Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်မှာ လူ ၁၃၀ ကျော် ပါတဲ့ ခရီးသည်တင် လေယာဉ် ပျက်ကျ

Boeing 737 အမျိုးအစား လေယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းကိုရော၊ အသေအပျောက် အရေအတွက်ကိုပါ မသိရသေးပါဘူး။ အာဏာပိုင်တွေက လေယာဉ်ပေါ်မှာ စုစုပေါင်း လူ ၁၃၃ ဦး စီးနင်းလိုက်ပါသွားကြောင်း ပြောပါတယ်။

တရုတ်နိုင်ငံမှာ လူပေါင်း ၁၃၀ ကျော် စီးနင်းလိုက်ပါသွားတဲ့ ခရီးသည်တင် လေယာဉ်တစ်စီး ပျက်ကျခဲ့ကြောင်း သိရပါတယ်။

မတ်လ ၂၁ ရက်က China Eastern လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်ဟာ ဂွမ်ရှီးဒေသက ဝူဇူးမြို့နားမှာ ပျက်ကျသွားခဲ့ကြောင်း အစိုးရပိုင် CCTV သတင်းဌာနက ကြေညာပါတယ်။ လေယာဉ် ပျက်ကျသွားတဲ့ တောင်စောင်း နေရာမှာ မီးအကြီးအကျယ် လောင်ကျွမ်းနေတာ တွေ့ရတယ်လို့လည်း မျက်မြင်တွေရဲ့ အဆိုကို ကိုးကားပြီး CCTVက ဖော်ပြခဲ့ပါတယ်။

Boeing 737 အမျိုးအစား လေယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းကိုရော၊ အသေအပျောက် အရေအတွက်ကိုပါ မသိရသေးပါဘူး။ အာဏာပိုင်တွေက လေယာဉ်ပေါ်မှာ စုစုပေါင်း လူ ၁၃၃ ဦး စီးနင်းလိုက်ပါသွားကြောင်း ပြောပါတယ်။

လောလောဆယ်မှာ ကယ်ဆယ်ရေး လုပ်ငန်းတွေ အပူတပြင်း ဆောင်ရွက်နေပြီး အသက်ရှင် ကျန်ရစ်သူတွေ ရှိမရှိ အတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။ ဒီလေယာဉ်ဟာ ကူမင်းကနေ ဂွမ်ဇူးကို ဦးတည် ပျံသန်းရင်း ပျက်ကျသွားတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ ဆယ်စုနှစ် တစ်ခုတာ ကာလကို ပြန်ကြည့်ရင် တရုတ် ခရီးသည်တင် လေကြောင်းလိုင်းတွေရဲ့ လုံခြုံမှု၊ ဘေးကင်းမှုဟာ ကမ္ဘာ့ အကောင်းဆုံး စာရင်းဝင် ဖြစ်ခဲ့ပါတယ်။ တရုတ်မှာ ခရီးသည်တင် ဂျက်လေယာဉ် မတော်တဆမှု နောက်ဆုံး ကြုံခဲ့တာဟာ ၂၀၁၀ ပြည့်နှစ်ကဖြစ်ပြီး Henan လေကြောင်းပိုင် လေယာဉ်ပေါ် လိုက်ပါသွားသူ ၉၆ ဦးထဲက ၄၄ ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ မြေပြိုမှုအတွင်း သေဆုံးသူက ၅၀ ကျော်လာပြီဖြစ်ပြီး ၁၀ ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်ရဲ့ ပခုံးထမ်း လေကြောင်းကာကွယ်ရေး ဒုံးကျည် စုစုပေါင်း ၄၀၀ လောက်ကို လာမယ့် သီတင်းပတ်တွေအတွင်း အီရန်က လက်ခံရရှိမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။