Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အာဖဂန်က အမေရိကန် စစ်တပ် အားလုံး အပြီးသတ် ထွက်ခွာ

တပ်တွေ ပြန်ရုပ်သွားပေမယ့် သံရေးတမန်ရေး ဆိုင်ရာ မပြီးသတ်သေးတဲ့ လုပ်ငန်းတွေအတွက် ရွှေ့ပြောင်းမှုတွေတော့ ဆက်လက် လုပ်ဆောင်နေဦးမယ်လို့ ဆိုပါတယ်။ အမေရိကန်ဟာ ၂၀၀၁ ခုနှစ် ကတည်းက အာဖဂန်က တာလီဘန် စစ်သွေးကြွတွေကို တိုက်ခိုက်ပြီး ပြည်တွင်းမှာ လာရောက် တပ်စွဲထားခဲ့တာ ဖြစ်ပါတယ်။

အာဖဂန် နစ္စတန် နိုင်ငံမှာ အမေရိကန် စစ်တပ်တွေ အခြေစိုက်ထားမှုဟာ နှစ်ပေါင်း ၂၀ အကြာမှာ အမှန်တကယ် ဆုံးခန်း တိုင်သွားခဲ့ပြီ ဖြစ်ပါတယ်။

သမ္မတ ဂျိုးဘိုင်ဒန် ကြိုတင် ကြေညာထားတဲ့အတိုင်း အမေရိကန် တပ်တွေ အားလုံးဟာ ဩဂုတ် ၃၁ ရက်မှာ အာဖဂန်နိုင်ငံ၊ မြို့တော်ကဘူးလ်ကနေ ထွက်ခွာသွားခဲ့ပါတယ်။ ကဘူးလ်က ဟာမစ်ကာဇိုင်း နိုင်ငံတကာ လေဆိပ်မှာ နောက်ဆုံးအသုတ် အမေရိကန် တပ်ဖွဲ့ဝင်တွေကို တင်ဆောင်ထားတဲ့ C-17 လေယာဉ်ကြီးဟာ ဩဂုတ် ၃၁ ရက် မနက်အစောပိုင်းမှာ ထွက်ခွာသွားခဲ့ပါတယ်။

တပ်တွေ ပြန်ရုပ်သွားပေမယ့် သံရေးတမန်ရေး ဆိုင်ရာ မပြီးသတ်သေးတဲ့ လုပ်ငန်းတွေအတွက် ရွှေ့ပြောင်းမှုတွေတော့ ဆက်လက် လုပ်ဆောင်နေဦးမယ်လို့ ဆိုပါတယ်။ အမေရိကန်ဟာ ၂၀၀၁ ခုနှစ် ကတည်းက အာဖဂန်က တာလီဘန် စစ်သွေးကြွတွေကို တိုက်ခိုက်ပြီး ပြည်တွင်းမှာ လာရောက် တပ်စွဲထားခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် တပ်တွေ ပြန်လည် ထွက်ခွာသွားတဲ့နောက် ကဘူးလ်မြို့ထဲမှာ တာလီဘန်တွေက သေနတ်တွေ ပစ်ဖောက်ပြီး အောင်ပွဲခံခဲ့ကြပါတယ်။ ပြီးတော့ တာလီဘန် ထောက်ခံသူတွေက မြို့ထဲထွက်လာပြီး စုဝေးခဲ့ကြပါတယ်။ အမေရိကန်ရဲ့ နောက်ဆုံး စစ်လေယာဉ် ထွက်ခွာသွားပြီး မကြာခင်မှာပဲ တာလီဘန်တွေက ဟာမစ်ကာဇိုင်း လေဆိပ်ကို ဝင်ရောက် ထိန်းချုပ်လိုက်ပါတယ်။

