Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဧဝရတ်တောင်ထိပ်ကို အကြိမ်အများဆုံး တက်ရောက်တဲ့ စံချိန်သစ် ထပ်တင်လိုက်တဲ့ နီပေါနိုင်ငံသား

အသက် ၅၂ နှစ် ရှိပြီဖြစ်တဲ့ ကာမီရီတာရဲ့ ဇနီးသည် ဂျန်မူးကတော့ သူ့ခင်ပွန်းရဲ့ အောင်မြင်မှုအတွက် အရမ်း ဂုဏ်ယူ ပျော်ရွှင်မိကြောင်း ပြောကြားသွားပါတယ်။

နီပေါနိုင်ငံသား တစ်ဦးဟာ ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ထိပ်ကို ၂၆ ကြိမ်မြောက် တက်ရောက်ပြီး စံချိန်သစ် ထပ်တင်ခဲ့ပြန်ပါတယ်။

တောင်တက် လမ်းပြ တစ်ဦးဖြစ်တဲ့ ကာမီ ရီတာ ရှာပါဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ပေပေါင်း ၂၉၀၀၀ ကျော် မြင့်မားတဲ့ တောင်ကြီးရဲ့ ထိပ်ဆုံးကို သူ့ဘဝတလျှောက် ၂၆ ကြိမ်မြောက် ရောက်ရှိခဲ့ပါတယ်။ သူဟာ တောင်ရဲ့ အရှေ့တောင်ဖက်ခြမ်း လမ်းကြောင်းကနေ တခြားတောင်တက်သမား ၁၀ ဦးကို ဦးဆောင် လမ်းပြပြီး တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

အရင်က ဧဝရတ်တောင်ထိပ်ကို ၂၅ ကြိမ် တက်ရောက်ပြီး အရေအတွက် အများဆုံး စံချိန် တင်ထားတာလည်း ကာမီ ရီတာ ကိုယ်တိုင်ပဲဖြစ်ပြီး အခုတစ်ဖန် သူ့စံချိန် သူပြန်ချိုးခဲ့တာပါ။ ကာမီရီတာရဲ့ စံချိန်အသစ်ဟာ နောက်လူတွေ လိုက်မီဖို့ ခက်သထက် ခက်လာပြီလို့ နီပေါရဲ့မြို့တော် ခတ္တမန္ဒူမှာ အခြေစိုက်တဲ့ ကမ္ဘာလှည့် ခရီးသွားဌာန အကြီးအကဲ တာရာနက်သ် အက်ဒ်ဟီခါရီက ချီးကျူးခဲ့ပါတယ်။

အသက် ၅၂ နှစ် ရှိပြီဖြစ်တဲ့ ကာမီရီတာရဲ့ ဇနီးသည် ဂျန်မူးကတော့ သူ့ခင်ပွန်းရဲ့ အောင်မြင်မှုအတွက် အရမ်း ဂုဏ်ယူ ပျော်ရွှင်မိကြောင်း ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

နီပေါ အာဏာပိုင်တွေဟာ အခုနှစ် တောင်တက် ရာသီမှာ ဧဝရတ်တောင်ကို တက်ရောက်ဖို့ ခရီးစဉ်ပေါင်း ၃၁၆ ခုအတွက် ပါမစ် ခွင့်ပြုပေးထားပါတယ်။ မနှစ်ကတော့ ဧဝရတ်တောင် တက်ရောက်မှု ပါမစ် အများဆုံးအဖြစ် ခရီးစဉ် ၄၀၈ ခုစာ ခွင့်ပြုခဲ့ဖူးပါတယ်။

၁၉၅၃ ခုနှစ်ကစလို့ နီပေါနဲ့ တိဘက် လမ်းကြောင်းတွေကနေ ဧဝရတ်တောင်ကို တက်ရောက်တဲ့ ခရီးစဉ်ပေါင်း ၁၀၆၅၇ ကြိမ်ထိ ရှိခဲ့ဖူးပြီး မတော်တဆမှုတွေကြောင့် သေဆုံးသူ ဦးရေ ၃၁၁ ဦးထိ များပြားခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မိုးကြိုးမုန်တိုင်းတွေကြောင့်အိန္ဒိယနိုင်ငံအရှေ့ပိုင်း ပြည်နယ်တစ်ခုနဲ့ အိမ်နီးချင်း နီပေါနိုင်ငံထဲမှာတစ်ပတ်အတွင်းလူ ၇၀ နီးပါး သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ရတဲ့ ရေဘေးအပြီး နီပေါနိုင်ငံ၊ ခတ္တမန္ဒူ မြို့တော်မှာ ထိခိုက်ပျက်စီးမှု အခြေအနေတွေကို စတင် စာရင်းကောက်ယူ ဆန်းစစ်နေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

နီပေါနိုင်ငံအနှံ့ ရေကြီးမှု၊ မြေပြိုမှုတွေကြောင့် လူ ၁၅၀ နီးပါးလောက်ထိ အသေအပျောက် ရှိခဲ့ပြီး ရာနဲ့ချီ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတကာ

အိန္ဒိယကနေ ရောက်ရှိလာတဲ့ ဘတ်စ်ကား တစ်စီးဟာ နီပေါနိုင်ငံမှာ လျှိုထဲထိုးဆင်းပြီး မြစ်ထဲကျသွားရာက လူ ၃၀ နီးပါး သေဆုံးခဲ့ပါတယ်။