Connect with us

Hi, what are you looking for?

LuduNwayOo

News

မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်မီး ခပ်မြန်မြန် ကူးစက်လာနိုင်တယ်လို့ လူ့အခွင့်အရေး မဟာမင်းကြီး သတိပေး

လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ်ချဲလ် ဘက်ရှလေက မြန်မာ့အရေးမှာ ကြားဝင်ဆောင်ရွက်နိုင်မယ့် အချိန်တွေက တဖြည်းဖြည်း နည်းပါးလာနေပြီလို့ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ စက်တင်ဘာ ၂၃ ရက်က မှတ်ချက်ပေး ပြောဆိုသွားခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်မီး အလျံတညီးညီး ကူးစက်လောင်ကျွမ်းနိုင်တဲ့ ဖြစ်နိုင်ခြေမျိုးဆီ ခပ်မြန်မြန် ဦးတည်နေပြီလို့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲက သတိပေးလိုက်ပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ်ချဲလ် ဘက်ရှလေက မြန်မာ့အရေးမှာ ကြားဝင်ဆောင်ရွက်နိုင်မယ့် အချိန်တွေက တဖြည်းဖြည်း နည်းပါးလာနေပြီလို့ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ စက်တင်ဘာ ၂၃ ရက်က မှတ်ချက်ပေး ပြောဆိုသွားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းယူလိုက်ချိန် ကတည်းက နိုင်ငံရေး မတည်ငြိမ်မှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေပါတယ်။ စစ်တပ်ရဲ့ မတရား ဖိနှိပ်မှုကို တွန်းလှန်တဲ့ တော်လှန်ရေး လှုပ်ရှားမှုတွေလည်း နိုင်ငံအနှံ့မှာ ပေါ်ပေါက်လာပါတယ်။

ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်အမတ်တွေ အဓိက ဦးဆောင် ဖွဲ့စည်းထားတဲ့ NUG အစိုးရက ပြည်သူ့ကာကွယ်ရေး စစ်ပွဲ စတင်တော့မယ်လို့ ကြေညာလိုက်ချိန်နောက်ပိုင်း အာဏာသိမ်း စစ်တပ်နဲ့ လက်အောက်ခံ ရဲတပ်ဖွဲ့ကို ပစ်မှတ်ထားမှုတွေလည်း ပိုများပြားလာပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းမှု ဖြစ်ပြီးကတည်းက မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ သိသိသာသာ မြင့်တက်လာနေကြောင်း၊ မြန်မာ့အရေးကို တခြားနိုင်ငံတွေက ကူညီ ဖြေရှင်းပေးပြီး ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်တင်ပေးနိုင်မယ့် လက်ကျန် အချိန်ကလည်း ပိုနည်းလာနေကြောင်း ဘက်ရှလေက ပြောပါတယ်။

ပဋိပက္ခတွေ၊ ဆင်းရဲကျပ်တည်းမှုတွေနဲ့ ကပ်ရောဂါ ဖိစီးမှုတွေက နိုင်ငံအနှံ့မှာ တဟုန်ထိုး မြင့်တက်လာကြောင်း၊ မြန်မာနိုင်ငံဟာ ဖိနှိပ်မှု၊ အကြမ်းဖက်မှု၊ စီးပွားရေး ပြိုလဲမှု ဝဲဂယက်တွေထဲ ကျရောက်နေပြီး လူ့အသက်တွေ အများကြီး ဆုံးရှုံးနေရသလို မျှော်လင့်ချက်တွေလည်း အားလျော့လာနေကြောင်း သူက ဆိုပါတယ်။

