Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အိန္ဒိယ မင်္ဂလာဆောင် တစ်ခုမှာ ရေတွင်းထဲ ပြုတ်ကျပြီး ၁၃ ဦးထက်မနည်းသေ

သေဆုံးသူ အားလုံးဟာ အမျိုးသမီးတွေနဲ့ ကလေးတွေပဲ ဖြစ်တယ်လို့ ကယ်ဆယ်ရေး အဖွဲ့တွေက ဆိုပါတယ်။ အသေအပျောက် စာရင်းမှာ အသက် ၁ နှစ်အရွယ် ကလေးငယ် ၁ ဦးလည်း ပါဝင်ခဲ့ပါတယ်။

အိန္ဒိယ နိုင်ငံမှာ မင်္ဂလာပွဲ ကျင်းပနေတုန်း ရေတွင်းထဲ ပြုတ်ကျကြရာက လူ ၁၃ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရပါတယ်။

အူတာပရာဒေ့ရှ် ပြည်နယ်မှာ ဖေဖော်ဝါရီ ၁၆ ရက်က မင်္ဂလာပွဲဟာ ဆလပ်ပြန်လောင်းပြီး ပိတ်ထားတဲ့ ရေတွင်းတစ်ခုပေါ်မှာ ကျင်းပခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။ အဲဒီ ရေတွင်းဟောင်းပေါ်မှာ လူတွေ စုထိုင်မိသလို ဖြစ်ရာက အလေးချိန်ကို မခံနိုင်ဘဲ ကျွံကျသွားတာပါ။

သေဆုံးသူ အားလုံးဟာ အမျိုးသမီးတွေနဲ့ ကလေးတွေပဲ ဖြစ်တယ်လို့ ကယ်ဆယ်ရေး အဖွဲ့တွေက ဆိုပါတယ်။ အသေအပျောက် စာရင်းမှာ အသက် ၁ နှစ်အရွယ် ကလေးငယ် ၁ ဦးလည်း ပါဝင်ခဲ့ပါတယ်။

ရေတွင်းထဲ ပြုတ်ကျသွားတဲ့ထဲမှာ ၁ ယောက်ကတော့ ဒဏ်ရာ ရခဲ့ပေမယ့် အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပါတယ်။ မင်္ဂလာယူရမယ့် အချိန်မျိုးမှာ အရမ်းကံဆိုးတဲ့ ဖြစ်ရပ်နဲ့ ကြုံသွားခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့ အကြီးအကဲ ဆာချင်ဒရာ ပက်တဲလ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ရဲတွေက အမှုကို ဆက်လက် စုံစမ်းနေပြီး သေဆုံးသူတွေကို ပြန်လည် စိစစ်နေဆဲလို့ ပြောပါတယ်။ အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီက ဒီဖြစ်ရပ်ကို ကြားသိပြီးတဲ့နောက် စိတ်နှလုံး ကြေကွဲ တုန်လှုပ်မိကြောင်း Twitterမှာ ရေးသားခဲ့ပါတယ်။ ပြီးတော့ ဒေသဆိုင်ရာ အာဏာပိုင်တွေ အနေနဲ့ ကျန်ရစ်သူ မိသားစုတွေကို အတတ်နိုင်ဆုံး ပံ့ပိုး ကူညီဖို့လည်း မိုဒီက တိုက်တွန်းထားပါသေးတယ်။

အိန္ဒိယ ဗဟိုအစိုးရနဲ့ ပြည်နယ် အစိုးရတွေကလည်း သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာရသူအတွက် နစ်နာကြေးတွေ သီးခြားစီ ပေးအပ်ဖို့ စီစဉ်ထားကြောင်းလည်း ဒေသခံ မီဒီယာတွေက ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။