Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပစ်ခတ် လုပ်ကြံခံရတဲ့ ဂျပန်ဝန်ကြီးချုပ်ဟောင်း အာဘေး ကွယ်လွန်

အာဘေးဟာ ဂျပန်နိုင်ငံ သမိုင်းမှာတော့ သက်တမ်း အရှည်ဆုံး ဝန်ကြီးချုပ်အဖြစ် မှတ်တမ်း တင်ခဲ့ပါတယ်။ သူဟာ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလမှာတော့ ကျန်းမာရေး ကိစ္စကို အကြောင်းပြပြီး ရာထူးက အနားယူသွားခဲ့တာ ဖြစ်ပါတယ်။

ပစ်ခတ် လုပ်ကြံခံရတဲ့ ဂျပန် ဝန်ကြီးချုပ်ဟောင်း အာဘေး ကွယ်လွန်
ပစ်ခတ် လုပ်ကြံခံရတဲ့ ဂျပန် ဝန်ကြီးချုပ်ဟောင်း အာဘေး ကွယ်လွန်

သေနတ်နဲ့ ပစ်ခတ် လုပ်ကြံခံခဲ့ရတဲ့ ဂျပန် ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးဟာ ဆေးရုံမှာ ကွယ်လွန်သွားခဲ့ပြီလို့ သိရပါတယ်။

ဇူလိုင် ၈ ရက် မနက်ပိုင်းက နာရာမြို့မှာ မဟာမိတ် နိုင်ငံရေးသမား တစ်ယောက်အတွက် အာဘေးက မဲဆွယ် မိန့်ခွန်း ပြောနေချိန်မှာ သေနတ်သမား တစ်ယောက်က ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ အာဘေးဟာ လည်ကုပ်တဝိုက်မှာ ကျည်ထိမှန် လဲကျသွားခဲ့ပြီး ရဲတွေက သေနတ်သမားကို ဖမ်းဆီးခဲ့ပါတယ်။

အစောပိုင်းမှာ ကတည်းက အာဘေးရဲ့ အခြေအနေက မကောင်းတော့ဘူးလို့ သတင်းတွေ ထွက်ခဲ့ပြီး အခုတော့ ဂျပန်ရဲ့ နာမည်ကြီး NHK သတင်းဌာနက ဝန်ကြီးချုပ်ဟောင်း ကွယ်လွန်သွားပြီလို့ ဖော်ပြခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အာဘေးရဲ့ အသက်က ၆၇ နှစ် ရှိခဲ့ပါပြီ။

ဂျပန်ဟာ သေနတ် ကိုင်ဆောင်ခွင့် စည်းမျဉ်းတွေကို တင်းကျပ်ထားပြီး လက်နက်ကိုင် ပစ်ခတ်မှုတွေနဲ့ ပတ်သက်ရင် ကမ္ဘာပေါ်မှာ အလုံခြုံဆုံး နိုင်ငံတစ်ခုလို့ သတ်မှတ် ခံထားရပါတယ်။ ဒါကြောင့်လည်း လူမြင်ကွင်းမှာ ဝန်ကြီးချုပ်ဟောင်းကို ပစ်ခတ် လုပ်ကြံလိုက်တယ်ဆိုတဲ့ ကိစ္စက တစ်နိုင်ငံလုံးကို အကြီးအကျယ် တုန်လှုပ်သွားစေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရဲတွေက အသက် ၄၁ နှစ်အရွယ် တက်ဆူယာ ယာမာဂါမီဆိုတဲ့ အမျိုးသားကို ဖမ်းဆီးထားပြီး လူသတ်မှုနဲ့ စွဲချက်တင်ဖို့ စီစဉ်နေပါတယ်။ သူဟာ ၂၀၀၂ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်အတွင်း ဂျပန် မရိန်းတပ်ဖွဲ့ဝင်အဖြစ် အမှုထမ်းခဲ့ဖူးကြောင်း သိရပါတယ်။ သူဟာ လက်လုပ် သေနတ် တစ်လက်ကို အသုံးပြုပြီး အာဘေးကို ပစ်ခတ်ခဲ့တာပါ။ အဲဒီနောက် ထွက်မပြေးဘဲ အဖမ်းခံခဲ့ပါတယ်။

ယာမာဂါမီက ဘယ်လို အကြောင်းပြချက်ကြောင့် အာဘေးကို လုပ်ကြံခဲ့သလဲ ဆိုတာကိုတော့ စုံစမ်း စစ်ဆေးနေဆဲပါ။ အာဘေး ကွယ်လွန်ကြောင်း သတင်းကို NHKက မဖော်ပြခင်မှာ ကမ္ဘာ့နိုင်ငံ အသီးသီးက အစိုးရ အဖွဲ့တွေဟာ အာဘေးအတွက် ဆုမွန်ကောင်း တောင်းပေးကြောင်း အသီးသီး ထုတ်ပြန်ခဲ့ကြပါသေးတယ်။

အာဘေးဟာ ဂျပန်နိုင်ငံ သမိုင်းမှာတော့ သက်တမ်း အရှည်ဆုံး ဝန်ကြီးချုပ်အဖြစ် မှတ်တမ်း တင်ခဲ့ပါတယ်။ သူဟာ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလမှာတော့ ကျန်းမာရေး ကိစ္စကို အကြောင်းပြပြီး ရာထူးက အနားယူသွားခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်နဲ့ မော်လိုက်မြို့နယ်ကို စစ်တပ်က လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို လုပ်ကြံဖို့ အီရန်ရဲ့ အကြံအစည် တစ်ခုကို အစ္စရေး ထောက်လှမ်းရေးက အမေရိကန်ဆီ မျှဝေ အသိပေးထားကြောင်း သိရပါတယ်။

Facebook