Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အာဖဂန်က တပ်တွေ ပြန်ရုပ်လိုက်တာဟာ အကောင်းဆုံး ဆုံးဖြတ်ချက်လို့ ဘိုင်ဒန်ပြော

အမေရိကန် သမ္မတဟာ အာဖဂန်က စစ်ဆင်ရေးတွေ အဆုံးသတ်လိုက်တဲ့ မူဝါဒနဲ့ ပတ်သက်ပြီး အတော်လေး ဝေဖန် ခံနေရပါတယ်။

အာဖဂန် နစ္စတန် နိုင်ငံက စစ်တပ်တွေ ပြန်ရုပ်သိမ်းလိုက်တာဟာ အမေရိကန်အတွက် အကောင်းဆုံး ဆုံးဖြတ်ချက် ဖြစ်တယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားသွားပါတယ်။

အမေရိကန် သမ္မတဟာ အာဖဂန်က စစ်ဆင်ရေးတွေ အဆုံးသတ်လိုက်တဲ့ မူဝါဒနဲ့ ပတ်သက်ပြီး အတော်လေး ဝေဖန် ခံနေရပါတယ်။ အမေရိကန် တပ်တွေ ပြန်ရုပ်သိမ်းပြီး မကြာခင်မှာပဲ အာဖဂန် တစ်နိုင်ငံလုံးဟာ တာလီဘန် စစ်သွေးကြွတွေ လက်ထဲ ကျရောက်သွားခဲ့ပါတယ်။

အာဖဂန် အခြေစိုက် နောက်ဆုံး အမေရိကန် စစ်သည်တွေ ထွက်ခွာခဲ့တဲ့ ဩဂုတ် ၃၁ ရက်မှာတော့ ဘိုင်ဒန်က အမေရိကန် ပြည်သူတွေကို မိန့်ခွန်းပြောခဲ့ပြီး သူ့ရဲ့ ရွေးချယ်မှုအပေါ် ကာကွယ်သွားခဲ့ပါတယ်။

အာဖဂန်ရဲ့ မပြီးဆုံးနိုင်တဲ့ စစ်ပွဲမှာ ဆက်လက် ပါဝင်တိုက်ခိုက်ဖို့ အမေရိကန်မှာ ရှင်းလင်းတဲ့ ရည်မှန်းချက်မျိုး မရှိတော့ဘူးလို့ ဘိုင်ဒန်က ဆိုပါတယ်။ တပ်တွေ ပြန်ရုပ်သိမ်းလိုက်တာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်၊ ပညာသားပါတဲ့ ဆုံးဖြတ်ချက် ဖြစ်ပြီး အမေရိကန်အတွက် အကောင်းဆုံး ဆုံးဖြတ်ချက်လို့လည်း ဆိုနိုင်ကြောင်း ဘိုင်ဒန်က သူ့ရဲ့ မိန့်ခွန်းထဲမှာ ထည့်ပြောသွားပါတယ်။

Public Service Announcement

Public Service Announcement

လောလောဆယ်တော့ အာဖဂန်မှာ အမေရိကန်တပ်တွေ မရှိတော့ပေမယ့် ကျန်ရစ်နေတဲ့ အမေရိကန် နိုင်ငံသားတွေကို ကဘူးလ်မြို့တော်ကနေတဆင့် ခေါ်ထုတ်ဖို့ ဆက်လက် ဆောင်ရွက်နေဆဲပါ။ အမေရိကန်နဲ့ တာလီဘန်တွေ ညှိနှိုင်းထားမှုအရ အမေရိကန် နိုင်ငံသားတွေကို တာလီဘန်တွေက ခြံရံပြီး ကဘူးလ်က လေဆိပ်ကို ပို့ဆောင်ပေးနေတယ်လို့ သိရပါတယ်။

အမေရိကန်ဟာ အာဖဂန်မှာ နှစ်ပေါင်း ၂၀ ကြာ စစ်ဆင်ရေးတွေ ဆောင်ရွက်ပြီး ပီပြင်တဲ့ ဒီမိုကရေစီ စနစ်ကို ထူထောင်ပေးဖို့ ဒေါ်လာ ထရီလီယံနဲ့ချီ အကုန်အကျခံ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ဘဲ တပ်တွေ ရုပ်သိမ်းခဲ့ရတာပါ။ အာဖဂန် စစ်ပွဲဟာ အမေရိကန် ပါဝင်တိုက်ခိုက်တဲ့ အရှည်ကြာဆုံး စစ်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်လွှတ်တော်နှစ်ရပ်က ၂၀၂၄ ခုနှစ် အမေရိကန်အစိုးရအသုံးစရိတ်လျာထားချက်ဥပဒေကြမ်းကို မတ်လ ၂၃ ရက်တွင် အတည်ပြုခဲ့ပြီး သမ္မတဂျိုးဘိုင်ဒန်ကလည်း ယင်းနေ့တွင်ပင် ဥပဒေကို လက်မှတ်ရေးထိုးကြောင်း ကြေညာခဲ့သည်။

နိုင်ငံတကာ

အမေရိကန် အထက်လွှတ်တော်အမတ် ဘရိုင်ယန် ရှက်ဇ်က မီးလောင်ပြင် နေရာတချို့ကို သွားရောက်ခဲ့ပြီး လေက အခုရက်ပိုင်းမှာ နည်းနည်း ပြန်ငြိမ်သွားပေမယ့် နောက်ထပ် အသေအပျောက်ဦးရေ တိုးလာနိုင်ခြေတွေ ရှိနေသေးကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် နိုင်ငံဆိုင်ရာ တရုတ်သံရုံးကတော့ ဘိုင်ဒန်ရဲ့ မှတ်ချက်နဲ့ ပတ်သက်ပြီး အလျင်စလို တုံ့ပြန်တာမျိုး မရှိသေးပါဘူး။

နိုင်ငံတကာ

၂၀၁၉ ခုနှစ်တုန်းက ရွေးကောက်ပွဲ ယှဉ်ပြိုင်မယ်လို့ တရားဝင် ကြေညာခဲ့ဖူးတာရဲ့ ၄ နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ ဘိုင်ဒန်က နောက်တစ်ကြိမ် ရွေးကောက်ပွဲ ဝင်မယ်ဆိုတာကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။