Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကျန်းမာရေးကြောင့် ပုပ်ရဟန်းမင်းကြီး ရာထူးစွန့်နိုင်ကြောင်း သတင်းတွေ ပိုမိုကျယ်လောင်လာ

ပုပ်ရဟန်းမင်းကြီးရဲ့ ဒူးဟာ ခွဲစိတ်မှု လိုအပ်နေပေမယ့် ကိုယ်တိုင်ကတော့ ငြင်းဆန်ထားတယ်လို့ ဆိုပါတယ်။ မေလတုန်းက ပုပ်ဖရန်ဆစ်ဟာ သူ့အနေနဲ့ ဒူးခွဲစိတ်မယ့်အစား ရာထူးကပဲ နုတ်ထွက်ပေးလိုက်မယ်လို့ နီးစပ်သူတွေကို မိန့်ကြားခဲ့ကြောင်း သတင်းတချို့ ထွက်ပေါ်ခဲ့ဖူးပါတယ်။

ပုပ်ရဟန်းမင်းကြီး
ပုပ်ရဟန်းမင်းကြီး

ကျန်းမာရေး ဆုတ်ယုတ်လာတာကြောင့် ပုပ်ရဟန်းမင်းကြီး အနေနဲ့ ရာထူးက နုတ်ထွက်ဖွယ် ရှိနေကြောင်း ကောလာဟလတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်ဟာ ဘီးတပ် ကုလားထိုင်နဲ့သာ သွားလာခဲ့ရသလို အခမ်းအနား တချို့ကိုလည်း မတက်ရောက်နိုင်ခဲ့ပါဘူး။ ကက်သလစ် ကျောင်းတော် အနေနဲ့ ပုပ်ရဟန်းမင်းကြီးက အနားယူသွားပြီး ဆက်ခံသူတစ်ယောက် အစားထိုးသွားဖို့ ဖြစ်နိုင်ခြေတွေကို စတင် စဉ်းစားနေကြောင်း ထင်ကြေးတွေ ထွက်ပေါ်နေပါတယ်။

အာဂျင်တီးနား နိုင်ငံသား ရဟန်းတော် ဖရန်ဆစ်ဟာ ၂၀၁၃ ခုနှစ်၊ မတ်လမှာ ရိုမန်ကက်သလစ် ဘာသာရေးရဲ့ အထွဋ်အခေါင် အကြီးအကဲ ရာထူးအတွက် ရွေးချယ် တင်မြှောက် ခံခဲ့ရပါတယ်။ အသက် ၈၅ နှစ် အရွယ်မှာ ရာထူးကို စွန့်ခွာသွားတဲ့ ပုပ်ဘန်နဒစ်ရဲ့ အရိုက်အရာကို ပုပ်ဖရန်ဆစ်က ဆက်ခံခဲ့တာပါ။ ပုပ်ဘန်နဒစ်ဟာ ၁၄၁၅ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ရာထူးစွန့်ဖို့ ဆုံးဖြတ်တဲ့ ပုပ်ရဟန်းမင်းအဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။

အခုတော့ အသက် ၈၅ နှစ်အရွယ် ပုပ်ဖရန်ဆစ်ကလည်း အဲဒီလမ်းစဉ်ကို လိုက်လာနိုင်တယ်ဆိုတဲ့ ထင်ကြေးတချို့ ဗာတီကန် နန်းတော် တဝိုက်မှာ ပျံ့နှံ့လာပါတယ်။ ဒါပေမဲ့ ကာဒီနယ် ရဟန်းအမတ် တစ်ပါးဖြစ်တဲ့ အော်စကာ အန်းဒရက်စ် ရိုဒရီဂွတ်ဇ် မာရာဒီရာဂါကတော့ ပုပ်ရဟန်းမင်းကြီး ရာထူးစွန့်မယ် ဆိုတာဟာ ပေါက်ပန်းလေးဆယ် ပြောဆိုမှု သက်သက်တွေသာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

တကယ်တော့ ပုပ်ရဟန်းမင်းကြီးရဲ့ ကျန်းမာရေး အခြေအနေ ကျဆင်းလာခြင်းနဲ့အတူ ရာထူးနေရာ အပြောင်းအလဲ ဖြစ်တော့မလားဆိုတဲ့ ထင်ကြေးတွေဟာ ကာလ အတန်ကြာ တည်ရှိနေခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ မနှစ်က ဇူလိုင်လမှာ အူအစိတ်အပိုင်းတချို့ ခွဲစိတ် ဖြတ်တောက်မှု ခံယူခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း ကျန်းမာရေး တောက်လျှောက် အကျဖက် ဦးတည်ခဲ့ပြီး မေလကစလို့ သွားလာတဲ့အခါ လက်ကိုင်တောင်ဝှေး၊ ဘီးတပ် ကုလားထိုင် အကူအညီတွေ ယူထားရတာ တွေ့လာရပါတယ်။

ပုပ်ရဟန်းမင်းကြီးရဲ့ ဒူးဟာ ခွဲစိတ်မှု လိုအပ်နေပေမယ့် ကိုယ်တိုင်ကတော့ ငြင်းဆန်ထားတယ်လို့ ဆိုပါတယ်။ မေလတုန်းက ပုပ်ဖရန်ဆစ်ဟာ သူ့အနေနဲ့ ဒူးခွဲစိတ်မယ့်အစား ရာထူးကပဲ နုတ်ထွက်ပေးလိုက်မယ်လို့ နီးစပ်သူတွေကို မိန့်ကြားခဲ့ကြောင်း သတင်းတချို့ ထွက်ပေါ်ခဲ့ဖူးပါတယ်။

ပုပ်ရဟန်းမင်းကြီးဟောင်း ဘန်နဒစ်ကတော့ ရာထူး စွန့်လိုက်ပြီ ဖြစ်ပေမယ့် ဗာတီကန် နန်းတော်မှာပဲ ဆက်လက် နေထိုင်နေဆဲပါ။ အခုအခါ သက်တော် ၉၅ နှစ် ရှိပြီဖြစ်တဲ့အတွက် သူဟာ ပုပ်ရဟန်းမင်းကြီး ဖြစ်ဖူးသူတွေထဲမှာ အသက်အရှည်ဆုံး ပုဂ္ဂိုလ်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စင်ကာပူ နိုင်ငံရဲ့ ပျမ်းမျှ လူ့သက်တမ်း ပိုရှည်လာကြောင်း အစိုးရက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဆောင်းပါး

"ခန္ဓာကိုယ်ခုခံအားဆဲလ်များဖြင့် ကင်ဆာကို တိုက်ဖျက်မည့် ကမ္ဘာ့ပထမဆုံး တွေ့ရှိချက်"

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံတောင်ပိုင်းမှာ အခုနှစ် နွေရာသီအတွင်း အပူလျှပ်လို့ သေဆုံးသူ ၁၆ ဦးထက်မနည်း ရှိခဲ့ကြောင်း ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

အတွေးအမြင်

တဖြည်းဖြည်းနဲ့ပိုပြီးမငြိမ်းချမ်းလာတဲ့ကမ္ဘာကြီးကိုသရုပ်ဖေါ်ပြတဲ့ဝေါဟာရတစ်ခုပေါ်ထွက်လာခဲ့ ပါတယ်။ဒီဘန်းစကားဟာ၂၀၂၅ ခုနှစ်မှာစတင်ပေါ်ပေါက်လာတာဖြစ်ပြီးလန်ဒန်အခြေစိုက်BMJ Global Health Journal မှာစတင်သုံးစွဲခဲ့တာပါ။