Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဗြိတိန်နဲ့ အမေရိကန် စစ်တပ်က ရန်စနေတယ်လို့ ပူတင်စွပ်စွဲ

ဗြိတိန် ရေတပ် သင်္ဘောဟာ ရုရှား ထိန်းချုပ်ထားတဲ့ ခရိုင်းမီးယား ကျွန်းဆွယ်နားက ဖြတ်သန်း ခုတ်မောင်းခဲ့တာကြောင့် ခြောက်လှန့် ပစ်ခတ်ခဲ့ကြောင်း ရုရှား ရေတပ်က ထုတ်ပြန်ပါတယ်။

ဗြိတိန်နဲ့ အမေရိကန် စစ်တပ်တွေဟာ အခြေအနေတွေ ရှုပ်ထွေးအောင် ရည်ရွယ်ချက်ရှိရှိ ရန်စနေတယ်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က စွပ်စွဲ ပြောကြားလိုက်ပါတယ်။

ဗြိတိန် ရေတပ်ရဲ့ ဖျက်သင်္ဘော HMS Defenderနဲ့ ရုရှား ရေတပ်တို့ ငြိခဲ့တဲ့ ပြဿနာ အပြီးမှာ ပူတင်က အခုလို ဝေဖန် ပြစ်တင်လာခဲ့တာ ဖြစ်ပါတယ်။ ဗြိတိန် ရေတပ် သင်္ဘောဟာ ရုရှား ထိန်းချုပ်ထားတဲ့ ခရိုင်းမီးယား ကျွန်းဆွယ်နားက ဖြတ်သန်း ခုတ်မောင်းခဲ့တာကြောင့် ခြောက်လှန့် ပစ်ခတ်ခဲ့ကြောင်း ရုရှား ရေတပ်က ထုတ်ပြန်ပါတယ်။

ဒီကိစ္စဟာ တတိယ ကမ္ဘာစစ်ကြီး ဖြစ်သွားလောက်အောင် ကြီးကျယ်မှု မရှိပေမယ့် အမေရိကန်နဲ့ ဗြိတိန်တို့ရဲ့ မရိုးမသား အကြံအစည် တစ်ခုလို့တော့ သတ်မှတ်နိုင်တယ်လို့ ပူတင်က ဆိုပါတယ်။ အမေရိကန်ဟာ ယူကရိန်းနိုင်ငံမှာ စစ်စခန်း တည်ဆောက်ဖို့ အကြောင်းရင်း ရှာနေတာလို့လည်း ပူတင်က ပြောပါတယ်။ ရုရှားဟာ ယူကရိန်းပိုင် ခရိုင်းမီးယား ဒေသကို ၂၀၁၄ မှာ စစ်အင်အား အသုံးပြုပြီး ထိန်းချုပ် သိမ်းယူထားလိုက်တာ ဖြစ်ပါတယ်။

ဗြိတိန် ရေတပ်ကတော့ ခရိုင်းမီးယား ကျွန်းဆွယ်နားက စစ်သင်္ဘော ဖြတ်သန်း မောင်းနှင်တာဟာ နိုင်ငံတကာ ရေကြောင်း ဥပဒေတွေကို ချိုးဖောက်မှု လုံးဝ မရှိဘူးလို့ တုံ့ပြန်ထားပါတယ်။ အခုပြဿနာ နောက်ပိုင်း ရုရှားရေတပ်ကလည်း နောက်တစ်ကြိမ် ရေပိုင်နက် ခြိမ်းခြောက်မှု အန္တရာယ် ကြုံလာရင် ပစ်မှတ် သင်္ဘောကို အမှန်တကယ် ချိန်ရွယ် ပစ်ခတ်ဖို့ စဉ်းစားနေကြောင်း လေသံ ဟလာပါတယ်။

Public Service Announcement

Public Service Announcement

ဒီဖြစ်ရပ်အပြီး မကြာခင်မှာပဲ သူတို့ရဲ့ စစ်သင်္ဘော HNMLS Evertsenကို ပင်လယ်နက်ထဲမှာ ရုရှား တိုက်လေယာဉ်တွေက နှောင့်ယှက်ခဲ့တယ်လို့ နယ်သာလန် ရေတပ်က ထုတ်ဖော် စွပ်စွဲခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို