Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဗြိတိန်နဲ့ အမေရိကန် စစ်တပ်က ရန်စနေတယ်လို့ ပူတင်စွပ်စွဲ

ဗြိတိန် ရေတပ် သင်္ဘောဟာ ရုရှား ထိန်းချုပ်ထားတဲ့ ခရိုင်းမီးယား ကျွန်းဆွယ်နားက ဖြတ်သန်း ခုတ်မောင်းခဲ့တာကြောင့် ခြောက်လှန့် ပစ်ခတ်ခဲ့ကြောင်း ရုရှား ရေတပ်က ထုတ်ပြန်ပါတယ်။

ဗြိတိန်နဲ့ အမေရိကန် စစ်တပ်တွေဟာ အခြေအနေတွေ ရှုပ်ထွေးအောင် ရည်ရွယ်ချက်ရှိရှိ ရန်စနေတယ်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က စွပ်စွဲ ပြောကြားလိုက်ပါတယ်။

ဗြိတိန် ရေတပ်ရဲ့ ဖျက်သင်္ဘော HMS Defenderနဲ့ ရုရှား ရေတပ်တို့ ငြိခဲ့တဲ့ ပြဿနာ အပြီးမှာ ပူတင်က အခုလို ဝေဖန် ပြစ်တင်လာခဲ့တာ ဖြစ်ပါတယ်။ ဗြိတိန် ရေတပ် သင်္ဘောဟာ ရုရှား ထိန်းချုပ်ထားတဲ့ ခရိုင်းမီးယား ကျွန်းဆွယ်နားက ဖြတ်သန်း ခုတ်မောင်းခဲ့တာကြောင့် ခြောက်လှန့် ပစ်ခတ်ခဲ့ကြောင်း ရုရှား ရေတပ်က ထုတ်ပြန်ပါတယ်။

ဒီကိစ္စဟာ တတိယ ကမ္ဘာစစ်ကြီး ဖြစ်သွားလောက်အောင် ကြီးကျယ်မှု မရှိပေမယ့် အမေရိကန်နဲ့ ဗြိတိန်တို့ရဲ့ မရိုးမသား အကြံအစည် တစ်ခုလို့တော့ သတ်မှတ်နိုင်တယ်လို့ ပူတင်က ဆိုပါတယ်။ အမေရိကန်ဟာ ယူကရိန်းနိုင်ငံမှာ စစ်စခန်း တည်ဆောက်ဖို့ အကြောင်းရင်း ရှာနေတာလို့လည်း ပူတင်က ပြောပါတယ်။ ရုရှားဟာ ယူကရိန်းပိုင် ခရိုင်းမီးယား ဒေသကို ၂၀၁၄ မှာ စစ်အင်အား အသုံးပြုပြီး ထိန်းချုပ် သိမ်းယူထားလိုက်တာ ဖြစ်ပါတယ်။

ဗြိတိန် ရေတပ်ကတော့ ခရိုင်းမီးယား ကျွန်းဆွယ်နားက စစ်သင်္ဘော ဖြတ်သန်း မောင်းနှင်တာဟာ နိုင်ငံတကာ ရေကြောင်း ဥပဒေတွေကို ချိုးဖောက်မှု လုံးဝ မရှိဘူးလို့ တုံ့ပြန်ထားပါတယ်။ အခုပြဿနာ နောက်ပိုင်း ရုရှားရေတပ်ကလည်း နောက်တစ်ကြိမ် ရေပိုင်နက် ခြိမ်းခြောက်မှု အန္တရာယ် ကြုံလာရင် ပစ်မှတ် သင်္ဘောကို အမှန်တကယ် ချိန်ရွယ် ပစ်ခတ်ဖို့ စဉ်းစားနေကြောင်း လေသံ ဟလာပါတယ်။

Public Service Announcement

Public Service Announcement

ဒီဖြစ်ရပ်အပြီး မကြာခင်မှာပဲ သူတို့ရဲ့ စစ်သင်္ဘော HNMLS Evertsenကို ပင်လယ်နက်ထဲမှာ ရုရှား တိုက်လေယာဉ်တွေက နှောင့်ယှက်ခဲ့တယ်လို့ နယ်သာလန် ရေတပ်က ထုတ်ဖော် စွပ်စွဲခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂဆိုင်ရာ အီရန် သံတမန် အဖွဲ့က အီရန်ရဲ့ တိုက်ခိုက်မှုဟာ တရားမျှတပြီး အမေရိကန် အနေနဲ့ ကြားမဝင်ဖို့ လိုတယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။