Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စားသောက်ဆိုင်နဲ့ ဟိုတယ်တွေမှာ Service Charge မကောက်ဖို့ အိန္ဒိယ အစိုးရ တားမြစ်

ဒါ့အပြင် စားသောက်ဆိုင် ဝန်ထမ်းတွေဟာ ဖောက်သည်တွေဆီက သီးသန့် မုန့်ဖိုး (Tip) တောင်းခံပိုင်ခွင့် မရှိတော့ကြောင်း စည်းမျဉ်းသစ်တွေမှာ ပြဋ္ဌာန်းထားပြီး Tipမပေးတဲ့ စားသုံးသူကို ပုံမှန် ဝန်ဆောင်မှု မပေးလို့လည်း မရပါဘူး။

စားသောက်ဆိုင်နဲ့ ဟိုတယ်တွေမှာ Service Charge မကောက်ဖို့ အိန္ဒိယ အစိုးရ တားမြစ်
စားသောက်ဆိုင်နဲ့ ဟိုတယ်တွေမှာ Service Charge မကောက်ဖို့ အိန္ဒိယ အစိုးရ တားမြစ်

အိန္ဒိယ နိုင်ငံမှာ ဟိုတယ်နဲ့ စားသောက်ဆိုင်တွေက ဖောက်သည်တွေဆီက ဝန်ဆောင်ခ (Service Charge) သီးခြား ကောက်ယူနေမှုကို အစိုးရက တားမြစ်လိုက်ကြောင်း သိရပါတယ်။

စားသုံးသူတွေဖက်က Service Charge ကိစ္စအပေါ် ကန့်ကွက် အရေးဆိုမှုတွေ မြင့်တက်လာတဲ့နောက် အာဏာပိုင်တွေက ဟိုတယ်နဲ့ စားသောက်ဆိုင်တွေအားလုံး ဒီအတွက် သီးခြား ငွေကြေး ကောက်ယူမှု မရှိစေရဘူးလို့ ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။

အိန္ဒိယက စားသောက်ဆိုင် တော်တော်များများဟာ ရောင်းချတဲ့ ငွေပမာဏရဲ့ ၅ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းထိကို Service Chargeဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ထပ်မံ ကောက်ခံလေ့ ရှိပါတယ်။ စည်းမျဉ်းသစ်တွေ အရတော့ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေဟာ ဘယ်လို အကြောင်းပြချက်နဲ့မှ Service Charge တောင်းခံခွင့် ရှိတော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် စားသောက်ဆိုင် ဝန်ထမ်းတွေဟာ ဖောက်သည်တွေဆီက သီးသန့် မုန့်ဖိုး (Tip) တောင်းခံပိုင်ခွင့် မရှိတော့ကြောင်း စည်းမျဉ်းသစ်တွေမှာ ပြဋ္ဌာန်းထားပြီး Tipမပေးတဲ့ စားသုံးသူကို ပုံမှန် ဝန်ဆောင်မှု မပေးလို့လည်း မရပါဘူး။

Public Service Announcement

Public Service Announcement

၂၀၁၇ တုန်းက အစိုးရရဲ့ စားသုံးသူရေးရာ စီမံမှုဌာနက စားသောက်ဆိုင်တွေရဲ့ အစားအသောက် Menuမှာ ဖော်ပြထားတဲ့ စျေးနှုန်း အတိုင်းသာ ငွေကြေး ပေးချေရမယ်လို့ ညွှန်ကြားချက် ထုတ်ပြန်ခဲ့ဖူးပါတယ်။ နောက်ပြီး စားသောက်ဆိုင်တွေ အနေနဲ့ ဝန်ထမ်းလစာကို သင့်တော် မျှတတဲ့ထိ သတ်မှတ်ပေးဖို့၊ လိုအပ်ရင် အစားအသောက် စျေးနှုန်းတွေကို အတိုင်းအတာ တစ်ခုထိ မြှင့်တင်ပြီး ငွေကြေး အဝင်အထွက်ကို ပြန်ချိန်ညှိဖို့လည်း ဌာနက တိုက်တွန်းထားပါတယ်။

ဒါပေမဲ့ စားသောက်ဆိုင်တွေကတော့ Menuမှာ ပါတဲ့ အစားအသောက် စျေးတွေအပြင် Service Chare ခေါင်းစဉ်နဲ့ အပိုဆောင်း ငွေကြေးတွေ ဆက်လက် ကောက်ခံနေဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လမှာ အိန္ဒိယ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်းနဲ့ အိန္ဒိယ အစိုးရ ကိုယ်စားလှယ်တွေကြား အခုကိစ္စနဲ့ ပတ်သက်ပြီး အစည်းအဝေး လုပ်ခဲ့ပါသေးတယ်။

စားသောက်ဆိုင် လုပ်ငန်းရှင်တွေကတော့ Service Charge သတ်မှတ်တာဟာ ဆိုင်တစ်ဆိုင်ချင်းနဲ့ သက်ဆိုင်တဲ့ မူဝါဒသာဖြစ်ပြီး တရားမဝင်တဲ့ ကိစ္စ မဟုတ်ဘူးလို့ ကာကွယ် ပြောဆိုခဲ့ပါတယ်။ အခုအခါမှာတော့ စည်းမျဉ်းသစ်အရ Service Charge အပိုကောက်တဲ့ ဆိုင်တွေဟာ ဒဏ်တပ် အရိုက်ခံရမှာဖြစ်ပြီး စားသုံးသူတွေဖက်ကလည်း အာဏာပိုင်တွေဆီ အွန်လိုင်းကနေ တိုက်ရိုက် ချိတ်ဆက် တိုင်ကြားနိုင်မယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို လေ့ကျင့်ပေးတဲ့ အလုပ်က ပိုမိုကျယ်ပြန့်လာနေပါတယ်။ နောင်တစ်ချိန်မှာ AIဟာ သူတို့ရဲ့ အလုပ်နေရာတွေကို အစားထိုး ယူသွားမလား ဆိုတာကို စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း AI လေ့ကျင့်ရေး ဝန်ထမ်းတွေကတော့ အဲဒီ နည်းပညာသစ်ကို နည်းလမ်းမျိုးစုံနဲ့ လေ့ကျင့်...

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံသားတွေပါတဲ့ ရေနံတင် သင်္ဘောကို အမေရိကန်က တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ အမေရိကန် သံအရာရှိကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။