Public Service Announcement

Public Service Announcement

တာလီဘန်တွေက ကဘူးလ်အပါအဝင် အာဖဂန်နိုင်ငံ တစ်ခုလုံးနီးပါးကို ထိန်းချုပ်လိုက်တဲ့နောက် ဩဂုတ် ၁၄ ရက်ကစလို့ အမေရိကန် အစိုးရက အာဖဂန်ရောက် အမေရိကန် နိုင်ငံသားတွေနဲ့ လုံခြုံရေးအရ စိုးရိမ်ရသူတွေကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ပါတယ်။ အခုတော့ အမေရိကန်တပ်တွေ ထွက်ခွာသွားပြီ ဖြစ်သလို ဒီရွှေ့ပြောင်းပေးမှုတွေလည်း ပြီးဆုံးသွားပါပြီ။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်သိုနီ ဘလင်ကန်က စစ်ရေး၊ သံတမန်ရေးနဲ့ လူသားချင်း စာနာမှုဆိုင်ရာ ရွှေ့ပြောင်းစေမှုတွေဟာ အမေရိကန်သမိုင်းမှာ အကြီးမားဆုံး စိန်ခေါ်မှုတစ်ခု ဖြစ်ခဲ့ကြောင်း ပြောပါတယ်။ အာဖဂန်နဲ့ ပတ်သက်လို့ ခေတ်သစ်တစ်ခု အစပြုပြီဖြစ်ကြောင်း၊ စစ်ရေး ဆောင်ရွက်ချက်တွေ အဆုံးသတ်ပြီး သံတမန်ရေးရာ ချဉ်းကပ်မှုတွေ စတင်တော့မှာဖြစ်ကြောင်း ဘလင်ကန်စ်က ဆိုပါတယ်။

တာလီဘန်တွေ အနေနဲ့ အမေရိကန်ရဲ့ အသိအမှတ် ပြုမှုကို ရဖို့ဆိုရင် ကြိုတင် ကတိပေးထားတဲ့အတိုင်း အမျိုးသမီးတွေ အပါအဝင် အာဖဂန် ပြည်သူတွေရဲ့ အခြေခံ လူ့အခွင့်အရေးတွေကို တန်ဖိုးထားဖို့၊ အကြမ်းဖက် အင်အားစုတွေနဲ့ အဆက်အဆံ မလုပ်ဖို့ လိုကြောင်းလည်း ဘလင်ကန်က သတိပေးခဲ့ပါတယ်။

သမ္မတ ဘိုင်ဒန်ကတော့ အာဖဂန်က တပ်တွေ ရုပ်သိမ်းခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်သူတွေကို မိန့်ခွန်းပြောသွားမယ်လို့ ဆိုပါတယ်။ ဘိုင်ဒန်ဟာ သူ့ရဲ့ အာဖဂန်ရေးရာ မူဝါဒတွေနဲ့ ပတ်သက်လို့ အတော်လေး ဝေဖန် ဖိအားပေးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

လတ်တလောမှာတော့ တာလီဘန်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအပေါ် စိုးရိမ်ထိတ်လန့်နေတဲ့ အာဖဂန်ပြည်သူ အမြောက်အမြားဟာ အိမ်နီးချင်း ပါကစ္စတန် နိုင်ငံဖက် ထွက်ပြေးခိုလှုံဖို့ ကြိုးစားနေကြောင်းလည်း သိရပါတယ်။ အမေရိကန် အတွက်တော့ အာဖဂန် စစ်ပွဲဟာ အချိန်အကြာဆုံး ဆင်နွှဲခဲ့ရတဲ့ စစ်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး အဓိက ရည်မှန်းချက်ဖြစ်တဲ့ ဒီမိုကရေစီ ထူထောင်ရေးကို အထမြောက်အောင် မလုပ်ဆောင်နိုင်ဘဲ တပ်ပြန်ရုပ်ခဲ့ရတာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂဆိုင်ရာ အီရန် သံတမန် အဖွဲ့က အီရန်ရဲ့ တိုက်ခိုက်မှုဟာ တရားမျှတပြီး အမေရိကန် အနေနဲ့ ကြားမဝင်ဖို့ လိုတယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။