Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မာလီ စစ်အစိုးရက ပြင်သစ် သံအမတ်ကြီးကို နိုင်ငံကနေ နှင်ထုတ်

အခုတော့ ပြင်သစ်ဟာ သံအမတ်ကြီး မေယာကို ပြန်လည် ခေါ်ယူလိုက်ပြီဖြစ်ပြီး မာလီ စစ်အစိုးရ အနေနဲ့ ပြင်သစ်ကို ရန်စတဲ့ အပြုအမူတွေ ပိုမိုဆင်ခြင်ဖို့ ပြင်သစ် ကာကွယ်ရေး ဝန်ကြီး ဖလောရင့်စ် ပါလေကလည်း သတိပေးသွားခဲ့ပါတယ်။

မာလီနိုင်ငံက အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ ပြင်သစ် သံအမတ်ကြီးကို နယ်နှင်လိုက်ကြောင်း သိရပါတယ်။

ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးဌာနက သံအမတ်ကြီး ဂျိုဝဲလ်မေယာဟာ ၇၂ နာရီအတွင်း မာလီက ထွက်ခွာဖို့ ညွှန်ကြားချက် ရရှိလာတဲ့နောက် နေရပ် ပြန်လည် ခေါ်ယူလိုက်ကြောင်း အတည်ပြုခဲ့ပါတယ်။ မာလီမှာ အာဏာသိမ်း စစ်တပ်က ချုပ်ကိုင်ထားတဲ့ ယာယီ အစိုးရ အဖွဲ့ကို ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးက ဝေဖန်ခဲ့တဲ့ မှတ်ချက်တွေကြောင့် မေယာကို အခုလို နယ်နှင်လိုက်တာ ဖြစ်ကြောင်း သတင်းတွေက ဖော်ပြပါတယ်။

ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး ဂျင်းယက်ဗ်လီဒရိန်းက မာလီ စစ်အစိုးရ အဖွဲ့ရဲ့ ရပ်တည်မှုဟာ တရားမဝင်ဘူးလို့ ပြီးခဲ့တဲ့ သီတင်းပတ်က မှတ်ချက်ပေး ပြောဆိုခဲ့ပါတယ်။ တစ်ချိန်က ပြင်သစ် ကိုလိုနီ ဖြစ်ခဲ့ဖူးတဲ့ အာဖရိက ဒေသတွင်း နိုင်ငံမှာ ရုရှားရဲ့ ဩဇာ ဖြန့်ကျက်မှု ပိုမို ကြီးထွားလာနေတဲ့ အပေါ်မှာလည်း အနောက်အုပ်စု နိုင်ငံတွေက စိုးရိမ်နေကြပါတယ်။

မာလီစစ်တပ်က ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လမှာ အာဏာသိမ်းလိုက်ပြီး ကတည်းက ပြင်သစ်နဲ့ မာလီကြား ဆက်ဆံရေးဟာ ဆက်တိုက် ယိုယွင်း ကျဆင်းလာခဲ့ပါတယ်။ အခု သီတင်းပတ်မှာတော့ မာလီ စစ်အစိုးရက ရွေးကောက်ပွဲတွေ အမြန်ဆုံး ကျင်းပပေးမယ်ဆိုတဲ့ ကတိကို ဖျက်ပြီး ၂၀၂၅ ခုနှစ်ထိ အာဏာ ထိန်းချုပ်ထားမယ်လို့ ကြေညာလိုက်တဲ့နောက် အခြေအနေတွေ ပိုတင်းမာလာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အခုတော့ ပြင်သစ်ဟာ သံအမတ်ကြီး မေယာကို ပြန်လည် ခေါ်ယူလိုက်ပြီဖြစ်ပြီး မာလီ စစ်အစိုးရ အနေနဲ့ ပြင်သစ်ကို ရန်စတဲ့ အပြုအမူတွေ ပိုမိုဆင်ခြင်ဖို့ ပြင်သစ် ကာကွယ်ရေး ဝန်ကြီး ဖလောရင့်စ် ပါလေကလည်း သတိပေးသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြင်သစ်နိုင်ငံမှာ ရထားတစ်စီး သံလမ်းချော်မှု ဖြစ်ပွားပြီး လူ ၄၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ ထိုင်းသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူတွေ ဦးဆောင်ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ဆက်လက် ကိုယ်စားပြုခွင့်ရအောင် ထိုင်းအစိုးရအနေနဲ့ ထောက်ခံပေးဖို့ စက်တင်ဘာ ၂ ရက်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

သတင်း

စက်တင်ဘာမှာ ကျင်းပမယ့် (၈၁)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုဆက်လက်အသိအမှတ်ပြုဖို့ တိုက်တွန်းတဲ့ လူထုလှုပ်ရှားမှုကို ကချင်ပြည်နယ် ဖားကန့်မြို့ မှာ ဒီနေ့(စက်တင်ဘာ၂) ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ ဆွီဒင်နဲ့ ပြင်သစ်တို့ဟာ စစ်သင်္ဘော ဝယ်ယူရေး စာချုပ်တစ်ခုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

Facebook