Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အာဖဂန်က တပ်တွေ ပြန်ရုပ်လိုက်တာဟာ အကောင်းဆုံး ဆုံးဖြတ်ချက်လို့ ဘိုင်ဒန်ပြော

အမေရိကန် သမ္မတဟာ အာဖဂန်က စစ်ဆင်ရေးတွေ အဆုံးသတ်လိုက်တဲ့ မူဝါဒနဲ့ ပတ်သက်ပြီး အတော်လေး ဝေဖန် ခံနေရပါတယ်။

အာဖဂန် နစ္စတန် နိုင်ငံက စစ်တပ်တွေ ပြန်ရုပ်သိမ်းလိုက်တာဟာ အမေရိကန်အတွက် အကောင်းဆုံး ဆုံးဖြတ်ချက် ဖြစ်တယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားသွားပါတယ်။

အမေရိကန် သမ္မတဟာ အာဖဂန်က စစ်ဆင်ရေးတွေ အဆုံးသတ်လိုက်တဲ့ မူဝါဒနဲ့ ပတ်သက်ပြီး အတော်လေး ဝေဖန် ခံနေရပါတယ်။ အမေရိကန် တပ်တွေ ပြန်ရုပ်သိမ်းပြီး မကြာခင်မှာပဲ အာဖဂန် တစ်နိုင်ငံလုံးဟာ တာလီဘန် စစ်သွေးကြွတွေ လက်ထဲ ကျရောက်သွားခဲ့ပါတယ်။

အာဖဂန် အခြေစိုက် နောက်ဆုံး အမေရိကန် စစ်သည်တွေ ထွက်ခွာခဲ့တဲ့ ဩဂုတ် ၃၁ ရက်မှာတော့ ဘိုင်ဒန်က အမေရိကန် ပြည်သူတွေကို မိန့်ခွန်းပြောခဲ့ပြီး သူ့ရဲ့ ရွေးချယ်မှုအပေါ် ကာကွယ်သွားခဲ့ပါတယ်။

အာဖဂန်ရဲ့ မပြီးဆုံးနိုင်တဲ့ စစ်ပွဲမှာ ဆက်လက် ပါဝင်တိုက်ခိုက်ဖို့ အမေရိကန်မှာ ရှင်းလင်းတဲ့ ရည်မှန်းချက်မျိုး မရှိတော့ဘူးလို့ ဘိုင်ဒန်က ဆိုပါတယ်။ တပ်တွေ ပြန်ရုပ်သိမ်းလိုက်တာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်၊ ပညာသားပါတဲ့ ဆုံးဖြတ်ချက် ဖြစ်ပြီး အမေရိကန်အတွက် အကောင်းဆုံး ဆုံးဖြတ်ချက်လို့လည်း ဆိုနိုင်ကြောင်း ဘိုင်ဒန်က သူ့ရဲ့ မိန့်ခွန်းထဲမှာ ထည့်ပြောသွားပါတယ်။

Public Service Announcement

Public Service Announcement

လောလောဆယ်တော့ အာဖဂန်မှာ အမေရိကန်တပ်တွေ မရှိတော့ပေမယ့် ကျန်ရစ်နေတဲ့ အမေရိကန် နိုင်ငံသားတွေကို ကဘူးလ်မြို့တော်ကနေတဆင့် ခေါ်ထုတ်ဖို့ ဆက်လက် ဆောင်ရွက်နေဆဲပါ။ အမေရိကန်နဲ့ တာလီဘန်တွေ ညှိနှိုင်းထားမှုအရ အမေရိကန် နိုင်ငံသားတွေကို တာလီဘန်တွေက ခြံရံပြီး ကဘူးလ်က လေဆိပ်ကို ပို့ဆောင်ပေးနေတယ်လို့ သိရပါတယ်။

အမေရိကန်ဟာ အာဖဂန်မှာ နှစ်ပေါင်း ၂၀ ကြာ စစ်ဆင်ရေးတွေ ဆောင်ရွက်ပြီး ပီပြင်တဲ့ ဒီမိုကရေစီ စနစ်ကို ထူထောင်ပေးဖို့ ဒေါ်လာ ထရီလီယံနဲ့ချီ အကုန်အကျခံ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ဘဲ တပ်တွေ ရုပ်သိမ်းခဲ့ရတာပါ။ အာဖဂန် စစ်ပွဲဟာ အမေရိကန် ပါဝင်တိုက်ခိုက်တဲ့ အရှည်ကြာဆုံး စစ်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုင်ငံပိုင်နက်ထဲကို ကျူးကျော်ပြီး ပါကစ္စတန်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တာကြောင့် အရပ်သား ၄ ဦး သေဆုံးခဲ့ကြောင်း အာဖဂန် နစ္စတန်ကို အုပ်ချုပ်နေတဲ့ တာလီဘန်တွေက ပြောပါတယ်။

နိုင်ငံတကာ

အာဖဂန် နစ္စတန်ကို တာလီဘန်တွေ ပြန်လည် အုပ်စိုးမှု ၅ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွေကို မြို့တော် ကဘူးလ်မှာ ကျင်းပခဲ့ပါတယ်။

နိုင်ငံတကာ

နယ်စပ်တလျှောက် အာဖဂန် နစ္စတန် ပိုင်နက်ထဲက နေရာတချို့ကို ပါကစ္စတန်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီး အရပ်သား သေဆုံးမှုတွေလည်း ရှိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ စီးတော် လေယာဉ် (Air Force One) အသစ်ကို သမ္မတ ဒေါ်နယ်လ်ထရမ့် ကိုယ်တိုင် မိတ်ဆက် ပြသခဲ့ပါတယ်။

Trending

Facebook