Connect with us

Hi, what are you looking for?

နိုင်ငံတကာ

၅ နှစ်အထက် ကလေးတွေမှာ ကာကွယ်ဆေး ထိုးပေးဖို့ အမေရိကန် အစိုးရ စီစဉ်

ပထမ အဆင့်အနေနဲ့ နိုင်ငံအနှံ့က ကလေးဆေးရုံ ၁၀၀ ကျော်မှာ သီးသန့် ဆေးခန်းတွေ တွဲဖွင့်ပေးပြီး ကလေးတွေကို ကာကွယ်ဆေး ထိုးပေးသွားမှာပါ။ ပြီးတော့ ဆရာဝန်တွေရဲ့ ရုံးခန်းတွေ၊ ဆေးဆိုင်တွေ၊ နောက်ဆုံးအဆင့်အဖြစ် စာသင်ကျောင်းတွေမှာပါ ဆေးထိုးပေးဖို့ ရည်ရွယ်ထားပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ ၅ နှစ်အထက် ကလေးတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးဖို့ အစီအမံတွေ စတင် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အစိုးရဟာ သန်းနဲ့ချီ များပြားတဲ့ အသက် ၅ နှစ်နဲ့ ၁၁ နှစ်ကြား ကလေးတွေကို ကာကွယ်ဆေး ထိုးပေးမယ့် ညွှန်ကြားချက်တွေကို အောက်တိုဘာ ၂၀ မှာ ထုတ်ပြန်လိုက်ပါတယ်။ လတ်တလော အမေရိကန်မှာ အသက် ၁၂ နှစ်အထက် အရွယ်တွေအတွက် ကာကွယ်ဆေး ထိုးနှံပေးနှင့်ပြီးသား ဖြစ်ပါတယ်။

အစိုးရ အနေနဲ့ ကလေးတွေကို ကာကွယ်ဆေး ထိုးပေးဖို့အတွက် ဆေးအရေအတွက် လုံလောက်ဖို့၊ ဆေးထိုးမယ့် နေရာတွေ စီစဉ်ဖို့ အရေးတကြီး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးတွေ စတင် အောင်မြင်ချိန်တုန်းက အရွယ်ရောက်ပြီးသူတွေကို ကာကွယ်ဆေး စင်တာတွေ ဖွင့်လှစ်ပြီး ဆေးထိုးပေးတာမျိုး မဟုတ်တော့ဘဲ တခြားနည်းလမ်းတွေကို အသုံးပြုဖို့ အစိုးရက ညွှန်ကြားထားပါတယ်။

ပထမ အဆင့်အနေနဲ့ နိုင်ငံအနှံ့က ကလေးဆေးရုံ ၁၀၀ ကျော်မှာ သီးသန့် ဆေးခန်းတွေ တွဲဖွင့်ပေးပြီး ကလေးတွေကို ကာကွယ်ဆေး ထိုးပေးသွားမှာပါ။ ပြီးတော့ ဆရာဝန်တွေရဲ့ ရုံးခန်းတွေ၊ ဆေးဆိုင်တွေ၊ နောက်ဆုံးအဆင့်အဖြစ် စာသင်ကျောင်းတွေမှာပါ ဆေးထိုးပေးဖို့ ရည်ရွယ်ထားပါတယ်။

Public Service Announcement

Public Service Announcement

Pfizerနဲ့ BioNTechတို့က ပူးပေါင်း ထုတ်လုပ်တဲ့ ကာကွယ်ဆေးကို ကလေးတွေမှာ သုံးစွဲခွင့်ပြုဖို့ အမေရိကန် အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲမှု ဌာနဆီ အဆိုတင်ထားပြီး ခွင့်ပြုချက် ရပြီဆိုတာနဲ့ ကလေးတွေကို ဆေးထိုးဖို့ မြန်နိုင်သမျှ မြန်မြန် အကောင်အထည် ဖော်သွားမယ်လို့ အိမ်ဖြူတော်က ကြေညာပါတယ်။

တခြား အမေရိကန် ကုမ္ပဏီတွေ ဖြစ်ကြတဲ့ Modernaနဲ့ Johnson & Johnsonတို့က ထုတ်လုပ်တဲ့ ကာကွယ်ဆေး နှစ်မျိုးကိုလည်း ကလေးတွေမှာ လက်တွေ့ ထိုးနှံ စမ်းသပ်မှုတွေ ပြုလုပ်နေပြီး လပိုင်းအတွင်း တရားဝင် ခွင့်ပြုချက်ရဖို့ မျှော်လင့်နေပါတယ်။

အမေရိကန်ဟာ Deltaမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေအတွင်း ကလေးတွေ ကိုဗစ်ရောဂါနဲ့ ဆေးရုံတက်ရတဲ့ စံချိန်တင် အရေအတွက်မျိုး ကြုံတွေ့ခဲ့ဖူးပါတယ်။ ဒီအခြေအနေတွေကလည်း ကလေးတွေအတွက် ကာကွယ်ဆေး ထိုးပေးနိုင်ဖို့ ပိုပြီး တွန်းအား ဖြစ်လာစေခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။