Connect with us

Hi, what are you looking for?

ဗီဒီယို

ထိုင်ဝမ် အရှေ့တောင်ပိုင်းမှာ အင်အားပြင်း ငလျင်လှုပ်၊ ဆူနာမီ သတိပေးချက် ထုတ်ပြန်

ကျေးလက်ဒေသဆန်တဲ့ ချီရှန်မြို့နယ်ကို ဗဟိုပြုခဲ့တဲ့ ငလျင်ဟာ မြေမျက်နှာပြင်အောက် ၁၀ ကီလိုမီတာ အနက်လောက်ဆီ ဦးတည်ခဲ့ပါတယ်။ မြေတိမ်ငလျင် အမျိုးအစား ဖြစ်တာကြောင့် မြေပေါ်မှာ သက်ရောက်မှုက ပိုပြင်းထန်ပါတယ်။

ထိုင်ဝမ်နိုင်ငံ အရှေ့တောင်ပိုင်းမှာ ရစ်ချ်တာစကေး ၆.၉ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ထိခိုက်ပျက်စီးမှုတချို့ ဖြစ်ပေါ်ခဲ့သလို ကနဦး အနေနဲ့ ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားလိုက်ပါတယ်။

ကျေးလက်ဒေသဆန်တဲ့ ချီရှန်မြို့နယ်ကို ဗဟိုပြုခဲ့တဲ့ ငလျင်ဟာ မြေမျက်နှာပြင်အောက် ၁၀ ကီလိုမီတာ အနက်လောက်ဆီ ဦးတည်ခဲ့ပါတယ်။ မြေတိမ်ငလျင် အမျိုးအစား ဖြစ်တာကြောင့် မြေပေါ်မှာ သက်ရောက်မှုက ပိုပြင်းထန်ပါတယ်။

ငလျင်ရဲ့ ဗဟိုချက်နဲ့ မိုင် ၂၀၀ လောက် အတွင်းမှာ ရှိနေတဲ့ ကမ်းခြေတွေဆီ ဆူနာမီ ရေလှိုင်းတွေ ရိုက်ခတ်လာနိုင်တာကြောင့် ကြိုတင် ရှောင်ရှားဖို့ အာဏာပိုင်တွေက ဆော်ဩထားပါတယ်။ ဂျပန် မိုးလေဝသ အေဂျင်စီကလည်း အရှေ့ တရုတ် ပင်လယ်ထဲက မီယာကိုကျွန်းမှာ ဆူနာမီ အန္တရာယ် သတိထားဖို့ ကြေညာခဲ့ပြီး နောက်ပိုင်းမှာ ပြန်ရုပ်သိမ်းခဲ့ပါတယ်။

စက်တင်ဘာ ၁၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ထိုင်ဝမ်တောင်ပိုင်းမှာ အဆောက်အအုံတချို့ ပြိုကျနေတဲ့ ဓာတ်ပုံတွေလည်း လူမှုကွန်ရက်တွေပေါ် ရောက်လာပါတယ်။ အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီက ငလျင်ရဲ့ ပြင်းအားကို ရစ်ချ်တာစကေး ၇.၂ လို့ ဖော်ပြခဲ့ပြီးမှ ၆.၉ လို့ ပြန်ပြင်ဆင်သွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကယ်ဆယ်ရေးတွေက ပြိုကျသွားတဲ့ အဆောက်အအုံ တစ်ခုအောက်မှာ ပိတ်မိနေသူ ၃ ယောက်ကို ကယ်ထုတ်ဖို့ ကြိုးစားနေပြီး ထိခိုက်သေဆုံးမှု ဘယ်လောက် ရှိသလဲ ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။ တစ်နေရာမှာတော့ ရထားတစ်စီး လမ်းချော် တိမ်းမှောက်သွားလို့ လူ ၂၀ လောက်ကို ကယ်ထုတ်ခဲ့ရပေမယ့် အသေအပျောက် မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ငလျင်အပြီး မကြာခင်မှာပဲ ထိုင်ဝမ် သမ္မတ ဆိုင်အင်ဝမ်က ကျွန်းနိုင်ငံလေးရဲ့ ဗဟို အရေးပေါ် တုံ့ပြန်ဆောင်ရွက်မှု စင်တာကို အသက်သွင်းစေခဲ့ပြီး လိုအပ်တဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေစေပါတယ်။ အာဏာပိုင်တွေက နောက်ဆက်တွဲ ငလျင်ငယ်တွေ လှုပ်ခတ်နိုင်ခြေတွေအတွက် သတိထား ပြင်ဆင်ထားဖို့ ဒေသခံတွေကို နှိုးဆော်ထားပါတယ်။

ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနကလည်း နိုင်ငံရဲ့ အရှေ့ဖက် ကမ်းရိုးတန်းတလျှောက် ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ပူးပေါင်း ပါဝင်ဖို့အတွက် စစ်သည် ၁၁၀ လောက်ကို စေလွှတ်ပေးထားကြောင်း ထုတ်ပြန်သွားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။