Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ်သစ်တွေအတွက် ရည်ရွယ်ပြီး ဆေးထိုးအပ် မလိုတဲ့ ကာကွယ်ဆေး ဗြိတိန်မှာ စစမ်းသပ်

ဆေးထိုးအပ်နဲ့ ထိုးသွင်းစရာ မလိုဘဲ မျိုးစိတ်သစ် ကိုရိုနာ ဗိုင်းရပ်စ်တွေ ကူးစက်မှုကို ဟန့်တားဖို့ အဓိက ရည်ရွယ် ထုတ်လုပ်ထားတဲ့ ကိုဗစ် ကာကွယ်ဆေး တစ်မျိုးကို ဗြိတိန် နိုင်ငံမှာ စတင် စမ်းသပ်နေပါတယ်။

ကင်းဘရစ်ဂျ် တက္ကသိုလ်က ပါမောက္ခ တစ်ဦးဖြစ်ပြီး DIOSynVaxရဲ့ အမှုဆောင်ချုပ်အဖြစ် တာဝန်ယူနေတဲ့ ပရော်ဖက်ဆာ ဂျိုနသန် ဟီနေးက ဦးဆောင်ပြီး ဒီကာကွယ်ဆေးကို စမ်းသပ် တီထွင်ခဲ့တာပါ။ အခုအခါမှာ ဆောက်သမ်တန်က သုတေသန ဆေးရုံတစ်ခုမှာ အသက် ၁၈ နှစ်နဲ့ ၅၀ ကြား ဆန္ဒအလျောက် ပါဝင်သူတွေမှာ ဒီကာကွယ်ဆေးကို စတင် စမ်းသပ်နေပြီလို့ ပရော်ဖက်ဆာ ဟီနေးက အတည်ပြုခဲ့ပါတယ်။

ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ Sars-Cov-2 ကိုရိုနာ ဗိုင်းရပ်စ်မှာ မျိုးကွဲသစ်တွေ ဆင့်ကဲ ဖြစ်ပေါ်လာတဲ့အခါ ရှိရင်းစွဲ ကာကွယ်ဆေးတွေရဲ့ အာနိသင်ကပါ ယိမ်းယိုင်လာကြောင်း၊ ဒီအတွက် နည်းပညာ အသစ်တွေနဲ့ တုံ့ပြန်ဖို့ လိုအပ်လာကြောင်း သူက မှတ်ချက် ပေးခဲ့ပါတယ်။

DIOS-CoVaxလို့ ယာယီ ကုတ်ဒ်နာမည် ပေးထားတဲ့ စမ်းသပ်ဆဲအဆင့် ကာကွယ်ဆေးဟာ Sars-Cov-2ရဲ့ မျိုးကွဲတွေအပြင် တခြား ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားတွေ ကူးစက်မှုကိုပါ တားဆီးနိုင်ဖို့ ရည်ရွယ် ထုတ်လုပ်ထားကြောင်း သိရပါတယ်။

အနာဂတ်ကာလမှာ ကြုံလာနိုင်တဲ့ ဗိုင်းရပ်စ် ခြိမ်းခြောက်မှုကို ကာကွယ်တားဆီးဖို့အတွက် မျိုးဆက်သစ် ကာကွယ်ဆေးတွေ လိုအပ်နေပြီလို့ ပရော်ဖက်ဆာ ဟီနေးက ဆိုပါတယ်။ ကိုရိုနာဗိုင်းရပ်စ်တွေဟာ အမျိုးအစားပေါင်းစုံ ရှိနေပြီး ကိုဗစ်အပြင် တခြား ရောဂါတွေကိုလည်း ဖြစ်ပွားစေနိုင်ပါတယ်။ သူတို့ တီထွင်နေတဲ့ ဆေးကတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်နိုင်တဲ့ ရောဂါအားလုံးကို ထိထိရောက်ရောက် ကာကွယ် ဟန့်တားနိုင်ဖို့ မျှော်လင့်ထားတယ်လို့လည်း ပရော်ဖက်ဆာ ဟီနေးက ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒီဆေးဟာ အသုံးများတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး အခြေခံ နည်းလမ်းတွေကို ဘက်ပေါင်းစုံ အဆင့်မြှင့်တင် ပေါင်းစပ်ထားပြီး ပိုမို ထိရောက်တဲ့ ကာကွယ်နိုင်စွမ်းမျိုး ရရှိစေမယ်လို့ သုတေသီတွေက ယုံကြည်နေပါတယ်။ ပြီးတော့ ဆေးထိုးအပ်နဲ့ ထိုးသွင်းတဲ့ သမားရိုးကျ နည်းလမ်းအစား အပ်မပါဘဲ အရေပြားအောက်ထဲ ဆေးရောက်ရှိသွားစေမယ့် Spring-Power Jet Injection နည်းကို အသုံးပြုထားပါတယ်။

ဆောက်သမ်တန်က NIHR သုတေသန ဆေးရုံရဲ့ ဒါရိုက်တာ ပရော်ဖက်ဆာ ဆာအူးလ် ဖော့စ်က လက်ရှိ စမ်းသပ်နေတဲ့ ဆေးဟာ ကိုဗစ်ကာကွယ်ဆေး သီးသန့် မဟုတ်ဘဲ ကိုရိုနာဗိုင်းရပ်စ် အားလုံးနဲ့ သက်ဆိုင်တဲ့ ကာကွယ်ဆေးအသစ် ဖြစ်လာနိုင်ကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။ ပြီးတော့ ကိုဗစ်ရောဂါ တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး ကြီးမားတဲ့ အလှည့်အပြောင်းတွေ ဖြစ်လာနိုင်တဲ့ ဒီတီထွင်မှုမှာ ဘက်ပေါင်းစုံ ပါဝင်ပူးပေါင်း ကူညီပေးကြဖို့လည်း သူက တိုက်တွန်း တောင်းဆိုသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်အမေရိကမှာ ထားရှိပြီး ဒေါ်လာ ဘီလီယံနဲ့ချီ တန်ဖိုးရှိတဲ့ ရွှေချောင်းတွေကို ဗြိတိန်ဆီ ပြောင်းရွှေ့ အပ်နှံခဲ့ကြောင်း နယ်သာလန် ဗဟိုဘဏ် (DNB)က အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

ဗြိတိန် ဝန်ကြီးချုပ် အဖြစ်ကနေ နုတ်ထွက်ပြီး မကြာခင်မှာပဲ လွှတ်တော်အမတ် နေရာကိုပါ စွန့်လွှတ်တော့မယ်လို့ ဆာကီရာ စတာမာက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားဆီက ခြိမ်းခြောက်မှုတွေ ရှိနေပေမယ့် ဗြိတိန်ဟာ ယူကရိန်းကို မယိမ်းမယိုင် ဆက်လက် အားပေး ကူညီသွားမယ်လို့ ဗြိတိန် ဝန်ကြီးချုပ် အန်ဒီ ဘန်ဟမ်က ပြောကြားခဲ့ပါတယ်။