Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်ဝမ်ကျွန်း ပတ်ချာလည် ရေပြင်ကို တရုတ်ဒုံးကျည်တွေ ပစ်ခတ်

အိမ်ဖြူတော်ဖက်ကတော့ ပလော့စီရဲ့ ခရီးစဉ်ဟာ အမေရိကန် အစိုးရရဲ့ သဘောထား မဟုတ်ဘဲ အောက်လွှတ်တော် ဥက္ကဋ္ဌ တစ်ဦးတည်းရဲ့ ဆုံးဖြတ်ချက်သာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။

ထိုင်ဝမ်ကျွန်း ပတ်ချာလည် ရေပြင်ကို တရုတ်ဒုံးကျည်တွေ ပစ်ခတ်
ထိုင်ဝမ်ကျွန်း ပတ်ချာလည် ရေပြင်ကို တရုတ်ဒုံးကျည်တွေ ပစ်ခတ်

ထိုင်ဝမ်နိုင်ငံ ပတ်ပတ်လည် ရေပြင်ကို တရုတ်က ဒုံးကျည်တွေနဲ့ အင်အားပြ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနက ထိုင်ဝမ်နိုင်ငံ အရှေ့မြောက်ပိုင်းနဲ့ အနောက်တောင်ပိုင်း ရေပြင်တွေကို ဗဟိုပြုပြီး စစ်ရေး လေ့ကျင့်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း အတည်ပြု ကြေညာပါတယ်။ အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပလော့စီရဲ့ အလည်အပတ် ခရီးစဉ်ကို လက်ခံခဲ့တဲ့ ထိုင်ဝမ်အနေနဲ့ ဒီလုပ်ရပ်အတွက် သေချာပေါက် ပေးဆပ်ရစေမယ်လို့လည်း တရုတ်က ကြုံးဝါးထားပါတယ်။

တရုတ်စစ်တပ်ရဲ့ အရှေ့ဖျား စစ်ဦးစီးဌာနက ထိုင်ဝမ်နိုင်ငံ အရှေ့ပိုင်း ရေပြင်ဆီ ဩဂုတ် ၃ ရက်မှာ ဒုံးကျည်တော်တော်များများ ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။ အဲဒီ ဒုံးကျည်တွေဟာ လေ့ကျင့်ရေး ပစ်မှတ်တွေကို တိတိကျကျ ထိမှန်ခဲ့တယ်လို့လည်း ဆိုပါတယ်။ လက်နက် အစစ်တွေ အသုံးပြု ပစ်ခတ်ခဲ့တဲ့ စစ်ရေး လေ့ကျင့်မှု ပြီးဆုံးသွားတဲ့နောက် အဲဒီ ဧရိယာတွေမှာ လေကြောင်း၊ ရေကြောင်း သွားလာမှု ကန့်သတ်ထားတာတွေကိုလည်း ပြန်လည် ဖယ်ရှားပေးလိုက်ပြီလို့ တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုပါတယ်။

တရုတ် အစိုးရဟာ ထိုင်ဝမ်ကို ပိုင်နက်နယ်မြေ အစိတ်အပိုင်းတစ်ရပ် အနေနဲ့ သတ်မှတ်ထားပြီး ဒီမိုကရေစီ ထွန်းကားတဲ့ ထိုင်ဝမ်ကတော့ ကိုယ်ပိုင် သီးခြား ရပ်တည်မှုကိုသာ လိုလားနေပါတယ်။ တရုတ်ဟာ ထိုင်ဝမ်ကို ကမ္ဘာ့အလယ်မှာ အထီးကျန် ရပ်တည်ရအောင် သံတမန်ရေး လမ်းကြောင်းတွေ ဖြတ်တောက်ပြီး ဖိအားပေးနေပေမယ့် ပလော့စီရဲ့ ခရီးစဉ်က တရုတ်ကို အရှိုက်ထိုးသလို ဖြစ်စေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တရုတ် အစိုးရက ဒီလုပ်ရပ်ဟာ အမေရိကန် အနေနဲ့ ဒီမိုကရေစီကို အကြောင်းပြပြီး တရုတ်ရဲ့ အချုပ်အခြာ အာဏာကို ကျူးကျော် ထိပါးပြလိုက်တာလို့ ဝေဖန် စွပ်စွဲသွားပါတယ်။ အိမ်ဖြူတော်ဖက်ကတော့ ပလော့စီရဲ့ ခရီးစဉ်ဟာ အမေရိကန် အစိုးရရဲ့ သဘောထား မဟုတ်ဘဲ အောက်လွှတ်တော် ဥက္ကဋ္ဌ တစ်ဦးတည်းရဲ့ ဆုံးဖြတ်ချက်သာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။

