Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

၂၀၃၀ မှာ သစ်တော ခုတ်ထွင်မှုတွေ ရပ်ဆိုင်းမယ်လို့ နိုင်ငံပေါင်း ၁၀၀ ကျော် ကတိပြု

လာမယ့် ဆယ်စုနှစ်ကစလို့ သစ်တော ခုတ်ထွင်မှုတွေကို ရပ်ဆိုင်းသွားဖို့ ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်ရဲ့ ခေါင်းဆောင်တွေက ကတိပြု ပြောကြားခဲ့ပါတယ်။

စကော့တလန် နိုင်ငံမှာ ကျင်းပခဲ့တဲ့ COP26 ညီလာခံမှာ ဘရာဇီး၊ ကွန်ဂို၊ အင်ဒိုနီးရှားတို့ အပါအဝင် နိုင်ငံပေါင်း ၁၀၀ ကျော်ရဲ့ အစိုးရ အသီးသီးက သစ်တော ခုတ်ထွင်မှုတွေကို ၂၀၃၀ ပြည့်နှစ်ကစပြီး ရပ်ဆိုင်းစေမယ်လို့ ကတိကဝတ် ထားရှိခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီနိုင်ငံတွေရဲ့ နယ်နိမိတ် ပိုင်နက်တွေမှာ ကမ္ဘာ့သစ်တော ဧရိယာ စုစုပေါင်းရဲ့ ၈၅ ရာခိုင်နှုန်းလောက် အကျုံးဝင်နေပါတယ်။

ပြီးတော့ သစ်တော ဧရိယာတွေ ပြန်လည် ပျိုးထောင်တိုးချဲ့ဖို့ အတွက်လည်း အစိုးရနဲ့ ပုဂ္ဂလိက ကဏ္ဍ အသီးသီးကနေ ဒေါ်လာ ၁၉ ဘီလီယံလောက် ထည့်ဝင် မြှုပ်နှံသွားမယ်လို့လည်း အစိုးရ အသီးသီးက ကြေညာခဲ့ပါတယ်။ သဘာဝ တရားကို ချုပ်နှောင် နှိပ်စက်နေတာမျိုး မဟုတ်ဘဲ နည်းမှန်လမ်းမှန်နဲ့ ထိန်းသိမ်း အသုံးပြုဖို့ လူသားမျိုးစိတ်မှာ အခွင့်အလမ်း ကျန်ရှိနေဆဲ ဖြစ်ကြောင်း ဗြိတိန် ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆန်က ပြောပါတယ်။ ပြီးတော့ နိုင်ငံပေါင်း ၁၀၀ ကျော်ရဲ့ ပူးတွဲ ကြေညာချက်ကိုလည်း တညီတညွတ်တည်း စိတ်တူသဘောတူ ဆုံးဖြတ်မှု တစ်ခုလို့ ဂျွန်ဆန်က ညွှန်းဆိုသွားပါတယ်။

ကမ္ဘာတလွှားမှာ သစ်တောဧရိယာတွေ ဆုံးရှုံးမှုက စိုးရိမ်စရာ မြန်နှုန်းမျိုးထိ ရောက်ရှိလာနေကြောင်း နိုင်ငံတကာ အဖွဲ့အစည်းတွေက ပြောပါတယ်။ ၂၀၂၀ ပြည့်နှစ်အတွင်းမှာတင် အနည်းဆုံး သစ်တော ဧရိယာ ၂၅၈၀၀၀ စတုရန်း ကီလိုမီတာလောက် ပျောက်ကွယ်သွားခဲ့ပါတယ်။ သစ်တောတွေ ပြုန်းတီးခြင်းက ကမ္ဘာ့ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှု ဖြစ်စဉ်ကို ပိုမို ဆိုးရွားလာစေနိုင်ပါတယ်။

COP26 ညီလာခံရဲ့ ဘုံသဘောတူညီချက်အရ သစ်တောအသစ်တွေ ပြန်လည် စိုက်ပျိုးထူထောင်ဖို့ ဗြိတိန် အပါအဝင် ၁၂ နိုင်ငံက ဒေါ်လာ ၁၂ ဘီလီယံ ရင်းနှီး မြှုပ်နှံပေးသွားမှာ ဖြစ်ပါတယ်။ ဒီနှစ် ညီလာခံကို တက်ရောက်ခဲ့တဲ့ နိုင်ငံတွေဟာ ကမ္ဘာကြီးရဲ့ ပျမ်းမျှ အပူချိန်ကို စက်မှု မထွန်းကားခင် ခေတ်ကာလထက် ၁.၅ ဒီဂရီ ဆဲလ်ဆီးရပ်စ်ထက် မပိုအောင် ကြိုးစားထိန်းညှိထားဖို့လည်း သဘောတူခဲ့ကြကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဇူလိုင် ၁၃ ကနေ ၁၅ ရက်အထိ ၃ ရက်အတွင်း တမဲကလိုးနဲ့သဲဖိုးကလိုးကျေးရွာတွေမှာ ကူညီဆောင်ရွက်ခဲ့တာပါ။

သတင်း

ဝမ်းတွင်းမြို့နယ် တော်လှန်ရေးအင်အားစု (WTRF) သည် မေလ ၂၁ ရက်ကလည်း ကင်းလှည့်လာသည့် စစ်ကောင်စီ၏ ရဲနှစ်ဦးအား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒဏ်ရာအများအပြားဖြင့် ထွက်ပြေးသွားပြီးနောက် တစ်ဦးသေဆုံးခဲ့သေးသည်။

မေးမြန်းခန်း

ဌာနေ ကရင် လူမျိုးစုတို့၏ ကော်နယ်မြေ ဒေသ ၅ခုအား အသိအမှတ်ပြုပြီး တရားဝင် ပိုင်ဆိုင် စီမံခန့်ခွဲခွင့် လက်မှတ်အပ်နှင်းသည့် အခမ်းအနားကို ဧပြီ ၁၂ရက်မှ ၁၃ရက် အထိ ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေ သောသီတောအူး ဌာနေ တိုင်းရင်းသားများဥယာဉ် တွင် ပြုလုပ်ခဲ့သည်။ ဌာနေလူမျိုးစုတို့၏ ‘ကော်’...

News

မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သည်မကြာသေးမီကလည်း အဓိကထွက်ကုန်ဖြစ်‌သော ဝဥများ ခိုးယူရောင်းချခြင်းမပြုရန် သတိပေးချက်ထုတ်ပြန်ထားသည်။