Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်းဒဏ် ခံထားရတဲ့ ဖိလစ်ပိုင်မှာ နောက်ထပ် တိုင်ဖွန်း ထပ်တိုက်မှာ စိုးရိမ်နေရ

သေချာပေါက် တိုင်ဖွန်းအဆင့်ထိ ရောက်လာမယ်လို့တော့ မပြောနိုင်ကြောင်း၊ မုန်တိုင်းငယ် အဆင့်ထိ အားကောင်းလာရင် ပိုပြီး ဂရုစိုက်ရတော့မှာဖြစ်ပြီး ပြည်သူတွေ အနေနဲ့ မိုးလေဝသ သတင်းတွေကို အာရုံစိုက်ထားဖို့ အကြံပြုလိုကြောင်း အေဂျင်စီက ထုတ်ပြန်ပါတယ်။

စူပါတိုင်ဖွန်း မုန်တိုင်းကြီးတစ်ခု ဝင်ရောက် တိုက်ခတ်သွားပြီးတဲ့နောက် နာလန်ထူဖို့ ကြိုးစားနေရဆဲ အချိန်မှာပဲ နောက်ထပ် တိုင်ဖွန်းတစ်ခု ဝင်ရောက်လာနိုင်တဲ့ ခြိမ်းခြောက်မှုမျိုး ဖိလစ်ပိုင်မှာ ကြုံတွေ့နေရပါတယ်။

ကျွန်းစုနိုင်ငံ တစ်ခုဖြစ်တဲ့ ဖိလစ်ပိုင်မှာ ပြီးခဲ့တဲ့ သီတင်းပတ်က စူပါတိုင်ဖွန်း ရိုင် ဝင်ရောက် တိုက်ခတ်သွားတာကြောင့် နိုင်ငံ တောင်ပိုင်းနဲ့ အလယ်ပိုင်း ဒေသတွေမှာ ထိခိုက် ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အသေအပျောက် စာရင်းကလည်း နေ့စဉ် တိုးလာနေပြီး အခုဆိုရင် သေဆုံးသူ ၃၀၀ ကျော်လွန်လာခဲ့ပါပြီ။

အခုအခါမှာတော့ ပစိဖိတ် သမုဒ္ဒရာထဲမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်း ရပ်ဝန်းတစ်ခုဟာ ဖိလစ်ပိုင်ဆီ ဦးတည်လာဦးမယ့် အလားအလာမျိုး ရှိနေပါတယ်။ ပါဂါဆာ မိုးလေဝသ အေဂျင်စီက ဒီလေဖိအားနည်း ရပ်ဝန်းကို မျက်ခြေမပြတ် စောင့်ကြည့်နေပြီး တိုင်ဖွန်းမုန်တိုင်း အဆင့်ထိ အားကောင်းလာမှာကို စိုးရိမ်နေပါတယ်။

သေချာပေါက် တိုင်ဖွန်းအဆင့်ထိ ရောက်လာမယ်လို့တော့ မပြောနိုင်ကြောင်း၊ မုန်တိုင်းငယ် အဆင့်ထိ အားကောင်းလာရင် ပိုပြီး ဂရုစိုက်ရတော့မှာဖြစ်ပြီး ပြည်သူတွေ အနေနဲ့ မိုးလေဝသ သတင်းတွေကို အာရုံစိုက်ထားဖို့ အကြံပြုလိုကြောင်း အေဂျင်စီက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

စူပါတိုင်ဖွန်း မုန်တိုင်းကြီး ရိုင် ဝင်ရောက် တိုက်ခတ်သွားတဲ့နောက် ဗစ်ဆာယက်စ် အလယ်ပိုင်းနဲ့ မင်ဒါနာအို မြောက်ပိုင်း ဒေသတွေက ရာနဲ့ချီ များပြားတဲ့ မြို့ရွာတွေမှာ အကြီးအကျယ် ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ရိုင်ရဲ့ လေတိုက်နှုန်းဟာ အမြင့်ဆုံး အချိန်မှာ တစ်နာရီ ကီလိုမီတာ ၂၇၀ လောက်ထိ ပြင်းထန်ခဲ့ပါတယ်။

ဖိလစ်ပိုင်ဟာ အရှေ့တောင်အာရှ ဒေသက မုန်တိုင်းလမ်းကြောင်းသင့်တဲ့ နေရာမှာ တည်ရှိနေပြီး ပျမ်းမျှ တစ်နှစ်ကို တိုင်ဖွန်းနဲ့ မုန်တိုင်းပေါင်း ၂၀ လောက် တိုက်ခတ်တာမျိုး ကြုံရတတ်ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ကမ်းလွန်မှာ လှုပ်ခတ်သွားခဲ့တဲ့ ငလျင်ကြီးကြောင့် သေဆုံးသူ အရေအတွက်ဟာ ၄၆ ဦးထိ ရှိလာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးအတွင်း မြေးဖြစ်သူကို အစွမ်းကုန် ကာကွယ်ဖို့ ကြိုးစားခဲ့တဲ့ အမျိုးသမီးကြီး တစ်ဦးအကြောင်း လူမှုကွန်ရက် မီဒီယာတွေမှာ လူပြောများနေပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်း ကမ်းလွန်မှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန် ငလျင်ကြီးကြောင့် သေဆုံးသူဟာ ၃၅ ဦးထိ ရှိလာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်းကမ်းလွန်မှာ အင်အားပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် အပျက်အစီးတွေ ဖြစ်ပေါ်ခဲ့သလို ကမ်းရိုးတန်း ဒေသတွေမှာ ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ အရေးပေါ် ထုတ်ပြန်ထားလိုက်ရပါတယ်။