Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြို့ရွာတွေထဲ ကားနဲ့ပတ်ပြီး လူသစ်လိုက်စုနေရတဲ့ ရုရှားစစ်တပ်

မြို့ရွာတွေထဲ လှည့်လည်ပြီး စည်းရုံးရေး ဆင်းနေတဲ့ ရုရှားရဲ့ အစီအမံက အထိုက်အလျောက်တော့ အလုပ်ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ စိတ်ဝင်တစား စုံစမ်းမေးမြန်းသူ အနည်းအကျဉ်းလောက်တော့ နေ့စဉ်လိုလို ရှိနေတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

မြို့ရွာတွေထဲ ကားနဲ့ပတ်ပြီး လူသစ်လိုက်စုနေရတဲ့ ရုရှားစစ်တပ်
မြို့ရွာတွေထဲ ကားနဲ့ပတ်ပြီး လူသစ်လိုက်စုနေရတဲ့ ရုရှားစစ်တပ်

ရုရှားစစ်တပ်ဟာ နိုင်ငံအနှံ့ ဗင်ကားတွေ၊ ထရပ်ကားတွေနဲ့ လှည့်လည်ရင်း ကြေးစား စစ်မှုထမ်းဖို့ စစ်သားတွေ လိုက်လံ ရှာဖွေနေကြောင်း သိရပါတယ်။

ရုရှား သမ္မတ ဗလာဒီမာ ပူတင်က လိုအပ်လာရင် ယူကရိန်း စစ်မြေပြင်ကို ပို့လွှတ်ဖို့ စစ်သည်အင်အား အမြောက်အမြား ကျန်နေဆဲလို့ ကြွေးကြော်ထားပေမယ့် မြေပြင် အခြေအနေတွေကတော့ သူပြောသလို မဟုတ်ပါဘူး။ ရုရှားစစ်တပ်ဟာ ယူကရိန်း စစ်ပွဲမှာ အင်အား အများအပြား ပြုန်းတီးခဲ့ပြီး ဖြစ်သလို လက်ရှိ အခြေအနေအရလည်း ယူကရိန်း စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်ဒဏ်ကို အလူးအလဲ ခံစားနေရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကတော့ ရုရှားရဲ့ မြို့တစ်မြို့ဖြစ်တဲ့ ရော့စတော့ဗ်က မြို့လယ်ရင်ပြင်ဆီ ဗင်ကားတစ်စီး ဆိုက်ရောက်လာပါတယ်။ နောက်တော့ ပြောက်ကျားဝတ်စုံ ဝတ်ပြီး အနက်ရောင် မျက်နှာဖုံးတွေ စွပ်ထားတဲ့ ရုရှား လက်နက်ကိုင် စစ်သားတချို့ ကားပေါ်က ဆင်းလာပြီး ဗင်ကားကို ရွေ့လျား ရုံးခန်းလေး တစ်ခုလိုမျိုး ပြောင်းလဲလိုက်ကြပါတယ်။

အဲဒီနောက်တော့ ယူကရိန်းမှာ လက်ရှိ ဆင်နွှဲနေတဲ့ ရုရှားရဲ့ အထူးစစ်ဆင်ရေးတွေအတွက် ပါဝင် တိုက်ခိုက်ချင်သူတွေကို စစ်မှုထမ်း စာချုပ်နဲ့ ခေါ်ယူခန့်အပ်သွားမှာဖြစ်ကြောင်း တစာစာ အော်ဟစ် ကြေညာပါတော့တယ်။ ယူကရိန်း စစ်မြေပြင်ကို သွားရောက်မယ့် ကြေးစား စစ်သားတွေဟာ တစ်လကို ဒေါ်လာ ၂၇၀၀ လောက်နဲ့ ညီမျှတဲ့ လုပ်ခလစာ ခံစားခွင့်မျိုး ရရှိမယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ရော့စတော့ဗ်က စစ်သားစုဆောင်းရေး ဗင်ကားမျိုးကို အခုဆိုရင် ရုရှားရဲ့ မြို့ရွာတော်တော်များများမှာ တွေ့နေရပါပြီ။ သတ္တိရှိပြီး တိုက်ရဲခိုက်ရဲတဲ့ အမျိုးသားတွေအတွက် ဒီစာချုပ်က အခွင့်အရေးကောင်းတစ်ခု ဖြစ်လာမယ်လို့ ရုရှား စစ်သားတွေက လိုက်ဆွယ်နေကြတာပါ။

ရုရှားဟာ မတ်လ ၂၅ ရက် နောက်ပိုင်းကစလို့ ယူကရိန်း စစ်မြေပြင်က စစ်သည် အသေအပျောက် ကိန်းဂဏန်းတွေကို နောက်ဆက်တွဲ မထုတ်ပြန်တော့ပါဘူး။ အဲဒီ အချိန်ထိ ရုရှားစစ်သည် ၁၃၅၁ ဦးသေပြီး ၃၈၂၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ရုရှားစစ်တပ်က ဝန်ခံပါတယ်။ နောက်ပိုင်း အသေအပျောက်တွေက ဒီထက် အများကြီး ပိုနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

မြို့ရွာတွေထဲ လှည့်လည်ပြီး စည်းရုံးရေး ဆင်းနေတဲ့ ရုရှားရဲ့ အစီအမံက အထိုက်အလျောက်တော့ အလုပ်ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ စိတ်ဝင်တစား စုံစမ်းမေးမြန်းသူ အနည်းအကျဉ်းလောက်တော့ နေ့စဉ်လိုလို ရှိနေတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

ကိုယ်တိုင် သွားစုံစမ်းခဲ့တဲ့ ဗစ်တာ ယာကူနင် ဆိုသူက စာရင်းပေးသွင်းလိုက်သူတွေဟာ စိတ်ပိုင်းဆိုင်ရာနဲ့ ကာယ ကြံ့ခိုင်မှု စစ်ဆေးတဲ့ အစီအစဉ်တွေကို ကျော်ဖြတ်ရမှာ ဖြစ်ကြောင်း၊ အားလုံး အဆင်ပြေပြီ ဆိုရင်တော့ သက်ဆိုင်ရာ တပ်စိတ်၊ တပ်ခွဲဆီ ပို့ဆောင်ပေးမယ်လို့ ရုရှားစစ်သားတွေက ပြောပြကြောင်း ဖောက်သည်ချပါတယ်။ ဗင်ကား တဝိုက်မှာတော့ မျိုးချစ်စိတ် တက်ကြွအောင် ဆွဲဆောင်ဖို့ဆိုပြီး စစ်ပွဲမှာ သူရဲကောင်း ဖြစ်ခဲ့ပါတယ်ဆိုတဲ့ ရုရှား စစ်သားတွေ၊ အရာရှိတွေရဲ့ ပုံတွေကိုလည်း ချိတ်ဆွဲ ပြသထားတာ တွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။