လက်နက်ကိုင် တော်လှန်ရေး လှုပ်ရှားမှုတွေ အားကောင်းလာတာနဲ့အမျှ စစ်တပ်ဖက်ကလည်း ပြည်သူလူထုရဲ့ အခြေခံ အခွင့်အရေးတွေအပေါ် အလွန်အကျွံ ဖိနှိပ်ပိတ်ပင်တာတွေလည်း ပိုများလာနေတယ်လို့ ဘက်ရှလေက ထောက်ပြပါတယ်။ အခြေအနေတွေ အားလုံးကို ခြုံငုံ သုံးသပ်လိုက်တဲ့အခါ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်မီး အကြီးအကျယ် တောက်လောင်မယ့် ဖြစ်နိုင်ခြေတွေဆီ အရှိန်အဟုန်နဲ့ ဦးတည်နေပြီဖြစ်ကြောင်း ဘက်ရှလေက သတိပေးသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း စစ်တပ်ရဲ့ ဗိုလ်ကျကြီးစိုးမှုတွေကို အမြစ်ဖြတ် တွန်းလှန်ဖို့ ရည်မှန်းချက် ကြီးကြီးနဲ့ လုပ်ဆောင်မှုတွေ ပိုမို အားကောင်းလာကြောင်း၊ တစ်ဖက်မှာလည်း နိုင်ငံရဲ့ တည်ငြိမ်မှု၊ သာယာဝပြောမှုနဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်နေမှုတွေကို စတေးလိုက်ရကြောင်း ဘက်ရှလေက ဆိုပါတယ်။

အာဏာသိမ်းလိုက်ချိန် ကတည်းက စစ်တပ်နဲ့ ရဲတွေကြောင့် သေဆုံးရတဲ့ အရပ်သားပြည်သူ ဦးရေက အခုဆိုရင် ၁၁၀၀ ကျော်ထိ များပြားလာပြီး ကလေးတွေ အပါအဝင် လူပေါင်း ၈၀၀၀ ကျော် အဖမ်းခံခဲ့ရကြောင်း၊ ၄၇၀၀ ကျော်က လက်ရှိ အချိန်ထိ ထိန်းသိမ်းခံထားရဆဲ ဖြစ်ကြောင်းလည်း လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ဘက်ရှလေက တင်ပြသွားပါတယ်။

ချီလီနိုင်ငံရဲ့ သမ္မတဟောင်းလည်းဖြစ်တဲ့ ဘက်ရှလေက မြန်မာ့နိုင်ငံရေးနဲ့ ဆက်စပ်တဲ့ အဖွဲ့အစည်းအားလုံး၊ အထူးသဖြင့် စစ်တပ် အနေနဲ့ လူ့အခွင့်အရေးဆိုင်ရာ အထောက်အပံ့တွေကို တားဆီး ပိတ်ပင်တာမျိုး မလုပ်ဖို့နဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ပြီးတော့ လက်နက်ကိုင် အဖွဲ့အစည်း အားလုံးက ပြည်သူတွေကို ကာကွယ်ပေးကြဖို့ တိုက်တွန်းခဲ့ပြီး လူနေဧရိယာတွေကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ၊ လေကြောင်းက တိုက်ခိုက်တာတွေ ရပ်တန်းက ရပ်ဖို့လိုကြောင်းလည်း ပြောကြားသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

RPG တစ်လက်နှင့် RPG ဗုံးသီး ငါးခုကို ကျပ် သိန်း ၆၀ခန့်သာ ကုန်ကျခဲ့ကြောင်း၊ လိုအပ်ချက် အနည်းအငယ်ရှိသော်လည်း စစ်မြေပြင်၌ အဆင်ပြေစွာ အသုံးပြုနေကြောင်း ADPRA၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

ဇန်နဝါရီ ၃၀ ရက်ကလည်း လောင်းလုံး PDF နှင့် ပူးပေါင်းအဖွဲ့များမှ မောင်းမကန်ရဲစခန်းအား ၄၀ မမ ခြောက်လုံး၊ ၇၉ ဗုံးသီး ၄၂ လုံးအသုံးပြုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ နှစ်ဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့သေးသည်။

သတင်း

စစ်ကောင်စီက ဆီဆိုင်မြို့ပေါ်သို့ လေယာဉ်နှစ်ကြိမ်ပျံဝဲခဲ့ပြီး ဒေသခံများအားလုံး မြို့မှ တိမ်းရှောင်ထွက်ပြေးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

သတင်း

စစ်ကောင်စီတပ်သားအနေဖြင့် ပြည်သူနှင့်ပူးပေါင်းကြရန်တိုက်တွန်းပြီး တိုက်ပွဲမခင်အချိန်ထိ ပြည်သူရင်ခွင်ခိုလှုံခွင့်ပြုထားဟု လည်း၎င်းကဆက်​ပြောသည်။