Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စရေးမှာ တစ်ပတ်ကျော်အတွင်း အကြမ်းဖက် တိုက်ခိုက်မှု ၃ ကြိမ်ကြုံတွေ့

လုံခြုံရေး ကင်မရာ မှတ်တမ်းတွေအရ အရောင်ရင့်ရင့် ဝတ်ဆင်ထားတဲ့ သေနတ်သမားဟာ ကားတစ်စီး ဖြတ်မောင်းသွားချိန် သူ့ရဲ့ အော်တိုမက်တစ် ရိုင်ဖယ် သေနတ်နဲ့ အနီးကပ် တေ့ပစ်နေတာ တွေ့ရပါတယ်။ အခင်းဖြစ်တဲ့ နေရာမှာ လူ ၁ ဦး ကားထဲမှာ သေဆုံးနေပြီး ကျန်တဲ့သူတွေရဲ့ အလောင်းတွေကိုတော့ လမ်းဘေးမှာ တွေ့ခဲ့ရပါတယ်။

တစ်ပတ်ကျော် ကာလအတွင်း အကြမ်းဖက် တိုက်ခိုက်မှု ၃ ကြိမ် ကြုံတွေ့ခဲ့ရတဲ့နောက် အစ္စရေးမှာ လုံခြုံရေး အစီအမံတွေ တပ်လှန့်ထားလိုက်ပါတယ်။

မတ်လ ၂၉ ရက်က တဲလ်အဗစ်ဗ်မြို့ ဆင်ခြေဖုံးက ဘီနီဘရက်ခ် ရပ်ကွက်မှာ သေနတ်သမား တစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် လူ ၅ ဦး သေဆုံးခဲ့ပါတယ်။ သေနတ်သမားကိုလည်း အစ္စရေး ရဲတပ်ဖွဲ့က သုတ်သင် ရှင်းလင်းခဲ့ပါတယ်။ ဒါဟာ အစ္စရေးမှာ ၈ ရက်အတွင်း တတိယ အကြိမ်မြောက် ကြုံတွေ့လာတဲ့ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပါတယ်။

ပထမ နှစ်ကြိမ်တုန်းကလည်း အစ္စရေး နိုင်ငံသား အာရပ်နွယ်ဖွားတွေရဲ့ လက်ချက်ကြောင့် လူ ၆ ဦး သေဆုံးခဲ့ပါတယ်။ အိုင်အက်စ် အကြမ်းဖက် အဖွဲ့က အဲဒီ တိုက်ခိုက်မှု နှစ်ခုစလုံးဟာ သူတို့ စီမံခဲ့တာလို့ ကြေညာပါတယ်။ အခုနောက်ဆုံး ဖြစ်ပွားတဲ့ ပစ်ခတ်မှုရဲ့ လက်သည်ကိုတော့ အတည် မပြုနိုင်သေးပါဘူး။

လုံခြုံရေး ကင်မရာ မှတ်တမ်းတွေအရ အရောင်ရင့်ရင့် ဝတ်ဆင်ထားတဲ့ သေနတ်သမားဟာ ကားတစ်စီး ဖြတ်မောင်းသွားချိန် သူ့ရဲ့ အော်တိုမက်တစ် ရိုင်ဖယ် သေနတ်နဲ့ အနီးကပ် တေ့ပစ်နေတာ တွေ့ရပါတယ်။ အခင်းဖြစ်တဲ့ နေရာမှာ လူ ၁ ဦး ကားထဲမှာ သေဆုံးနေပြီး ကျန်တဲ့သူတွေရဲ့ အလောင်းတွေကိုတော့ လမ်းဘေးမှာ တွေ့ခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

အစ္စရေး ဝန်ကြီးချုပ် နက်ဖ်တာလီ ဘန်းနက်က လက်ရှိ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို တုံ့ပြန်ဖို့အတွက် အစိုးရ အဖွဲ့ဝင်တွေနဲ့ လုံခြုံရေး အစည်းအဝေးတစ်ရပ် အရေးပေါ် ခေါ်ယူ ဆွေးနွေးခဲ့ပါတယ်။ အစ္စရေးဟာ လူသတ်ချင်တဲ့ အာရပ် အစွန်းရောက်တွေရဲ့ ရန်ပြုမှုတွေနဲ့ ဆက်တိုက် ကြုံနေရကြောင်း၊ အစ္စရေး လုံခြုံရေး တပ်ဖွဲ့တွေက လိုအပ်တဲ့ စစ်ဆင်ရေးတွေ စတင် ဆောင်ရွက်နေပြီး အကြမ်းဖက်သမားတွေကို အညှာအတာမရှိ၊ ခြွင်းချက်မရှိ ပြင်းပြင်းထန်ထန် ချေမှုန်းဖို့လိုကြောင်း ဘန်းနက်က ဆိုပါတယ်။

အစ္စရေး မီဒီယာတွေက အခု ပစ်ခတ်မှုကို ကျူးလွန်သူဟာ အနောက်ဖက် ကမ်းခြေဒေသ၊ ပါလက်စတိုင်း ရွာငယ်တစ်ခုမှာ နေထိုင်တဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသား တစ်ဦးလို့ ဖော်ပြကြပါတယ်။ ပါလက်စတိုင်း သမ္မတ မာမွတ်ဒ် အဘက်စ်က အစ္စရေး ပြည်သူတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ အခုလုပ်ရပ်ကို ရှုတ်ချကြောင်း ထုတ်ပြန်ပါတယ်။

ဒါပေမဲ့ ဂါဇာ ကမ်းမြှောင် ဒေသမှာ အခြေစိုက်တဲ့ ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမားစ်ကတော့ တဲလ်အဗစ်ဗ်မှာ ဆင်နွှဲနေတဲ့ သူတို့ရဲ့ စစ်ဆင်ရေးတွေ ကောင်းချီးပေး ခံရပါစေလို့ ကြေညာပါတယ်။ ဒီပစ်ခတ်မှုဟာ ဟားမားစ်တွေရဲ့ လက်ချက် ဟုတ်မဟုတ် ဆိုတာကိုတော့ အစ္စရေးက အတည်မပြုသေးပါဘူး။

အစ္စရေးမှာ အရင်ကတည်းက ဓား၊ သေနတ်တွေ အသုံးပြုပြီး အကြမ်းဖက် တိုက်ခိုက်တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ဖူးပေမယ့် အခုလို ရက်တိုတို ကာလအတွင်း ဆက်တိုက် ကြုံရတာမျိုးကတော့ ရှားပါးတဲ့ အခြေအနေလို့ ဆိုနိုင်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အဖွဲ့ရဲ့ လက်နက်ဖျက်သိမ်းရေး သဘောတူညီမှုကို လက်တွေ့ အကောင်အထည် မဖော်ခင် အစ္စရေးဖက်က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကြိုတင်ထားရှိတဲ့ ကတိတွေကို တည်ပြဖို့ လိုလိမ့်မယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က သတိပေး ပြောကြားလိုက်ပါတယ်။

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးကို နည်းနည်းလေး ရန်စရင်တောင် အီရန်ကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောကြားခဲ့ပါတယ်။