Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နျူကလီးယား ထိန်းချုပ်ရေး သဘောတူညီမှုအတွက် ဆွေးနွေးသွားမယ်လို့ အီရန် ရွေးကောက်ပွဲနိုင် သမ္မတလောင်းပြော

နိုင်ငံရဲ့ နျူကလီးယားလက်နက် ထိန်းချုပ်ရေး သဘောတူညီမှုကို ပြန်လည် ရှင်သန်လာအောင် အားထုတ် ကြိုးစားသွားမယ်လို့ အီရန် သမ္မတသစ် ဖြစ်လာမယ့် အီဘရာဟင် ရိုင်ဆီက ပြောကြားခဲ့ပါတယ်။

အသက် ၆၀ အရွယ် ရိုင်ဆီဟာ အီရန် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့နောက် ဩဂုတ်လ ၃ ရက်ကျရင် လက်ရှိ သမ္မတ ဟာဆန် ရူဟာနီရဲ့ အရိုက်အရာကို လွှဲပြောင်း ဆက်ခံခွင့် ရတော့မှာပါ။ ရွေးကောက်ပွဲ ရလဒ်တွေ ကြေညာအပြီး သူ့ရဲ့ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ ပထမဆုံး သတင်းစာ ရှင်းလင်းပွဲမှာ ရိုင်ဆီက နျူကလီးယား ထိန်းချုပ်ရေးနဲ့ ပတ်သက်တဲ့ သူ့ရဲ့ သဘောထားကို ထုတ်ပြောသွားသလို အီရန်ရဲ့ ပြိုင်ဘက် ဆော်ဒီ အာရေးဘီးယား အနေနဲ့လည်း ယီမင်မှာ စစ်ရေးအရ စွက်ဖက်တာတွေ ရပ်တန်းက ရပ်ဖို့ တောင်းဆိုသွားခဲ့ပါတယ်။

အီရန် နျူကလီးယား ထိန်းချုပ်ရေး သဘောတူညီချက်ကို ၂၀၁၅ ခုနှစ်မှာ အီရန် အစိုးရနဲ့ ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံ ညှိနှိုင်း သဘောတူ လက်မှတ်ရေးထိုး ခဲ့ကြပါတယ်။ ဒါပေမဲ့ အမေရိကန်မှာ ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်လာတဲ့အခါ ဒီသဘောတူညီချက်အပေါ် အယုံအကြည် မရှိဘူးလို့ ကြေညာပြီး စာချုပ်ကနေ နုတ်ထွက်ခဲ့ပါတယ်။ လက်ရှိ အမေရိကန် သမ္မတ ဘိုင်ဒန်ကတော့ အီရန် နျူကလီးယား ထိန်းချုပ်ရေး သဘောတူညီမှုကို ပြန်လည် လေးစား လိုက်နာသွားလိုကြောင်း ပြောကြားထားပါတယ်။

ရိုင်ဆီက တကယ်လို့ နျူကလီးယား ထိန်းချုပ်ရေး သဘောတူညီချက် ပြန်လည် အသက်ဝင်လာပြီး အမေရိကန်က အီရန်အပေါ် အရေးယူ ပိတ်ဆို့မှုတွေ ဖယ်ရှားပေးလိုက်တဲ့အခါ ဘိုင်ဒန်နဲ့ လူချင်း တွေ့ဆုံဖို့ ဖြစ်နိုင်ခြေ ရှိမရှိ မေးမြန်းတဲ့အခါ လုံးဝ မဖြစ်နိုင်ဘူးလို့ ယတိပြတ် ဖြေကြားသွားပါတယ်။ အီရန်နဲ့ အမေရိကန်တို့ဟာ ဆက်ဆံရေး ခါးသီးတဲ့ နိုင်ငံတွေ အနေနဲ့ ရပ်တည်နေကြပါတယ်။

အီရန်ရဲ့ နိုင်ငံရေး မူဝါဒတွေဟာ နျူကလီးယား ထိန်းချုပ်ရေး သဘောတူညီမှု ပြန်လည် ရှင်သန်ရုံလောက်နဲ့ ရပ်တန့်နေမှာ မဟုတ်ဘဲ အမေရိကန်ရဲ့ ပိတ်ဆို့ အရေးယူမှုအားလုံး ပပျောက်သွားဖို့ထိ ရှေ့ဆက်ရမှာ ဖြစ်တယ်လို့လည်း ရိုင်ဆီက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

လူ့အခွင့်အရေး အဖွဲ့တွေက ရိုင်ဆီဟာ ၁၉၈၈ ခုနှစ်က အီရန်မှာ နိုင်ငံရေး အကျဉ်းသားတွေ ထောင်နဲ့ချီ သတ်ဖြတ်မှုမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင် ကျူးလွန်ခဲ့ကြောင်း စွပ်စွဲထားကြပါတယ်။ ရိုင်ဆီကတော့ သူဟာ ဥပဒေ ဘက်တော်သား တစ်ဦးအနေနဲ့ ပြည်သူလူထု လုံခြုံရေးအတွက် ကာကွယ် လုပ်ဆောင်ခဲ့တာတွေသာ ဖြစ်ပြီး အပြစ်တင်နေမယ့်အစား ချီးကျူး ဂုဏ်ပြုပေးသင့်ကြောင်း၊ သူ့အနေနဲ့ လူ့အခွင့်အရေး ကဏ္ဍမှာ စွမ်းနိုင်သမျှ လုပ်ဆောင်ပေးခဲ့တာတွေအတွက် ဂုဏ်ယူနေကြောင်း တုံ့ပြန်သွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သိမ်းဆည်းရမိတဲ့ အမေရိကန် မောင်းသူမဲ့ ရေငုပ်သင်္ဘော (ဒရုန်း)ကို အီရန်က နည်းပညာပိုင်း ခွဲခြမ်းလေ့လာပြီး ကိုယ်တိုင်တုပ တည်ဆောက်တာမျိုး လုပ်လာနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားမှာ ကြားဖြတ် သိမ်းယူနိုင်ခဲ့တယ်ဆိုတဲ့ အမေရိကန် ဒရုန်း ရေငုပ်သင်္ဘောကို အီရန်က ထုတ်ပြခဲ့ပါတယ်။

နိုင်ငံတကာ

အီရန် ရေနံတင် သင်္ဘော ၅ စီးကို အမေရိကန်က တိုက်ခိုက်ခဲ့တဲ့နောက် ဂျော်ဒန်မှာ ရှိနေတဲ့ အမေရိကန် စစ်စခန်း တစ်ခုကို အီရန်က ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ တိုက်ခိုက်မှုတိုင်းကို ပိုပြီးမြန်မြန်၊ ပိုပြီးပြင်းပြင်းထန်ထန်နဲ့ နာနာကျင်ကျင် ထိုးနှက်သွားမယ်လို့ အီရန်က ခြိမ်းခြောက်လိုက်ပါတယ်။

Facebook