Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖလော်ရီဒါမှာ ကမ်းခြေ အပန်းဖြေသူတွေနား ရဟတ်ယာဉ်ပျက်ကျ

ဟတ်ယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းကို အတိအကျ မသိသေးဘဲ ရဲတပ်ဖွဲ့က ဆက်လက် စုံစမ်းနေဆဲလို့ သိရပါတယ်။

အမေရိကန်က လူစည်ကားရာ ကမ်းခြေတစ်ခုမှာ လာရောက် အပန်းဖြေသူတွေနား ကပ်ပြီး ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက် နေ့လယ်ပိုင်းက ဖလော်ရီဒါပြည်နယ်၊ မီယာမီ ကမ်းခြေမှာ ရဟတ်ယာဉ် ပျက်ကျမှုတစ်ခု ဖြစ်ခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့က အတည်ပြုပါတယ်။ ရဟတ်ယာဉ်ဟာ ထိန်းချုပ်မှု ကင်းလွတ်သွားပြီး သောင်ပြင်နဲ့ မလှမ်းမကမ်း လူစည်ကားရာ ရေစပ်ကို ထိုးဆင်းလာတာပါ။

ရဟတ်ယာဉ် ပျက်ကျခဲ့တဲ့ ရေပြင်နဲ့ ကိုက်အနည်းငယ်လောက် အကွာမှာတင် ရေကစားနေသူတွေ ရှိနေတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ ရဟတ်ယာဉ်ပေါ် ပါလာသူ ၂ ဦးက ဒဏ်ရာတွေ ရခဲ့ပြီး ဒေသခံ ဆေးရုံတစ်ခုကို တင်ပို့ပေးခဲ့ရပါတယ်။ ကမ်းခြေမှာ ရှိနေသူတွေတော့ အထိအခိုက် မဖြစ်ခဲ့ပါဘူး။

ဒီဖြစ်စဉ်အပြီး အနီးတဝိုက်က ကမ်းခြေ ဧရိယာတွေကို နာရီပိုင်းလောက် ကြာအောင် ယာယီ ပိတ်ထားလိုက်ပါတယ်။ အခင်းဖြစ်တဲ့ နေရာကို ရဲတပ်ဖွဲ့၊ မီးသတ်ဌာနနဲ့ အရေးပေါ် လူနာတင်ယာဉ်တွေ ရောက်ရှိနေတာကို တွေ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရဟတ်ယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းကို အတိအကျ မသိသေးဘဲ ရဲတပ်ဖွဲ့က ဆက်လက် စုံစမ်းနေဆဲလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒိန်းမတ် ရဟတ်ယာဉ်ကို ရုရှားစစ်သင်္ဘောက မီးကျည်နဲ့ လှမ်းပစ်ခဲ့တဲ့ လုပ်ရပ်အပေါ် ဥရောပ သမဂ္ဂ (EU)က အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားစစ်တပ်ရဲ့ Mi-8 ရဟတ်ယာဉ် တစ်စီးဟာ အဝေးပြေး လမ်းပေါ်မှာ အရေးပေါ် ဆင်းသက်ရင်း လမ်းဘေးကို ထိုးဆင်းသွားတာကြောင့် ထိခိုက်ပျက်စီးခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် လေယာဉ်တင် သင်္ဘောကြီး လာရောက်ဆိုက်ကပ်မယ့် ခရီးစဉ် မတိုင်ခင် ထိုင်းနိုင်ငံ၊ ပတ္တရားမြို့မှာ အာဏာပိုင်တွေက လမ်းပေါ်က ပြည့်တန်ဆာ အမျိုးသမီးတွေကို လိုက်လံ ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

လဆန်းပိုင်းတုန်းက အမေရိကန် သမ္မတ စီးတော် ရဟတ်ယာဉ်ဖြစ်တဲ့ Marine Oneက ခရီးသည်တင် ဂျက်လေယာဉ် တစ်စီးနဲ့ နီးနီးကပ်ကပ် ပျံသန်းမိခဲ့တဲ့ ဖြစ်စဉ်ဟာ ဆက်သွယ်ရေးဆိုင်ရာ လစ်ဟာမှု တစ်ခုကြောင့်လို့ စုံစမ်းရေး အရာရှိတွေက ပြောပါတယ်။