Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အီရန် နျူကလီးယား နည်းပညာ အဆောက်အအုံတစ်ခု ဒရုန်းနဲ့ တိုက်ခိုက်ခံရ

အီရန်ရဲ့ နျူကလီးယား နည်းပညာ ဆက်စပ် အဆောက်အအုံ တစ်ခုကို ဒရုန်းနဲ့ တိုက်ခိုက် ခံခဲ့ရကြောင်း သိရပါတယ်။

ဇွန်လ ၂၄ ရက်က ထွက်ပေါ်လာတဲ့ သတင်းတွေမှာတော့ ခါဂျားမှာရှိတဲ့ အီရန် ဓာတ်ပေါင်းဖို နည်းပညာဌာန အဆောက်အအုံဟာ အတော်လေး ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။ ဒါပေမဲ့ အီရန် အစိုးရကတော့ ဒီဖျက်လိုဖျက်ဆီး တိုက်ခိုက်မှုကို ကာကွယ် ဟန့်တားနိုင်ခဲ့တယ်လို့ ကြေညာပါတယ်။

မျက်မြင်တွေရဲ့ အဆိုအရ ပန်ကာတပ် ဒရုန်း အနည်းဆုံး တစ်စီးဟာ အဲဒီ အဆောက်အအုံကို တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ တဟီရန်မြို့တော် အပြင်ဖက်နားမှာတင် တည်ဆောက်ထားတဲ့ အဆောက်အအုံဟာ အီရန်ရဲ့ ယူရေနီယမ် သန့်စင် စက်ရုံတွေမှာ လိုအပ်တဲ့ အလျူမီနီယမ် ဒလက်တွေကို ထုတ်လုပ်ပေးနေတဲ့ နေရာလို့ ယုံကြည်ရပါတယ်။

အစ္စရေး မီဒီယာတွေကလည်း အီရန်ရဲ့ နျူကလီးယား နည်းပညာဆိုင်ရာ အဆောက်အအုံတစ်ခု တိုက်ခိုက်ခံရတဲ့ သတင်းကို ဖော်ပြခဲ့ပြီး ဒရုန်း အတော်များများ ပါဝင်ခဲ့တယ်လို့ ရေးသားထားပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အီရန် အစိုးရက ဘယ်အဖွဲ့အစည်းကိုမှ လတ်တလော စွပ်စွဲ ပြစ်တင်ထားတာမျိုး မရှိသေးပါဘူး။

အီရန်ရဲ့ နျူကလီးယား နည်းပညာကဏ္ဍကို စောင့်ကြည့်နေတဲ့ နိုင်ငံတကာ အက်တမ်စွမ်းအင် အေဂျင်စီ (IAEA)ကလည်း ဒီကိစ္စနဲ့ ပတ်သက်လို့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အီရန်ရဲ့ နျူကလီးယား နည်းပညာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတချို့နဲ့ ကြုံတွေ့ခဲ့ပြီး ဖြစ်ပါတယ်။ အီရန် အစိုးရက ဒီတိုက်ခိုက်မှုတွေဟာ ရန်သူတော် အစ္စရေး နိုင်ငံရဲ့ လက်ချက်လို့ စွပ်စွဲခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အခုဆိုရင် အီရန်ရဲ့ ယူရေနီယမ် သန့်စင်နိုင်စွမ်းဟာ ၆၀ ရာခိုင်နှုန်းထိ ရောက်လာပြီ ဖြစ်ပြီး လက်နက်တွေ ထုတ်လုပ်နိုင်တဲ့ အတိုင်းအတာမျိုးတော့ မဟုတ်သေးပါဘူး။ အီရန်ကတော့ သူတို့ရဲ့ နျူကလီးယား နည်းပညာ ထိုးထွင်းဖန်တီးမှုတွေဟာ အစ္စရေးနဲ့ အနောက်နိုင်ငံတွေ စွပ်စွဲထားသလို လက်နက် ထုတ်လုပ်ဖို့ မဟုတ်ဘဲ စွမ်းအင် ကဏ္ဍအတွက်သာ ရည်ရွယ်ကြောင်း ကြေညာထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

နိုင်ငံတကာ

အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျတို့ ပါဝင်တဲ့ AUKUSဟာ ဩစတြေးလျ ရေတပ်ကို မဟာမိတ် နှစ်နိုင်ငံက ပူးပေါင်းပြီး နည်းပညာပိုင်း အဆင့်မြှင့်ပေးဖို့၊ ဒေသတွင်းမှာ တရုတ် လွှမ်းမိုးမှုကို တန်ပြန်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

နိုင်ငံတကာ

အစ္စရေးနဲ့ အီရန်ကြားမှာ တိုက်ရိုက် ပဋိပက္ခဖြစ်မယ့် အလားအလာက လျော့ကျသွားပြီ ဆိုပေမယ့် အီရန်ရဲ့ လက်ဝေခံ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အီရန်ကြား တိုက်ခိုက်မှုတွေကတော့ အရှေ့အလယ်ပိုင်း ဒေသအနှံ့ ဆက်လက် ဖြစ်ပွားနေပါတယ်။

သတင်း

ဧပြီ ၁၇ရက်က ကရင်ပြည်နယ် ကော့ကရိတ်မြို့ မြောက်ပိုင်းရှိ ရင်ကွဲတောင်အနီး၌ စစ်ကောင်စီ၏ အမှတ်(၅၅)ခြေမြန်တပ်မမှ အရာရှိများ စစ်ဆင်ရေးအစည်းအဝေးပြုလုပ်နေစဥ် တိုက်ခိုက်ခဲ့ခြင်းဟု အထက်ပါ ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။