ပလော့စီ ထိုင်ဝမ်မြေကို ခြေချတဲ့ အချိန်မှာ ကတည်းက တရုတ်ဟာ အင်အားပြ တုံ့ပြန်တာတွေ ရှိလာစေမယ်လို့ ကြိမ်းဝါးထားပြီး တကယ်လည်း ထိုင်ဝမ်ကျွန်း ပတ်ပတ်လည်မှာ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်နေပါတယ်။ ထိုင်ဝမ် ရေလက်ကြားထဲက ကျွန်းငယ်တွေဖြစ်တဲ့ မတ်ဆူ၊ ဝူကျူး၊ ဒေါင်ယင်းတို့နားမှာ တရုတ်ရဲ့ တာဝေးပစ် ဒုံးကျည်တွေ တဖွဲဖွဲ ကျရောက်ခဲ့ကြောင်း ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုပါတယ်။ အဲဒီကျွန်းငယ်တွေဟာ တရုတ် ပြည်မကြီးထက် ထိုင်ဝမ် ကမ်းရိုးတန်းဖက်နဲ့ ပိုပြီး နီးနီးကပ်ကပ် တည်ရှိနေတာပါ။

ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက နိုင်ငံရဲ့ စစ်တပ်တွေကို တပ်လှန့်မထားသေးကြောင်း အတည်ပြုခဲ့ပေမယ့် ကျွန်းနားတဝိုက်မှာ ရန်လိုတဲ့ စစ်ရေးလေ့ကျင့်မှုတွေကို မြင်နေ တွေ့နေရတာကိုတော့ စိုးရိမ်မိကြောင်း ကြေညာပါတယ်။ ထိုင်ဝမ်ကျွန်း အနားတဝိုက်က တရုတ်ကမ်းခြေတွေမှာ လာရောက် အပန်းဖြေသူတွေကလည်း ကောင်းကင်ယံမှာ တိုက်လေယာဉ်တွေ၊ စစ်ရဟတ်ယာဉ်တွေ ပျံဝဲနေတာကို တအံ့တဩ ငေးမောနေခဲ့ကြပါတယ်။

တရုတ် အစိုးရ သတင်းဌာနတွေက လာမယ့် ရက်ပိုင်းတွေအတွင်း ထိုင်ဝမ် ပတ်ဝန်းကျင် ရေပြင်မှာ စစ်ရေးလေ့ကျင့်မှုတွေ ဆက်ပြီး ရှိနေလိမ့်ဦးမယ်လို့ ဖော်ပြနေကြပါတယ်။ ထိုင်ဝမ် စစ်တပ်ကတော့ ထူးထူးခြားခြား တပ်လှန့်ပြင်ဆင်တာမျိုး မရှိသေးပေမယ့် စစ်ရေးလေ့ကျင့်နေတဲ့ တရုတ် လေယာဉ်၊ ရေယာဉ်တွေ ထိုင်ဝမ်ပိုင်နက်ထဲ ကျော်လွန်လာနိုင်ခြေတွေကို မျက်ခြေမပြတ် စောင့်ကြည့်နေကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ မြေပြိုမှုအတွင်း သေဆုံးသူက ၅၀ ကျော်လာပြီဖြစ်ပြီး ၁၀ ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။