Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယ မင်္ဂလာဆောင် တစ်ခုမှာ ရေတွင်းထဲ ပြုတ်ကျပြီး ၁၃ ဦးထက်မနည်းသေ

သေဆုံးသူ အားလုံးဟာ အမျိုးသမီးတွေနဲ့ ကလေးတွေပဲ ဖြစ်တယ်လို့ ကယ်ဆယ်ရေး အဖွဲ့တွေက ဆိုပါတယ်။ အသေအပျောက် စာရင်းမှာ အသက် ၁ နှစ်အရွယ် ကလေးငယ် ၁ ဦးလည်း ပါဝင်ခဲ့ပါတယ်။

အိန္ဒိယ နိုင်ငံမှာ မင်္ဂလာပွဲ ကျင်းပနေတုန်း ရေတွင်းထဲ ပြုတ်ကျကြရာက လူ ၁၃ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရပါတယ်။

အူတာပရာဒေ့ရှ် ပြည်နယ်မှာ ဖေဖော်ဝါရီ ၁၆ ရက်က မင်္ဂလာပွဲဟာ ဆလပ်ပြန်လောင်းပြီး ပိတ်ထားတဲ့ ရေတွင်းတစ်ခုပေါ်မှာ ကျင်းပခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။ အဲဒီ ရေတွင်းဟောင်းပေါ်မှာ လူတွေ စုထိုင်မိသလို ဖြစ်ရာက အလေးချိန်ကို မခံနိုင်ဘဲ ကျွံကျသွားတာပါ။

သေဆုံးသူ အားလုံးဟာ အမျိုးသမီးတွေနဲ့ ကလေးတွေပဲ ဖြစ်တယ်လို့ ကယ်ဆယ်ရေး အဖွဲ့တွေက ဆိုပါတယ်။ အသေအပျောက် စာရင်းမှာ အသက် ၁ နှစ်အရွယ် ကလေးငယ် ၁ ဦးလည်း ပါဝင်ခဲ့ပါတယ်။

ရေတွင်းထဲ ပြုတ်ကျသွားတဲ့ထဲမှာ ၁ ယောက်ကတော့ ဒဏ်ရာ ရခဲ့ပေမယ့် အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပါတယ်။ မင်္ဂလာယူရမယ့် အချိန်မျိုးမှာ အရမ်းကံဆိုးတဲ့ ဖြစ်ရပ်နဲ့ ကြုံသွားခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့ အကြီးအကဲ ဆာချင်ဒရာ ပက်တဲလ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ရဲတွေက အမှုကို ဆက်လက် စုံစမ်းနေပြီး သေဆုံးသူတွေကို ပြန်လည် စိစစ်နေဆဲလို့ ပြောပါတယ်။ အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီက ဒီဖြစ်ရပ်ကို ကြားသိပြီးတဲ့နောက် စိတ်နှလုံး ကြေကွဲ တုန်လှုပ်မိကြောင်း Twitterမှာ ရေးသားခဲ့ပါတယ်။ ပြီးတော့ ဒေသဆိုင်ရာ အာဏာပိုင်တွေ အနေနဲ့ ကျန်ရစ်သူ မိသားစုတွေကို အတတ်နိုင်ဆုံး ပံ့ပိုး ကူညီဖို့လည်း မိုဒီက တိုက်တွန်းထားပါသေးတယ်။

အိန္ဒိယ ဗဟိုအစိုးရနဲ့ ပြည်နယ် အစိုးရတွေကလည်း သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာရသူအတွက် နစ်နာကြေးတွေ သီးခြားစီ ပေးအပ်ဖို့ စီစဉ်ထားကြောင်းလည်း ဒေသခံ မီဒီယာတွေက ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို လေ့ကျင့်ပေးတဲ့ အလုပ်က ပိုမိုကျယ်ပြန့်လာနေပါတယ်။ နောင်တစ်ချိန်မှာ AIဟာ သူတို့ရဲ့ အလုပ်နေရာတွေကို အစားထိုး ယူသွားမလား ဆိုတာကို စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း AI လေ့ကျင့်ရေး ဝန်ထမ်းတွေကတော့ အဲဒီ နည်းပညာသစ်ကို နည်းလမ်းမျိုးစုံနဲ့ လေ့ကျင့်...

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံသားတွေပါတဲ့ ရေနံတင် သင်္ဘောကို အမေရိကန်က တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ အမေရိကန် သံအရာရှိကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။