Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန် နျူကလီးယား နည်းပညာ အဆောက်အအုံတစ်ခု ဒရုန်းနဲ့ တိုက်ခိုက်ခံရ

အီရန်ရဲ့ နျူကလီးယား နည်းပညာ ဆက်စပ် အဆောက်အအုံ တစ်ခုကို ဒရုန်းနဲ့ တိုက်ခိုက် ခံခဲ့ရကြောင်း သိရပါတယ်။

ဇွန်လ ၂၄ ရက်က ထွက်ပေါ်လာတဲ့ သတင်းတွေမှာတော့ ခါဂျားမှာရှိတဲ့ အီရန် ဓာတ်ပေါင်းဖို နည်းပညာဌာန အဆောက်အအုံဟာ အတော်လေး ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။ ဒါပေမဲ့ အီရန် အစိုးရကတော့ ဒီဖျက်လိုဖျက်ဆီး တိုက်ခိုက်မှုကို ကာကွယ် ဟန့်တားနိုင်ခဲ့တယ်လို့ ကြေညာပါတယ်။

မျက်မြင်တွေရဲ့ အဆိုအရ ပန်ကာတပ် ဒရုန်း အနည်းဆုံး တစ်စီးဟာ အဲဒီ အဆောက်အအုံကို တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ တဟီရန်မြို့တော် အပြင်ဖက်နားမှာတင် တည်ဆောက်ထားတဲ့ အဆောက်အအုံဟာ အီရန်ရဲ့ ယူရေနီယမ် သန့်စင် စက်ရုံတွေမှာ လိုအပ်တဲ့ အလျူမီနီယမ် ဒလက်တွေကို ထုတ်လုပ်ပေးနေတဲ့ နေရာလို့ ယုံကြည်ရပါတယ်။

အစ္စရေး မီဒီယာတွေကလည်း အီရန်ရဲ့ နျူကလီးယား နည်းပညာဆိုင်ရာ အဆောက်အအုံတစ်ခု တိုက်ခိုက်ခံရတဲ့ သတင်းကို ဖော်ပြခဲ့ပြီး ဒရုန်း အတော်များများ ပါဝင်ခဲ့တယ်လို့ ရေးသားထားပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အီရန် အစိုးရက ဘယ်အဖွဲ့အစည်းကိုမှ လတ်တလော စွပ်စွဲ ပြစ်တင်ထားတာမျိုး မရှိသေးပါဘူး။

အီရန်ရဲ့ နျူကလီးယား နည်းပညာကဏ္ဍကို စောင့်ကြည့်နေတဲ့ နိုင်ငံတကာ အက်တမ်စွမ်းအင် အေဂျင်စီ (IAEA)ကလည်း ဒီကိစ္စနဲ့ ပတ်သက်လို့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အီရန်ရဲ့ နျူကလီးယား နည်းပညာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတချို့နဲ့ ကြုံတွေ့ခဲ့ပြီး ဖြစ်ပါတယ်။ အီရန် အစိုးရက ဒီတိုက်ခိုက်မှုတွေဟာ ရန်သူတော် အစ္စရေး နိုင်ငံရဲ့ လက်ချက်လို့ စွပ်စွဲခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အခုဆိုရင် အီရန်ရဲ့ ယူရေနီယမ် သန့်စင်နိုင်စွမ်းဟာ ၆၀ ရာခိုင်နှုန်းထိ ရောက်လာပြီ ဖြစ်ပြီး လက်နက်တွေ ထုတ်လုပ်နိုင်တဲ့ အတိုင်းအတာမျိုးတော့ မဟုတ်သေးပါဘူး။ အီရန်ကတော့ သူတို့ရဲ့ နျူကလီးယား နည်းပညာ ထိုးထွင်းဖန်တီးမှုတွေဟာ အစ္စရေးနဲ့ အနောက်နိုင်ငံတွေ စွပ်စွဲထားသလို လက်နက် ထုတ်လုပ်ဖို့ မဟုတ်ဘဲ စွမ်းအင် ကဏ္ဍအတွက်သာ ရည်ရွယ်ကြောင်း ကြေညာထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သိမ်းဆည်းရမိတဲ့ အမေရိကန် မောင်းသူမဲ့ ရေငုပ်သင်္ဘော (ဒရုန်း)ကို အီရန်က နည်းပညာပိုင်း ခွဲခြမ်းလေ့လာပြီး ကိုယ်တိုင်တုပ တည်ဆောက်တာမျိုး လုပ်လာနိုင်ကြောင်း သိရပါတယ်။

သတင်း

PDF ​တွေကတံတားဦး​လေတပ်အား ဒရုန်း ၆ စီးနဲ့တိုက်ခိုက်မှုကိုဟန်တားဖျက်ဆီးနိုင်ခဲ့တယ်လို့စစ်တပ်က စက်တင်ဘာ၁၀ရက်ညမှာထုတ်ပြန်ပြီး နာရီပိုင်းအကြာမှာပဲ PDF ​တွေက ​လေတပ်ရဲ့​လေယာဥ်​ပြေးလမ်း​ပေါ်မှာ​လေတပ်ကစစ်သား​တွေကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကိုထပ်မံထုတ်ပြန်လိုက်ပါတယ် ။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook