သူ အရေအတွက် အတော်များပေမယ့် လူသေတဲ့ထိ ပစ်ခတ်မှု ဖြစ်ပွားတဲ့ အချိုးအစားကတော့ အရမ်းနည်းပါတယ်။ ဒါပေမဲ့ မနှစ်တုန်းကဆိုရင် စစ်မှုထမ်းတွေက ကျူးလွန်တဲ့ ပစ်ခတ်မှု ၂ ခု ရှိခဲ့ဖူးတယ်လို့ Bangkok Post သတင်းဌာနက ဖော်ပြပါတယ်။

လူသိများတဲ့ ဖြစ်စဉ်တစ်ခု အနေနဲ့ ၂၀၂၀ ပြည့်နှစ်တုန်းက စိတ်ရူးပေါက်သွားတဲ့ စစ်သားတစ်ယောက် ပစ်သတ်လို့ လူ ၂၉ ယောက်သေပြီး အများအပြား ထိခိုက်ဒဏ်ရာတွေ ရခဲ့ဖူးပါတယ်။ အဲဒီတုန်းက တရားခံကို ထိုင်းစစ်တပ်ရဲ့ ကွန်မန်ဒိုတွေက ၁၇ နာရီကြာ ခြေရာခံ ပိတ်ဆို့ပြီးမှ သုတ်သင် ရှင်းလင်းနိုင်ခဲ့ပါတယ်။ ဒီဖြစ်စဉ်ဟာ ခေတ်သစ် ထိုင်းနိုင်ငံ သမိုင်းမှာ အဆိုးရွားဆုံး ပစ်ခတ်မှု တစ်ခုအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ စစ်သားတွေရဲ့ အသက်ကိုစတေးပြီး အသေခံ စစ်ဗျူဟာ အသုံးပြုနေတာဖြစ်လို့ အသုံးချခံနေရတဲ့ စစ်သည်တွေအနေနဲ့ ကိုယ့်ဘ၀ ကိုယ်ကယ်ဆယ်ကြဖို့ လိုအပ်ကြောင်း ပြည်သူ့ပန်းတိုင်က တိုက်တွန်းလိုက်ပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းလိုက်ခြင်းကြောင့် စစ်သားတွေ ပိုပင်ပန်းတော့မယ် ပိုအလုပ်ရှုပ်တော့မယ်ဆိုတာ ခံစားခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ စစ်သုံ့ပန်းဖြစ်နေတဲ့ ဗိုလ်မှူး အောင်ဖြိုးဝေက ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။