Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

မာလီ စစ်အစိုးရက ပြင်သစ် သံအမတ်ကြီးကို နိုင်ငံကနေ နှင်ထုတ်

အခုတော့ ပြင်သစ်ဟာ သံအမတ်ကြီး မေယာကို ပြန်လည် ခေါ်ယူလိုက်ပြီဖြစ်ပြီး မာလီ စစ်အစိုးရ အနေနဲ့ ပြင်သစ်ကို ရန်စတဲ့ အပြုအမူတွေ ပိုမိုဆင်ခြင်ဖို့ ပြင်သစ် ကာကွယ်ရေး ဝန်ကြီး ဖလောရင့်စ် ပါလေကလည်း သတိပေးသွားခဲ့ပါတယ်။

မာလီနိုင်ငံက အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ ပြင်သစ် သံအမတ်ကြီးကို နယ်နှင်လိုက်ကြောင်း သိရပါတယ်။

ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးဌာနက သံအမတ်ကြီး ဂျိုဝဲလ်မေယာဟာ ၇၂ နာရီအတွင်း မာလီက ထွက်ခွာဖို့ ညွှန်ကြားချက် ရရှိလာတဲ့နောက် နေရပ် ပြန်လည် ခေါ်ယူလိုက်ကြောင်း အတည်ပြုခဲ့ပါတယ်။ မာလီမှာ အာဏာသိမ်း စစ်တပ်က ချုပ်ကိုင်ထားတဲ့ ယာယီ အစိုးရ အဖွဲ့ကို ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးက ဝေဖန်ခဲ့တဲ့ မှတ်ချက်တွေကြောင့် မေယာကို အခုလို နယ်နှင်လိုက်တာ ဖြစ်ကြောင်း သတင်းတွေက ဖော်ပြပါတယ်။

ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး ဂျင်းယက်ဗ်လီဒရိန်းက မာလီ စစ်အစိုးရ အဖွဲ့ရဲ့ ရပ်တည်မှုဟာ တရားမဝင်ဘူးလို့ ပြီးခဲ့တဲ့ သီတင်းပတ်က မှတ်ချက်ပေး ပြောဆိုခဲ့ပါတယ်။ တစ်ချိန်က ပြင်သစ် ကိုလိုနီ ဖြစ်ခဲ့ဖူးတဲ့ အာဖရိက ဒေသတွင်း နိုင်ငံမှာ ရုရှားရဲ့ ဩဇာ ဖြန့်ကျက်မှု ပိုမို ကြီးထွားလာနေတဲ့ အပေါ်မှာလည်း အနောက်အုပ်စု နိုင်ငံတွေက စိုးရိမ်နေကြပါတယ်။

မာလီစစ်တပ်က ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လမှာ အာဏာသိမ်းလိုက်ပြီး ကတည်းက ပြင်သစ်နဲ့ မာလီကြား ဆက်ဆံရေးဟာ ဆက်တိုက် ယိုယွင်း ကျဆင်းလာခဲ့ပါတယ်။ အခု သီတင်းပတ်မှာတော့ မာလီ စစ်အစိုးရက ရွေးကောက်ပွဲတွေ အမြန်ဆုံး ကျင်းပပေးမယ်ဆိုတဲ့ ကတိကို ဖျက်ပြီး ၂၀၂၅ ခုနှစ်ထိ အာဏာ ထိန်းချုပ်ထားမယ်လို့ ကြေညာလိုက်တဲ့နောက် အခြေအနေတွေ ပိုတင်းမာလာခဲ့ပါတယ်။

အခုတော့ ပြင်သစ်ဟာ သံအမတ်ကြီး မေယာကို ပြန်လည် ခေါ်ယူလိုက်ပြီဖြစ်ပြီး မာလီ စစ်အစိုးရ အနေနဲ့ ပြင်သစ်ကို ရန်စတဲ့ အပြုအမူတွေ ပိုမိုဆင်ခြင်ဖို့ ပြင်သစ် ကာကွယ်ရေး ဝန်ကြီး ဖလောရင့်စ် ပါလေကလည်း သတိပေးသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement